မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို (UNESCO) ကုလသမဂ္ဂ ပညာရေး၊
သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီးက ယူနက်စကို မဒမ်ဂျတ်ဆင်းဂ်ဆု
(UNESCO-Madanjeet Singh Prize) လာရောက် ချီးမြှင့်လိုက်ပါတယ်။
(UNESCO-Madanjeet Singh Prize) လာရောက် ချီးမြှင့်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံရယူနေစဉ် (ဓာတ်ပုံ - ရိုက်တာ)
ပြင်သစ်အခြေစိုက်
ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ရုံးက အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာ
ယူဟေးဟိုဆိုယာနဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဒီကနေ့
မနက်ပိုင်းမှာ သွားရောက်ပြီး ဆုပေးအပ်လိုက်တာပါ။
ဒီဆုဟာ
စိတ်ရှည်သည်းခံမှုနဲ့ အကြမ်းမဖက်မှုကို ကိုယ်စားပြုတဲ့အကြောင်း၊ ယူနက်စကိုဟာ
မြန်မာနိုင်ငံရဲ့  လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေနဲ့ အမျိုးသား
ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်းနဲ့
ယူနက်စကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ဘက်က ရပ်တည်တယ်လို့ 
မစ္စတာ ယူဟေးဟိုဆိုယာက ဆုပေးအပ်ပြီးနောက် သတင်းထောက်တွေကို
ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း
ဆုချီးမြှင့်တဲ့အတွက်ရယ် ယူနက်စ်စကိုက မြန်မာနိုင်ငံအပေါ်
ဆယ်စုနှစ်ပေါင်းများစွာ အစဉ်တစိုက်အမြဲ စိတ်ဝင်တစားရှိခဲ့တဲ့အတွက်
ကျေးဇူးတင်တဲ့အကြောင်း၊ ဆုပေးဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရတဲ့အတွက်
တောင်းပန်တဲ့ အကြောင်းနဲ့ ယူနက်စကိုနဲ့ မြန်မာ အရင်ကထက် ပိုပြီး
နီးနီးကပ်စွာ အတူတကွ လက်တွဲ အလုပ်လုပ်မယ့် အချိန်ကို မျှော်လင့်နေပါတယ်လို့
ပြောကြားသွားပါတယ်။
ဒီဆုဟာ
ယူနက်စကိုရဲ့ ချစ်ကြည်ရေးသံတမန် အိန္ဒိယ ပန်းချီနှင့်စာရေးဆရာ
မဒမ်ဂျတ်ဆင်းဂ်ကို ဂုဏ်ပြုတဲ့အနေနဲ့  ၁၉၉၆ ကစပြီး ၂ နှစ်တကြိမ်
ချီးမြင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၂ ခုနှစ် ကတည်းက
ပေးအပ်ထားတာ ဖြစ်ပြီး၊ ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က
လွတ်မြောက်လာပြီးနောက် ကိုယ်တိုင်လာရောက် ပေးအပ် ချီးမြှင့်တာ ဖြစ်ပါတယ်။
ဆုအနေနဲ့ ရုပ်တုတခု အပါအ၀င် ငွေသား အမေရိကန်ဒေါ်လာ ၁သိန်း ရရှိတာ ဖြစ်ပါတယ်။
ဒီဗွီဘီ
ယူနက်စကိုဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံယူ
Reviewed by သစ်ထူးလွင်
on
18:49
Rating:
3 comments:
ဝမ်းသာလှ၏..။ အတိုင်းထက်အလွန်ပင်..။
congrats,,,!!!cheers,,,
fighting! ah may su!..
we love you.!
လေးစားဂုဏ်ယူပါတယ် အမေ စု
Post a Comment