ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်ခွင့်ယူမှုအတွက် မဲခွဲဆုံးဖြတ်မှု အနိုင်ရရှိ

ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျားမောင်၏ ပါတီစည်းရုံးရေးဆင်းရန် ခွင့်ယူမှုအတွက် လွှတ်တော်တွင်း ပထမဆုံး အကြိမ် မဲခွဲဆုံးဖြတ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်များပြားသည့်အတွက် အနိုင်ရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “လွှတ်တော်တွင်းမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ပါတီစည်းရုံးရေး ဆင်းဖို့အတွက် ခွင့်ယူတယ်ဆိုတဲ့ကိစ္စက ကြားမကောင်းပါဘူး။ ဒီ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ထဲလာတာပာာ ပြည်သူတွေအတွက် လုပ်ဆောင်ဖို့လား။ ဒါမှမပာုတ် ပါတီအတွက် လုပ်ဆောင်ဖို့ လားဆိုတာကို မေးရမှာပဲ” ပာု ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျားမောင်မှ ပါတီစည်းရုံးရေးဆင်းရန် ခွင့်ယူမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် စာသားဖြင့်ဖတ်ပြရာ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှ ကန့်ကွက်ခဲ့သည့်အတွက် ဦးကျားမောင်အား ခွင့်ပြုသင့်၊ မပြုသင့် မဲခွဲဆုံးဖြတ်ခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဦးရေ များပြားသည့်အတွက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပါတီဝင်တစ်ဦးကလည်း “လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က အများဆုံးဆိုတော့ ဘယ်လိုပဲ မဲခွဲဆုံးဖြတ် ဆုံးဖြတ် သူတို့ဘက်ကပဲ မဲအပြတ်အသတ်နိုင်မှာပဲလေ။ ဒီတော့ Check-and-balance ဆိုတာကြီးလဲ ပျောက်သွားမှာပဲ။ ဒီတော့ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တွေ အများကြီး ရောက်သင့်တယ်။ အခု လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ မဲအထည့်မမှားဖို့ လိုတာ ပေါ့” ပာု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမအကြိမ် လွှတ်တော်တတိယပုံမှန် အစည်းအဝေးများကို ၂၀၁၂ ဇန်နဝါရီ ၂၆ ရက်နေ့မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
YC
ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်ခွင့်ယူမှုအတွက် မဲခွဲဆုံးဖြတ်မှု အနိုင်ရရှိ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်ခွင့်ယူမှုအတွက် မဲခွဲဆုံးဖြတ်မှု အနိုင်ရရှိ Reviewed by သစ်ထူးလွင် on 12:21 Rating: 5

8 comments:

Android Myanmar said...

ကြံ့ဖွတ် ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျားမောင်အား ပြောကြားလိုသည်မှာ ခွင့်မယူပါရန် နှင့် တိုင်းပြည်အရေးအတွက် အပြီးသာ နှုတ်ထွက်ပေးပါရန် ပြည်သူတစ်ဦးအနေဖြင့် တောင်းဆိုအပ်ပါသည်။

SN said...

လွတ်တော်ထဲမှာ အရေအတွက်များပြီး အရည်အချင်းမရှိတဲ့လူအများနဲ့ အရည်အချင်းရှိပြီး အရေအတွက်မပြည့်တဲ့လူတွေယှဉ်တိုင်း နာကျင်ခံခက်နဲ့ ဖြစ်နေမယ်ဆိုတာ နားလည်ပါတယ်....၂၀၁၅ ရောက်ရင်တော့ ဒီကောင်တွေက ပြောလိမ့်ပါမယ်....အမေစုကို ထောက်ခံပါတယ်၊ နိုင်ငံရေးမလုပ်တော့ပါဘူး...မယုံစောင့်ကြည့်လိုက်....ဒီအချိန် ဒီကောင်တွေ ပြောတဲ့ စကားနဲ့ နောင်တစ်ချိန်ပြောမယ့် လေသံ ဘာတွေ ကွဲပြားနေမလဲဆိုတာ.......

aung san lin said...

ကျုပ်တို့ကတော့ ဘာမှမပြောချင်တော့ပါဘူး ဘာ့ကြောင့်လဲဆိုတော့ လွှတ်တော်မှာ တကယ့် လူကြီးလူကောင်း ပညာတက်တွေကနည်းပါးပြီး အရူးသာသာ မတ်မပြည့်တဲ့ တကိုယ်ကောင်းသမားတွေကများနေလို့ပဲ.....မိုးချိန်းရင် ဖျာလိပ်ထဲ ၀င်ပုံးနေတဲ့သူများတဲ့ လွှတ်တော်ကို ပြန်လည်ပြုပြင်သင့်ပြီ.....

kyaw soe ko ko said...

ဟား ...ဟား ....ဟား...ဟား..

Anonymous said...

ဟဟဟ

United States of Myanmar said...

အဲ.ဒါပြောတာပေါ. င်္လှတ်တော်မှာ အမူးတွေရပ်နေဘာဒယ်ဆို
အမတ်တွေ ???????

တနင်္သာရီသား said...

ဦးကျားမောင်ဆိုတာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က
စီးပွားရေးသမားတဦးပါ............
ကံကောင်းလို့ချမ်းသာလာခဲ့ပေမဲ့ စာရေးတတ် ဖတ်တတ်ရုံပဲ
ရှိပါတယ် ကျောင်းနေဘူးတယ်ဆိုရုံမျှပါ မူလတန်းအဆင့် မလွန်
မြောက်ခဲ့ပါ....ကုန်ပဏီပိုင်ငွေတွေကို ရက်ရက်ရောရောလှူခဲ့လို့
ဘွဲ့တခုရခဲ့ပေမဲ့ (တနင်္သာရီ ရေလုပ်ငန်းကုန်ပဏီ)ကတော့ပြိုကွဲ
သွားခဲ့ရပါတယ်......လူကြီးတွေကို ဖေါ်လံဖါးလို့ လွှတ်တော်ကိုယ်စားလှယ်
ဖြစ်လာခဲ့ပေမဲ့..........
စကားပြောတာကလဲ မပီ ...သူတပါးနားလည်အောင်လဲမပြောတတ်လို့
လွှတ်တော်ထဲ ဘာတွေ ပြောမလဲလို့ သူတို့မြို့သားတွေက တွေးနေကြ
ပါတယ်တဲ့..................
နိုင်ငံရေးခံယူချက်လုံးဝမရှိ...နိုင်ငံရေးအသိလုံးဝမရှိ
(သူသိတာကတော့ သူတို့ အရက်ဝိုင်းမှာပြောနေကျ မင်းသမီးတချို့
မော်ဒယ်တချို့ရဲ့ ဈေးနှုန်းအကြောင်းတွေပါ)
လူကြီးတွေနဲ့ အဆင်ပြေတာတခုနဲ့ ပဲ အတင်းဆွဲတင်ထားတဲ့ သူလို
လူမျိုးတွေကြောင့်လဲ ပြည်ခိုင်ဖြိုးအသင်း နာမည်ပျက်နေရတာလို့
ဒေသခံ ပြည်ခိုင်ဖြိုးလူငယ်အသင်းသားတွေက စိတ်ပျက်စွာပြောနေကြပါတယ်
အခုလဲ အရင်တခေါက်မဲထဲ့တုန်းကလိုပဲ သူ့အလုပ်သမားတွေကို အတင်း
အဓမ္မ လိုတဲ့မဲထဲ့ခိုင်းမှာကို စည်းရုံးရေးဆင်းဘို့ ခွင့်ယူတယ်တဲ့ဗျာ........

လရောင်ဝါ said...

အဲဒီလိုပညာမတတ်ကျပ်မပြည့်တဲ့လူတွေရော ဖော်လံဖားတွေရော အသက် ၇၀ ကျော်အဖိုးကြီးတွေရောရှိမနေသင့်ပါဘူး ငယ်ရွယ်ပြီးဖျက်လတ်တက်ကြွသူ တိုင်းပြည်နဲ့လူမျိုးအကျိုးစီးပွားအတွက်တကယ်လုပ်ပေးနိုင်မဲ့သူ နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီးလုပ်နိုင်မဲ့ သူမျိုးများသာ ပါတီတွေမှာရှိနေသင့်ပါတယ် အခုဟာကဂီလာနတွေနဲ့ စားမယ်ဝါးမယ်ဆိုတဲ့သူတွေပဲရှိနေတယ် ဘာတွေပြုပြင်ပြောင်းလဲမှုလုပ်လုပ်ဒီ လိုလူမျို့းတွေရှိနေသရွေ့ဘာမှလူရာဝင်ပြီး တိုးတက်တဲ့တိုင်းပြည်ကြီးဖြစ်လာမှာမဟုတ်ဘူး

Powered by Blogger.