ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား


ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက် ဦးအောင်ကျော်ဖြူလမ်း အိမ်အမှတ် (-) တွင် ၁၇-၂-၂ဝ၁၂ ရက် ည ၈ နာရီခန့်က နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက်ကာ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ဝင်ရောက်ရိုက်နှက်မှု ဖြစ်သည့် အိမ်၌အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား လူငယ်ခြောက်ဦး ရှိနေရာ ရိုက်နှက်မှုကြောင့် နှစ်ဦး(ပုံ)မှာ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။''ထိတာက သုံးယောက်ထိတာ အိမ်ရှင်ရဲ့သား အသက် ၂၄ နှစ်လောက်ရှိတဲ့ ဖြိုးသက်စံကတော့ ပထမ အရိုက်ခံလိုက်ရပြီးတာနဲ့ လန့်ပြီးလဲကျပြီးတော့ တက်နေတယ်။ သူရဲ့ညီအငယ်ဆုံး ဆယ်တန်းကျောင်းသား ဖြိုးငြိမ်းစံ (၁၆ နှစ်)ကတော့ အခုဆေးရုံမှာ၊ နောက်တစ်ယောက်က ဖြိုးသက်စံတို့ သူငယ်ချင်း အောင်သူစိုးလည်း ဆေးရုံမှာ အခုဆေးရုံမှာ အတွင်းလူနာ နှစ်ယောက်ပေါ့''ဟုဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ တစ်ဦးကဆိုသည်။ အခင်းမဖြစ်မီ တစ်ရက်က အဆိုပါ အိမ်မှ အသက် ၁၉ နှစ်ခန့်အရွယ် ဖြိုးဇင်အောင်ဆိုသည့် လူငယ်နှင့် သူငယ်ချင်းများ အပြင်တွင် စကားများ ရန်ဖြစ်ခဲ့ကြသေးသည်ဟု ဖြိုးဇင်အောင်က ပြည်မြန်မာဂျာနယ်ကို ပြောသည်။
''ကျွန်တော်တို့ အချင်းချင်းတစ်ယောက်ကို တစ်ယောက်စကြ နောက်ကြရင်းလက်သီးနဲ့ အပြန်အလှန် ထိုးခဲ့ကြတယ်။ အခုအခင်းဖြစ်တဲ့နေ့မှာ ကျွန်တော်အိမ်မှာမရှိဘူး။ အလုပ်ကပြန်လာမှသိတာ'' ဟု၎င်းကပြောသည်။ ၎င်းနေအိမ်ကို အစုလိုက် ဝင်ရိုက်သည့်အတွက် နောက်ဖေးမီးဖိုခန်း တစ်ခုလုံး ပစ္စည်းများဖရိုဖရဲ ပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။ လာတာတော့ ကောင်လေးတွေ ၁ဝယောက်ကျော် လောက်ရှိတယ်။ အစက ဂိမ်းလာကစားတယ် ထင်လို့ မေးကြည့်တာ၊ လူလာရှာတာတဲ့၊ ဒါကြောင့် အခြေအနေကို ကြည့်လိုက်တော့ ပုံမဟန်တာနဲ့ ကလေးတွေပြန်ကြလို့ ပြောလိုက်သေးတယ်။ ခဏကြာတော့ အဲလိုပဲ ရိုက်ကြနှက်ကြဖြစ်တယ်'' ဟု အခင်းဖြစ်ပွားရာ နေအိမ်အနီးမှ မျက်မြင်တစ်ဦးက ဆိုသည်။ ဝင်ရောက်ရိုက်နှက်သည့် လူငယ်များသည် စတီးနာရီကို လက်တွင်ဆုပ်၍ ထိုးကြိတ်ခြင်းဖြစ်ကာ တုတ်၊ ခုံဖိနပ်များကိုပါ ကိုင်ဆောင်လာသည် ဟုလည်းမျက်မြင်သက်သေ များကပြောသည်။''အဲဒီအိမ်မှာ TV ကြည့်နေတဲ့ လူကကြည့်၊ ဂီတာတီးနေတဲ့သူက တီးနဲ့နေကြတာပေါ့။ သူတို့ အဖေကမရှိတော့ဘူး။ အမေကလည်း အိမ်မှာမရှိဘူး။ အင်းစိန်မှာ။ မီးဖိုချောင်ထိ ဝင်ရိုက်ကြတာ''ဟုအရိုက်ခံရ၍ ဆေးရုံရောက်နေသည့် ဖြိုးငြိမ်းစံ၏ အဒေါ်ဖြစ်သူက ရှင်းပြသည်။ အဆိုပါအမှုကို ဗဟန်းမြို့နယ်ရဲ စခန်းတွင်(ပ) ၈၁/ ၂ဝ၁၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၄၊ ၄၅၂၊ ၁၁၄ တို့ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်
ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 06:29 Rating: 5

14 comments:

ဂေါက်သီး said...

တရားဥပဒေနဲ့ မဆိုင်တော့ဘူး
မိဘတွေရဲ့သွန်သင်ဆုံးမ မှုနဲ့ပဲဆိုင်တော့တယ်..
စိတ်ပျက်မိပါရဲ့

မောင်မောင် Comment said...

ဝင်ရိုက်တဲ့ သူတွေကို မိအောင်ဖမ်းပြီး စံပြနမူနာ အဖြစ် ထိထိရောက်ရောက် အေ၇းယူသင့်တယ်။ ထောင်ဒဏ်နှစ်ရှည်ချပြစ်သင့်တယ် ။ ဟိုတလောကလဲ လူလည်ခေါင် မှာဒါးနဲ့ အခုတ်ခံရလို့ သေသွားတဲ့ သတင်းတွေ ကြားနေရတယ်။ မန္တလေးမှာလည်း အခု အခု ဖေဖော်ဝါရီလထဲမှာ တင် ညဆယ်နာရီလောက်က ၃၂ လမ်း ၊ ၇၆ & ၇၇ လမ်းကြားထဲ လဘက်ရည်ဆိုင် တစ်ခုမှာ လူငယ်တစ်စုက ဆိုင်ထဲက လူတွေအကုန်လုံးကို အပြင်မထွက်ခိုင်းပဲ ဒုတ်တွေ ဒါးတွေနဲ့ ၀ိုင်းထားတယ်။ သူတို့ကို ရိုက်သွားတဲ့လူကို လာရှာတာ ဆိုပဲ။ အဲဒီတုန်းက လူငယ်တွေ လုပ်သွားတဲ့ ပုံစံက ဥပဒေမရှိတဲ့ တိုင်းပြည်လို မြို့တွင်း လဘက်ရည်ဆိုင်မှာကို ဗြောင်ကျကျ အကြမ်းဖက်တာ ။ ဆိုင်ရှင်ကတော့ ရဲတိုင်လား မတိုင်လား မသိဘူး။ သူတို့ လိုချင်တဲ့ လူမတွေ့မှ ပြန်သွားတယ်။ အခု လဲ ရန်ကုန်က ပုံစံက အဲဒီလိုပဲ။ ကြာရင် လူငယ်တွေပိုပြီး အတင့်ရဲလာပြီး ပြည်တွင်းမှာနေရင် တောင်အကြမ်းဖက်သောင်းကြမ်းသူတွေ ကြားထဲနေရသလို မလုံခြုံတဲ့ ပုံစံဖြစ်နေတယ် ။

Anonymous said...

လမ်းလွဲနေတဲ့ သတ္တိတွေ...

သက်မောင် said...

မြန်မာလူငယ်တွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေကတော့ အားရစရာဖြစ်လာပြီ... (မာဖီးယားလိုဂိုဏ်းမျိုးက လူမိုက်မွေးဖို့ရာပေါ့)
ပညာရေး၊ ယဉ်ကျေးမှု၊ ဆင်ခြင်တုံတရားတွေ လူငယ်တွေအတွက် တိုးမြှင့်ပေးဖို့လိုပါတယ်...
အဲလိုအစီအစဉ်တွေ ရေးဆွဲဆောင်ရွက်ပေးရမှာဖြစ်ပါတယ်...
အရေးကြီးဆုံးကတော့ ပညာရေးပေါ့...
အခုခေတ်လူငယ်တွေက အရွယ်မရောက်သေးဘူး အရက်လေးတမြမြ၊ မဟုတ်မဟတ်တွေ စိတ်ဝင်စား၊ စာသင်ခန်းမှာ ပညာသင်နေရမယ်အချိန် အပျော်လိုက်စား၊ လက်ဖက်ရည်ဆိုထိုင် အချိန်ဖြုန်းစတဲ့ လူငယ်တစ်ယောက်ရဲ့ အညွန့်ကိုကျိုးစေမယ့် အလုပ်တွေလုပ်နေကြတယ်.. ဒါတွေကို ပြုပြင်ပေးဖို့လိုတယ်...

Unknown said...

အဲလိုမျိုး ကျမတို့ လမ်းထဲမှာလဲ ဖြစ်သွားပါသေးတယ်
တစ်ယောက် ဒါးထိုးခံထိပြီးသေတယ်
နှစ်ယောက်က အတွင်းလူနာတဲ့
အုပ်စု ၂ စုဖြစ်ကြတယ်ပြောတယ်

Myo Aung said...

ယောက်ျားလေး ၆-ယောက်ရှိတဲ့အိမ်ဆိုတော့ သူတို့လည်း ဇ မနည်းလောက်ဘူး။ ဘာဘဲဖြစ်ဖြစ် အုပ်စုဖွဲဗိုလ်ကျတယ်ဆိုတာ ဆိုးရွားတယ်။ ထိထိရောက်ရောက် အရေးယူပြီး ပညာပေးရမယ်။

honey said...

လူငယ်တွေစိတ်တွေကပညာမဲ့ဗဟုသုတနည်းလာတော့
လူဆိုးလူမိုက်ဖြစ်နေကြတယ်။
တလောကဒဂုံ(၁)နားမှာ၉တန်းကျောင်းသားတယောက်ကို
အနောက်ကချောင်းပြီးသံလက်ဝါးနဲ့ရိုက်ပြီးထွက်ပြေးသွားတယ်။
အရိုက်ခံ၇တဲ့ကျောင်းသားကအငိုက်မိသွားချိန်ပြေးသွားတာမြင်လိုက်လို့
ခဲနဲ့လှမ်းပြီးပြန်ပစ်တော့ရန်စပြေးသွားတဲ့ကောင်လေးကိုမထိပဲ
ရပ်ထားတဲ့ကားတစီးမှန်ကိုသွားထိလို့ကျောင်းသားလေးခုနှစ်သောင်း
လျှော်ပေးလိုက်ရတယ်။
သူ့ခင်ဗျား၇န်လည်းအစခံရတယ်။မှန်ကွဲလို့ငွေကုန်သွားတယ်။
မကျေနပ်လို့ပြန်ပြီးလက်တုန့်ပြန်လာရင်ပြသာနာကအကြီးကြီး
ဖြစ်လာနိုင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတယောက်ကိုတယောက်ဘယ်လောက်ပဲ
မကျေနပ်နပ်အသားကိုထိခွင့်တောင်မရှိပါဘူး။စရိုက်တဲ့သူက
ထောင်ကျတယ်။လျော်ကြေးငွေမနဲဘူးပေးရတယ်။
ဒီအတွက်သူတို့နိုင်ငံမှာလူမိုက်မရှိဘူး။ဒီမိုကေ၇စီရဲ့ဥပဒေစစ်စစ်
ကျင့်သုံးကြသလိုပညာတက်တွေလည်းပေါ်ထွန်းလာတယ်။
မြန်မာပြည်မှာအစမကောင်းတော့အနှောင်းမသေချာတဲ့
အနာဂတ်ပျောက်နေတဲ့လူငယ်တွေအများကြီးပါ။
ရပ်ကွက်ထဲကလူမိုက်ဆိုရင်ပဲရဲတွေကသတင်းပေးမွေးပြီး
ရပ်ကွက်ထဲနှစ်လုံးဘောလုံး၃လုံးဒိုင်ပေးလုပ်စားထားတယ်။
ရပ်ကွက်ထဲကလူငယ်လေးတွေကိုအနိုင်ကျင့်ဂျာနယ်ရောင်းတဲ
့လူငယ်လေးတွေကိုလည်းဘာကြည့်တာလဲဆိုပြီးခုံနဲ့ရိုက်တယ်။
အသက်ကြီးပြီးပိုက်ဆံတောင်းစားတဲ့အဘွားအိုကိုတောင်
ပိုက်ဆံလာတောင်းတာမောင်းထုတ်လို့ပြန်ပြောသွားလို့ဆိုပြီးဖိနပ်နဲ့
ပါးရိုက်တာအဘွားကြီးသေးပါထွက်ပြီးလူမိုက်ကိုလက်အုပ်ချီတောင်းပန်ရတဲ့
အဖြစ်ပျက်လေးတခုကိုလည်းမြင်ကွင်းထဲမထွက်ဘူး။
အဲ့နေ့ကတညလုံးအိပ်မပျော်ဘူး။ဘယ်လောက်ထိရိုင်းစိုင်းနေသလဲဆိုတာ
မြန်မာပြည်သားအချင်းချင်းရွံ့စရာပါ။ဒါတွေကကြီးနိုင်ငယ်ညှင်းစနစ်ဆိုး
ရဲ့ရလာဒ်တွေလို့ယူဆတယ်။

Anonymous said...

ု့်ယုတ်မာလှချဉ်လာ မြန်မာနိုင်ငံကမင်းမဲ့ စရိုက်ဖြစ်နေပြီလာ ဒီလိုလူတွေကိုထိထိရောက်ရာက် ဥပဒေအရ အရေးယူသင့်တယ်
အမြန်ဆုံးလုပ်ဆောင်သင့်တယ်

zayyar said...

ကြားလို့ မကောင်းဘူး..

Zin Gyi said...

ဗိုလ်ချုပ်နဲ့ တကွ ရဲဘော်သုံးကျိပ်တို့ လို အမျိုးသားကောင်းမျိုးတွေ ရဲစွမ်းသတ္တိရှိသူတွေ မြန်မာ လူမျိုးတွေထဲကနေပေါ်ထွန်းခဲ့ပါတယ်။
ဒီလို လူမျိုးတွေ မွေးထုတ်ပေးဖို့ မိဘတွေမှာတာဝန်ရှိပါတယ်။
အရမ်းကို ခွန်အားဗလကောင်း၊တောင့်တင်းသန်မာပြီး သတ္တိတွေရှိနေကြရင် လုပ်ကြပါ။တိုင်းပြည်အတွက် အကျိုးရှိမယ့် ကိစ္စတွေ သတ္တိရှိရှိနဲ့ ထွက်ပြီး လုပ်ပြကြပါ၊မိုက်ပြကြပါ။အကျိုးရှိမယ့်နေရာတွေမှာ မင်းတို့ သတ္တိတွေ ထုတ်ပြကြစမ်းပါ။
ကြီးနိုင်ငယ်ညှင်းလုပ်တာ။အုပ်စုဖွဲ့ လူမိုက်လုပ်တာ တကယ်ကို ရွံစရာကောင်းတယ်။

san san said...

နောက်တခါ ဒါမျိုးမဖြစ်အောင်ထိထိရောက်ေ၇ာက် အရေးယူသင့်တယ်။

zy said...

ဆားပုလင်းနှင်းမောင်ဝတ္ထုထဲကလို ပြောရရင်။ ညဖက်လှည့်တဲ့ ပတ္တရောင်ရဲတွေ အိပ်နေကြပြီလား။ မောင်မင်းတို့ ရဲသားတွေ အများကြီးညံ့တယ်။ ဒီအမှုကတရားခံတွေကို သခင်ကြီး မနက်ဖြန်တွေ့ချင်တယ်။ (ဟီး ဟီး၊ အရသာရှိလိုက်တာ။)

wintwar said...

အခုလိုမျိုးမင်းမဲ့စရိုက်မျိုးလုံးဝမရှိသင့်ပါ

mg soe said...

ဆရာစံတောင်(စံပြ)ရပ်ကွက်လူကြီးများကြပ်မတ်အရေးယူသင့်ပါတယ်။ ပြင်းပြင်းထန်ထန်အရေးယူသင့်ကြောင်းတင်ပြပါတယ်။

Powered by Blogger.