ပုသိမ်မြို့မှာအစိုးရ၀န်ထမ်းတွေတင်မကပုဂ္ဂလိက အဖွဲအစည်းတွေမှာအဂတိလိုက်စားမှုရှိနေ သတင်းနှင့်ပါတ်သတ်၍ ဖြေရှင်းချက် (ပေးစာ)
””ပုသိမ်မြို့မှာ အစိုးရ၀န်ထမ်းတွေတင်မကပုဂ္ဂလိ ကအဖွဲအစည်းတွေမှာအဂတိလိုက်စားမှု ရှိနေ””
ဒီဖေါ်ပြချက်ဟာ လူတစ်ယောက်က မနာလိုဖြစ်လို့ တမင် ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်းတွေပါ ကျွန်တော်က ပုသိမ်မှာနေပြီး ကိုယ်တိုင် ကွန်ပျူတာပညာရှင်အသင်းရဲ့ အခမဲ့သင်ပေးတဲ့ ဂျပန်အင်ဂျင်နီယာစာမေးပွဲသင်တန်းတွေကို တက်ပြီး ဖြေဘူးတဲ့သူပါ အသင်းမှာရှိတဲ့ ဆရာတွေ ဆရာမတွေ အဓိက ကတော့ ဆရာ ဦးမောင်ဦး တီချယ် ဒေါ်မြတ်မြတ်မိုး အပါ ဆရာအားလုံးဟာ စေတနာနဲ့သင်ပေးကြတာ သင်တန်းသားတွေက ငွေကြေးဘာမှ မကုန်တဲ့အပြင် စာအုပ်တွေဖတ်ဖို့ဌားပေးတယ် မေးခွန်းဟောင်းတွေဆိုလဲ လေ့လာဖို့ ebook လုပ်ပြီး free ပေးတာ စာမေးပွဲဖြေတော့ အထက(၁)မှာ ဖြေရတာ အဲဒီ စာမေးပွဲတွေကို အမြဲတမ်း လိုလို အထက(၁)မှာပဲစစ်တယ် တခါတော့ ကွန်ပျူတာတက္ကသိုလ်(အခု စက်မှုအထက)မှာ စစ်တယ် ကျွန်တော် အဲဒီမှာ ဖြေဘူးတယ် တီချယ်တို့က ကျောင်းသားတွေ အပေါ် စေတနာကောင်းတယ် အရမ်းပင်ပန်းခံပြီးသင်ပေးရတာ စာမေးပွဲက အောင်ဖို့ ခက်တယ် စာတွေက ကွန်ပျူတာ တက္ကသိုလ် ဘွဲ့တစ်ခုစာလောက်များတာ သင်တန်းကြေးမပေးရဘူး စာမေးပွဲကြေးက ရန်ကုန်အသင်းချုပ်ကိုသွင်းရတာ တီချယ် တို့ က ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲအြေ ကာင်း ပုသိမ်က တက္ကသိုလ်တွေမှာ တစ်နှစ်ကို တခါ နှစ်ခါ အမြဲတမ်းဟောပြောပွဲလာလုပ်လို့ စာမေးပွဲဖြေတဲ့သူများတာ AIBI ကျောင်းသားတွေကို ရွေးသင်တာ မဟုတ်ဘူး ကျွန်တော်ဆို MCC မှာ တက်နေရင်း ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲသင် တန်းတက်ခဲ့တာ
ပြီးတော့ နိုင်ငံခြားပညာတော်သင် စာမေးပွဲဆိုတာ ပုသိမ်မှာစစ်တာ မဟုတ်ဘူးဗျ အင်တာနက်ဂျာနယ် နက်ဂိုက်ဂျာနယ်တွေမှာ သတင်းဖေါ်ပြပေးထားတာ တပြည်လုံးက ဖြေဖို့ အရည်အချင်းမှီရင် အသင်းချုပ်ကိုလျှောက်ရတာ ပုသိမ်မှာဖြေလို့ရတာမျိုး ပုသိမ်မှာရွေးတာမဟုတ်ဘူး တပြည်လုံးကလာဖြေတဲ့သူက အများကြီး၊ စာမေးပွဲ အဆင့်ဆင့်ဖြေရတာ နိုင်ငံခြားကစစ်ပြီး ကြိုက်မှ ခေါ်တာဗျ ခု ပုသိမ်က ပါတယ် ဆိုတဲ့ ကျောင်းသားတွေက ကွန်ပျူတာတက္ကသိုလ်မှာတုန်းက စာတော်တဲ့သူတွေဗျ Roll 1 to 5 တွေဗျ မာစတာဘွဲ့ရတွေလေ၊သူတို့တော်လို့ သူတို့ရတာပါ ။ဒီအတင်းအဖျင်းရေးပို့လိုက်တဲ့ သူက ဒါတွေမသိဘူးဆိုတော့ ကွန်ပျူတာပညာရှင်အသင်းဝင်ကျောင်းသားမဟုတ်တာသေချာတယ် ဂျပန်အင်ဂျင်နီယာစာမေးပွဲ ကိုပဲ ပုသိမ်မှာ စစ်တာ ဒီစာမေးပွဲကိုလည်း ရန်ကုန်အသင်းချုပ်က ဆရာမကြီးတွေ က မေးခွန်း ကို ကိုယ်တိုင်ယူလာပြီး ပုသိမ်နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်က ဆရာမတွေ ရှေ့မှာဖေါက်ပြီး စာမေးပွဲစစ်တာ ကွန်ပျူတာအသင်းရော တက္ကသိုလ် ဆရာမတွေရော စာမေးပွဲစောင့်တာ အရမ်းခက်တဲ့စာမေးပွဲဗျ အောင်ချက် တပြည်လုံးမှာ ၅ % ၁၀% လောက်ပဲ နိုင်ငံခြားမှာကို က ဒီလောက်ပဲအောင်တာ ကူးချလို့ ရတာမဟုတ်ဘူး Unseen တွေ၊
ဒါကို ဒီလူ မသိပဲ ဖေါလိုက်တာ၊ ကျွန်တော်လဲ ဖြေတုန်းပဲ အောင်သေးဘူး၊ ဒါပေမယ့် တချိန်တော့ အောင်ရမယ် ကြိုးစားဆဲပါ
တီချယ်တို့ ဆရာ တို့က လှူလဲလှူတယ် ကျွန်တော်တို့ကျောင်းကိုလဲ ကွန်ပျူတာတွေ ပျက်နေလို့ လှူထားသေးတယ် တခြားကျောင်းတွေမှာလဲ လှူတယ်ဗျ တီချယ်တို့ က စေတနာကောင်းတယ် လူချစ်လူခင် လဲများတယ် ပြီးတော့ AIBI ဆိုတာ ပုသိမ်မှာ လူအများဆုံးကျောင်းဗျ ခုချက်ချင်းသင်တန်း တက်ချင်လို့ နေရာမရနိုင်ဘူး၊လူအမြဲပြည့်နေတာ တစ်လလောက် ကြိုစာရင်းပေးမှ နေရာရတာ လူတိုင်းသိကြတယ်
ဒီလောက်အောင်မြင်နေလို့ မနာလိုဖြစ်တဲ့လူက တမင်ဖန်တီးရေးထားတာ တီချယ်တို့က ပညာရှင်စစ်စစ်တွေဗျ နိုင်ငံရေးသမားမဟုတ်ဘူး နိုင်ငံရေးစကားမပြောဘူး တွေ့ရင် စာကြိုးစားဖို့ပဲ ဒီလောက် သဘောထားဖြူတဲ့ ဆရာဆရာမတွေကို စောကားလိုက်တာ ကျောင်းသား မဖြစ်နိုင်ဘူး ကျွန်တော် ထင်တယ် မအောင်မြင်တဲ့ လုပ်ငန်းတစ်ခု၊ ကျောင်းတကျောင်းလည်းဖြစ်နိုင် တယ် ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး မနာလိုတာ သက်သက်ပဲ အစ်ကိုတို့ သတင်းအမှန်တွေကို အသင်းရဲ့ Website နဲ့ Facebook တွေ မှာ ဖတ်ကြည့်ရင် လူတိုင်းသိပါတယ်ဗျာ ဒါကြောင့် အစ်ကိုတို့ ဆိုက်မှာ ဒီလို လူကို အသရေဖျက်အောင်တမင်ဖန်တီးထားတဲ့ စာမျိုးတွေကို မတင်သင့်ပါဘူး ကွန်ပျူတာပညာရှင်အသင်းဝင်တွေ ဖတ်မိရင် အစ်ကိုတို့ ဆိုက်အပေါ်မှာ ဘယ်လိုမြင်မလဲ ကျောင်းသားကျောင်းသူတိုင်းက အားကျ အတုယူလေးစားရတဲ့သူတွေကို စောကားတိုက်ခိုက်တာတွေကို ကျွန်တော်တို့ မခံချင်ပါဘူး ဒီ Post ကို ဖျက်လိုက်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ် တီချယ်တို့ ဆရာတို့ သိရင်လဲ မကောင်းပါဘူး ပြီတော့ ဒါဟာ အဖွဲ့အစည်းကနေတောင် တရားစွဲလို့ရတဲ့ဟာမျိုးပဲ ဒါကြောင့် အစ်ကိုတို့ ဒီလိုမျိုး ပုဂ္ဂိုလ်ရေးမနာလိုတိုက်ခိုက်တာေ တွကို သတင်းလို့ တလွဲအသုံးချမခံရအောင် ဒီ post ကို အပြီးဖျက်ပစ်ဖို့ ဖြစ်နိုင်ရင် ဒီလို နောက်နောင် ရေးပို့လာရင် အ၀င်မခံစေဖို့Block တောင်လုပ်သင့်ပြီဗျာ
ဒီအီမေးလ်ကို လည်းသိချင်မိတယ်။
Pathein Thar Group
ပုသိမ်မြို့ မှာ အစိုးရဌာနတွေတင်မကဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့အစည်းထဲမှာ အဂတိလိုက်စားမှုတွေဖြစ်နေ
ကိုပြန်လည်ဖတ်ရှုလိုပါက-အောက်ပါ link ကိုနှိပ်ပါ။http://www.thithtoolwin.com/2012/02/blog-post_1438.html
ပုသိမ်မြို့မှာအစိုးရ၀န်ထမ်းတွေတင်မကပုဂ္ဂလိက အဖွဲအစည်းတွေမှာအဂတိလိုက်စားမှုရှိနေ သတင်းနှင့်ပါတ်သတ်၍ ဖြေရှင်းချက် (ပေးစာ)
Reviewed by သစ်ထူးလွင်
on
11:59
Rating:
17 comments:
တစ်ခုခုတော့လွဲနေပြီ. ဖြေရှင်းချက်ကတော့ ကောင်းပင်မယ့် တဘက်လိုက်နေသလိုပဲ သိရ ကြားရ သလောက်ပေါ့နော်.
ဖြေရှင်းချက်ကလည်း ကာယကံရှင်ကိုယ်တိုင်ပြောနေသလိုပဲနော် :D :D :D
ဘာမှတော့မဟုတ်ဘူး ပုသိမ်သားက ပုသိမ်သတင်းတွေ့လို့ဝင်ဖတ်ကြည့်တာ
ဖြေရှင်းချက်က ကာယကံရှင်ကိုယ်တိုင်ရေးထားလားအောက်မေ့ရတယ် :D :D
ဟီးဟီး စတာနော် သားသားပါဘူးနော် ချာမရိုက်မှာစိုးလို့
ဟီးဟီး နောက်တာနော် ချာမရိုက်မှာစိုးလို့
ပုသိမ်သတင်းဆိုလို့ဝင်ဖတ်ကြည့်တာ
ဟေး သာဘုတို့ကတော့ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွားမကျောင်းဘူးဟေ့
ကာယကံရှင်လားဘာလားတော့မသိဘူး။
ပုသိမ်က ကွန်ပျူတာကျောင်းသားတွေအားလုံးပဲ ...
ဒီနေ့ကစပြီးကျောင်းထွက်ပြီး ပိုက်ဆံလည်းမပေးရ စာသင်တာလည်း ကွန်ပျူတာဘွဲ့ထက်စာများတဲ့ AIBI သွားလိုက်ကြစို့ဟေး ဝေးလေးလေး .........
အတင်းကြီး ကို ဖြေရှင်းနေတော့တာပဲနော်...ကာယကံရှင်ကြီးလား ??
ကို patheintar group လား မ patheintargroup လားတော့မသိဘူး။ ဖြေရှင်းလိုစိတ်တအားများနေတယ်ထင်တယ်။ ပုသိမ်သားတွေသိက္ခာကျအောင်တော့်မလုပ်နဲ့နော်။ mcia စာမေးပွဲတွေကို ကွန်ပျူတာတက္ကသိုလ်ကဘွဲ့ထက်အရေးပါတဲ့သဘောတွေရေးထားတယ်နော်အဓိပယ်ကောက်လွဲရင်တော့ sorry ပါ။ ဒီလိုသဘောမျိုးရေးထားတယ်ဆိုရင် ကွန်ပျူတာကျောင်းသားအစစ်မဟုတ်ဘူးထင်တယ်။
ကိုယ့်ဘွဲ့ထက် ဘာမဟုတ်တဲ့ certificate လေးတစ်ခုက အရေးပါနေတဲ့ပုံပြောထားတာ လုံးဝကန့်ကွက်ပါတယ်။ နောက်ပြီး ငါတို့တက်ခဲ့တဲ့ ကွန်ပျူတာကျောင်းက ရပ်ကွက်ထဲက state ကျောင်းမဟုတ်ဘူးနော် သူများစက်တွေလှူမှပြင်ပေးမှ သုံးရတာမဟုတ်ဘူးနော်။ နည်းနည်းလည်းသတိထားအုံး။ မင်းတို့ဖာသာမင်းတို့ မဟုတ်တာလုပ်လို့ပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်မတည့်လို့ပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ်ဖြေရှင်းစေချင်တယ်။ တစ်ဖက်စောင်းနင်းကြီးတော့လာမပြောနဲ့။ ကွန်ပျူတာတက္ကသိုလ်ဆိုတာ အစိုးရက အသိအမှတ်ပြုထားတဲ့ institute. မင်းတို့အပြင်က ညာစားညာဝါး institute တွေနဲ့လာမယှဉ်နဲ့။ ဘွဲ့ရခဲ့တဲ့သူတွေသိက္ခာကျတယ်။
နိုင်ငံရေးသမား မဟုတ်ဘူး ဆိုတဲ့စကားက အနှောင့် အသွားမလွှတ်ဘူးဗျို့.....
နိုင်ငံရေးသမား ဆိုတာ တိုင်းပြည်အတွက်လုပ်နေကြတာပါ...
မစော်ကားပါနဲ့....
အချိန်တန်ရင် သမိုင်းက သက်သေဖြစ်မှာပါ။ စာဖတ်ပရိတ် သတ်ကတော့
ဒီဖြစ်စဉ်ပေါ်မှာ ဘယ်သူကဘာလုပ်တယ် ကောင်းတယ်ဆိုးတယ် ခွဲခြား နိုင်တဲ့ သဘောတွေအများကြီးတွေရတယ်။ ဟုတ်ရင်ကျော်မယ် ပုတ်ရင်ပေါ်မှာပေါ့ နော်။ ဖြေရင်းချက်လေးကတော့ မဆိုးပါဘူး။ သို့ပေမယ့်
(Pathein Thar Group)ဆိုပြီးတော့ ကြိုတင်မဲလိုလို အဓမ မဲလိုလို
လိုရာဆွဲ ပြီးတော့ သိမ်းသွင်းတာကြီးက မရိုးသားခြင်းကို ဖော်ပြနေသလိုပါဘဲလို့ စာတတ်သူတိုင်းက သိလိမ့်မယ်လို့ ထင်မိပါတယ်။ ကိုယ်ကို့ကိုယ် ယုံကြည်သူများက ဟုတ်တာ၊မှန်တာကောင်းတာ လုပ်သူတွေကတော့ ကိုယ်လိပ်ပြာ ကိုယုံကြည်လိမ့်မယ်လို ထင်ပါတယ်။
ဟုတ်ချင်လည်း ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ်၊ ချင့်ယုံကြပေါ့။
ဘာလဲ တီချယ် တို့က ပညာရှင်စစ်စစ်တွေဟုတ်လား တစ်ခုခုတော့ မှားနေတယ်ထင်တယ် ခုဖြေရှင်တဲ့ကောင်လေး မင်းမနေ့တနေ့ကမှ လူဖြစ်လာတာနော် ဒီလင်မယားအကြောင်းမင်းဘယ်လောက်သိလို့လဲ
ဘာတဲ့တီချယ်တို့က ပညာရှင်စစ်တွေဟုတ်လားကောင်လေး မင်းတို့တွေတော့ဒီလင်မယားအလိမ်ခံနေရပြီ သနားစရာကောင်းလေးတွေ ဧကန်န မောင်မောင်ဦးက မင်းကိုခိုင်တာဖြစ်လိမ့်မယ်
တစ်ခုခုတော့လွဲနေပြီ.ဖြေရှင်းချက်က
ကာယကံရှင်ကိုယ်တိုင်ပြောတာပါ
email thaninsein-pounggyi@gmail.com ပါ။
ကိုယ့်လူ ဖြေရှင်းချင်စောနဲ့ တအားမပြောနဲ့။
ကိုယ့်လူပြောတာတွေက ကွန်ပျူတာတက္ကသိုလ်ကဘွဲ့နဲ့ ဘာမဟုတ်တဲ့ certificate နှိုင်းသလိုဖြစ်နေပြီ။ ကိုယ့်လူတို့ဖာသာ တကယ်ပဲဟုတ်ဟုတ် မတည့်လို့ပဲရေးရေး ကွန်ပျူတာတက္ကသိုလ်ဆိုတာ အစိုးရအသိအမှတ်ပြု university instituteပါ။ အပြင်က ညာဝါးညာစား institute မဟုတ်ဘူး။ နောက်ပြီး ရပ်ကွက်ထဲက state ကျောင်းလည်းမဟုတ်ဘူး။ တစ်ဦးတစ်ယောက်က လှူမှ ပြင်ပေးမှ ကွန်ပျူတာသုံးရတာမဟုတ်ဘူး အဲဒါတော့ သေချာသဘောပေါက်ဖို့လိုတယ်
ဒီဖြေရှင်းချက်ကိုကြည့်ရတာ အနှောင့်မလွတ် အသွားမလွတ် ပါလား ''တီချယ်တို့က ပညာရှင် စစ်စစ်တွေဗျ နိုင်ငံရေးသမား မဟုတ်ဘူး နိုင်ငံရေးစကား မပြောဘူး တွေ့ရင် စာကြိုးစားဖို့ပဲ'' ''စာမေးပွဲက အောင်ဖို့ ခက်တယ် စာတွေက ကွန်ပျူတာ တက္ကသိုလ် ဘွဲ့တစ်ခုစာလောက်များတာ'' ကွန်ပျူတာ တက္ကသိုလ်က စာမေးပွဲက အဆင့်မရှိ
ဘူးလား ဘွဲ့တခုစာလောက်များတဲ့ စာမေးပွဲ ဘယ်မှာမှ မတွေ့ဘူးသေးဘူး။
ပညာရှင်စစ်စစ်တွေက နိုင်ငံရေးသမား မဟုတ်ဘူးဆိုတာ တော့မှားတယ်လို့ ကျွန်တော်မြင်တယ် တကယ့်နိုင်ငံရေး စကားတွေကို အနှစ်သာရရှိရှိ ပြောနေတဲ့ သူတွေထဲမှာ ပညာရှင်တွေ အများကြီးပါတယ်.
ဒါ ဖြေရှင်းချက်လို့ မမြင်မိဘူး။ အတွေးတိမ်တိမ်နဲ့ ကလေးတစ်ယောက်ယောက် ရေးထားတဲ့ ပေးစာလို့ပဲ မြင်မိတယ်။ ယုယအမြင်သက်သက်ပါ။ ကွဲလွဲမှု ရှိနိုင်ပါတယ်။
ကလေးက ပြောသွားတဲ့ စကားထဲမှာ ''တီချယ်တို့က ပညာရှင် စစ်စစ်တွေဗျ နိုင်ငံရေးသမား မဟုတ်ဘူး နိုင်ငံရေးစကား မပြောဘူး တွေ့ရင် စာကြိုးစားဖို့ပဲ'' ဆိုတော့လေ ဒီနေ့ခေတ် ဒီနေ့အချိန်မှာ နိုင်ငံရေးကို ကြောက်စရာလိုမျိုး နိုင်ငံရေး သမားကို ရွံစရာလိုမျိုး ပညာရှင်ကပဲ အဆပေါင်းများစွာ သာနေသလိုမျိုး နိုင်ငံရေးနဲ့ ပညာရှင် ဆက်စပ်လို့ မရသလိုမျိုး ခပ်တိမ်တိမ် အတွေးအခေါ်မျိုးနဲ့ ရေးသားထားထဲ့ အယူအဆရှိတဲ့ ကလေးတစ်ယောက်ရဲ့ အမြင်က ဘယ်လောက်များ အမှန်တရားနဲ့ နီးနီးစပ်စပ် မြင်နိုင်ပါ့မလဲလို့လည်း အတွေးဝင်မိပါတယ်။
ကျန်တဲ့ အကြောင်းအရာတွေ ဟုတ်တယ် မဟုတ်ဘူး သေချာမသိပေမယ့် တစ်ကယ်လို ဖြေရှင်းချင်တယ် ဆိုရင် ကလေးကလားစကားတွေနဲ့ ဂုဏ်တင်နေမယ့် အစား အရင်က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ ပါတဲ့ အချက်တစ်ခုချင်းစီကို ကာယကံရှင်ကိုယ်တိုင် ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်မျိုးပေးပြီး ဖြေရှင်းသင့်တယ် ထင်တာပါပဲ။
စကားကိုကျအောင်ပြောတတ်တဲ့လင်မယားဘဲ။ MCF ရယ်၊ MCIA ရယ်၊ MCPAရယ်၊ UMFCCI ရယ်၊ မပါရင် စကားမပြောတဲ့လူ
နိုင်ငံရေးအချိန်(သပိတ်မှောက်)တုန်းက နိုင်ငံရေးထဲထဲဝင်ဝင်လုပ်ခဲ့တဲ့လူဘဲ ကြံ့ခိုင်ရေးချိန်ကျတော့ ကြံ့ခိုင်ရေးလုပ်တာပါ။ သူတို့ဘ၀ ကြံ့ခိုင်ရေးအတွက် ကြံ့ခိုင်ရေးလုပ်တာဘဲလေ။ အဲဒီလောက်ဆိုသဘောပေါက်လောက်ပါပြီ။ အချိန်တခုကနေ လုပ်ရပ်တွေကို ဖော်ပြသွားတာပါ။
ကိုယ့်သမိုင်းကိုယ်ရေးပါလိမ့်မယ်။
မယုံလို့ရှိရင် သွားစုံစမ်းကြည့်လိုက် လူကိုယ်တိုင် စကားသွားပြောကြည့်လိုက်ပါ။ သွားပြောပြီးပြီဆို ရင်တော့ပြန်ပြီး comment ရေးပေးစေချင်ပါတယ်
မဖော ရင် ကြိုက်သလိုပြော။
အသင်းဗန်းပြပြီးလုပ်စားနေတာလေ
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှာ ကလေးပေါက်စနတွေ စာမေးပွဲဖြေပြီး ဆုပေးတာမျိုးမရှိခဲ့ဘူး။
သူတို့လင်မယားကျတော့မှဘဲ ပြိုင်ပွဲတွေကို ပညာရေးမှုးရုံးဗန်းပြပြီး လုပ်တယ်
သူတို့မေးခွန်းထုတ်တယ်။ အဆင့်မြင့်က ဆရာမတွေကို marking ပေးပြီး စစ်ခိုင်းတယ်။ ဆရာမတွေသွားတော့ marking အဆင်သင့်မဖြစ်သေးဘူး
နောက်နေ့မှာလာဆိုတော့ ကျောင်းက ဆရာမတွေက မသွားတော့ဘူး သူတို့ဘာသာသူတို့စစ်ပြီး ဆုတွေပေးတယ်။
အဲဒီတော့ အဲဒီလိုဆုတွေ လိုချင်ရင် သူတို့ center မှာတက်။ သူ့သမီး ၀င်ပြိုင်တဲ့ ပြိုင်ပွဲကို မိဘကိုယ်တိုင် မေးခွန်းထုတ်တာ မြင်ဘူးကြားဘူးပါသလား။
မဖြေတဲ့ ကျောင်းသား ဆုရတာ ကြုံဘူးတယ်။ ကလေးနာမည်က ''ထူးခြားအောင်''တဲ့ the best of the student award ရတယ်လေ။ ပုသိမ်မြို့ပေါ်ကဘဲ သိချင်ရင်လဲသိကြလိမ့်မယ်။ မိဘတွေကလဲ သားသမီး ဆုလိုချင်တော့ အပ်နှံချင်ကြတာဘဲလေ။ အဲဒီတော့ တခြားမှာသွားသင်ရင် ဆုကမသေချာတော့ဘူး။ အမှတ်ပေး စည်းမျဉ်းနဲ့ မေးခွန်းနဲ့ သင်တာလေ။
ဘယ်ကျောင်းတွေကိုလှူဘူးလဲတော့မသိဘူး။ ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်ကိုတော့ မလှူဘူးပါဘူး။ ကျောင်းတွေက သိပ် အဖက်မလုပ်ကြဘူး။ အစကတော့ အဲဒီကျောင်းတွေက ပညာရှင်အသင်းမှာပါခဲ့ဘူးတယ်။ နောက်တော့ အစုလိုက်နှုတ်ထွက်ကုန်တော့ ဘယ်သူမှ မပါတော့ဘူး။ သူတို့ဘာသာ သူတို့ ပြန်ဖွဲ့ထားတာ။
Post a Comment