ဒေါ်အောင်ဆန်းစုကြည် ဗန်းမော် ရောက်ပြီ

မြစ်ကြီးနား မနောကွင်းမှပြန်လည်ထွက်ခွါပုံ(ဓါတ်ပုံ- Blue Rosey)
ယနေ့နံနက် ၁၁နာရီ ၄၅ မိနစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ဗန်းမော်မြို့သို့ရောက်ရှိလာပြီဖြစ်ကာ လေဆိပ်မှမိန့်ခွန်းပြောမည့် ဗန်းမော်မြို့မနောကွင်းသို့ ထွက်ခွာလျက်ရှိသည်။ လေဆိပ်အထွက်မှ ဟောပြောမည့်နေရာသို့သွားရာလမ်းတစ်လျောက်လုံးတွင် ကြိုဆိုသူများအလွန်များပြားနေပြီး လမ်းတလျောက်လူအပြည့်ဖြစ်နေသည်ဟု 7 Day သတင်းထောက်က သတင်းပေးပို့သည်။
 
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားတွင် အချိန်အရှည်ကြာဆုံး မိန့်ခွန်းတစ်ရပ်ပြော
မြစ်ကြီးနား၊ ဖေဖော်ဝါရီ- ၂၄
ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့နံနက် ၉း၀၀ နာရီမှ ၁၀း၀၀ နာရီထိ တစ်နာရီကြာ မိန့်ခွန်းတစ်ရပ်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မနောပွဲကျင်းပရာ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမရှေ့တွင် ပြောကြားခဲ့သည်။ 
ယခုစင်းလုံးငှားလေယာဉ်ဖြင့် ဗန်းမော်မြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။
ကချင်ရိုးရာဝတ်စုံ ၀တ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်က လူထုပရိသတ်အား ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အဓိကပြောကြားခဲ့ခြင်းဖြစ်ပြီး ပြောသမျှ မိန့်ခွန်းများတွင် အချိန်အရှည်ကြာဆုံးမိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဗန်းမော် ရောက်ပြီ ဒေါ်အောင်ဆန်းစုကြည် ဗန်းမော် ရောက်ပြီ Reviewed by သစ်ထူးလွင် on 12:19 Rating: 5

1 comment:

Unknown said...

want to hear that speech asap

Powered by Blogger.