ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများလုပ်အားပေးသွားနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင်ဦးသစ်လွင်အမိန့်ဖြင့် နမ္မတူလျပ်စစ် ဓါတ်အားလိုင်း ဥက္ကဌဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊သားများအား ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန်အတွက် လိုအပ်သောပစ္စည်းကိရိယာနှင့် အုတ်ခဲများသယ်ဆောင်ရန် လုပ်အားပေးစေခိုင်းခဲ့ကြောင်း သိရှိရသည်။
“တစ်မိသားစုကိုတစ်ယောက်မသွားမနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ် ယူသွားရသေးတယ် ၊တနေကုန်လုပ်ပေးရတယ်ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေတူးရတယ်၊ အမျိုးသမီးတွေကတော့လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံတစ်ယောက်စာပေးရတယ်၊ ကျတော်တို့ရက်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်” ဟုလုပ်အားပေးမှပြန်လာသော ဒေသခံမှပြောပြခဲ့သည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ နမ္မတူမြို့ရှိရက်ကွက်ရွားသားများ အလှည့်ကျ လုပ်အားပေးသွားနေရသလို ပိုက်လိုင်းတစ်လျောက်ရှိကျေးရွာများလည်း မကြာခဏဆိုသလို ပိုက်လိုင်းအတွက် လုပ်အားပေးသွားနေရကြောင်း သိရှိရသည်။
ထိုနောက် လိုက်လံကြီးကြပ်ဖို့နှင့်လုံးခြုံရေးတာဝန်များကို နမ္မတူရဲတပ်ဖွဲ့နှင့် တပ်ရင်း(၃၂၄)မှ စစ်သားများယူပေးရသည်။ လုပ်အားပေးလုပ်ဆောင်နေစဉ်အတွင်းမနားရသည့်အပြင် အုတ်ခဲနှင့် အခြားပစ္စည်းများသယ်ဆောင်ရာတွင်လည်းမနားရပဲသယ်ရကြောင်းဒေသခံများမှပြောပြခဲ့သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများလုပ်အားပေးသွားနေရ ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများလုပ်အားပေးသွားနေရ Reviewed by သစ်ထူးလွင် on 04:18 Rating: 5

3 comments:

Violin Angle said...

ကြံ့ဖွတ်က သမ္မတမို့လို့လား သူကအမိန့်ပေးရအောင် သူကပါတီပဲလေ သူတို့ကဘာမို့လို့အဲလိုလုပ်ရတာလဲ ရက်စက်တယ် အဲလောက်အားနေရင်သူတို့ပဲသွားလုပ်ပါလား

may said...

ဘာလဲ ဟ .. ဒီလိုတွေ ရှိသေးလား.. ဘာကြီးလဲ.. သူတို့က ခိုင်းစရာလား .. ဘယ်လိုလုပ်မလဲ အဲ့လိုသာဆို... ဘယ့်နှယ့်တအိမ်တယောက်လို့ပဲ...

shein said...

မြို့ကြီးတစ်ချို့မှာ ထင်တိုင်းကြဲလို့မရတော့လို့
နယ်စွန်နယ်ဖျားတွေ၊ ကျေးရွာတွေမှာ အနိုင်ကျင့်စော်ကားနေကြတာတွေ
ကြားနေရတာ စိတ်မကောင်းမိဘူး။ သူတို့တွေ ဒီမိုကရေစီအရသာကို မြည်းစမ်းခွင့်၊ ကြားသိခွင့်မရသေးဘူး။
မီဒီယာသမားတွေက ဒီလိုမျိုးတွေကို များများသတင်းယူပြီး ပြန်လည်ဖြန့်ဝေပေးမယ်၊ အားလုံးက မျက်လုံးတောက်လျှောက်ကြည့်နေနိုင်မယ်ဆိုရင် ကြံ့ဖွတ်တွေ သိပ်ရမ်းကားရဲမယ်မထင်ဘူး။ မီဒီယာသမားတွေကို အားကိုးပါရစေ..။

Powered by Blogger.