၈၈ မျိုးဆက်များနှင့် ဇလွန် ပြည်သူများ တွေ့ဆုံ (ရုပ်/သံ)

၈၈ မျိုးဆက်များနှင့် ဇလွန် ပြည်သူများ တွေ့ဆုံ

‘၂၀၁၂ ဟာ မာယာ ပြက္ခဒိန် အရတော့ ကမ္ဘာ ပျက်မယ့်နှစ် ဖြစ်တယ်လို့ ဆိုပါတယ်၊ ကမ္ဘာ ပျက်မယ့်နှစ်မှာ ကျနော်တို့ ပြည်သူတွေ
တကယ် ညီညွတ်ရင် ကျနော်တို့ နိုင်ငံသစ် တည်နိုင်ပါတယ်၊ အားလုံး ယုံကြည်ရဲ့လား၊ ကမ္ဘာ ပျက်မယ့်နှစ်မှာ နိုင်ငံသစ် တည်နိုင်အောင်
ကျနော်တို့ ပြည်သူတွေနဲ့ ကျနော်တို့ လက်တွဲပြီးတော့ တကမ္ဘာလုံးက လေးစားရတဲ့ နိုင်ငံသစ်ဖြစ်အောင် စပြီးတော့ တည်ဆောက်ကြ
ပါစို့’လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဇလွန်မြို့သူမြို့သားတွေကို ပြောဆို လိုက်ပါတယ်။ ဇလွန်မြို့နယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံတဲ့ ဒီအခမ်းအနားမှာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ
တွေကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အသီးသီး မိတ်ဆက်စကား ပြောခဲ့ကြပါတယ်။အဲ့ဒီနောက် ကိုမင်းကိုနိုင် ဦဆောင်တဲ့
အဖွဲ့က ဓနုဖြူမြို့ကို ဆက်လက် ထွက်ခွာ သွားခဲ့ ကြပါတယ်။

ဘားမားဗီဂျေ
၈၈ မျိုးဆက်များနှင့် ဇလွန် ပြည်သူများ တွေ့ဆုံ (ရုပ်/သံ) ၈၈ မျိုးဆက်များနှင့် ဇလွန် ပြည်သူများ တွေ့ဆုံ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:09 Rating: 5

No comments:

Powered by Blogger.