မလေးရှားကနေ ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်ပြီ


မလေး ( May )ဘဏ်
မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ၉ ရက်နေ့ကစပြီး ဧရာဝတီဘဏ်ခွဲတိုင်းက တစ်ဆင့်ငွေလွှဲလို့ရပြီလို့ သိရတယ်။
မလေးရှားကနေ သည်ကိုငွေလွှဲတဲ့အခါ ငွေလွှဲခနှုန်းက မလေးငွေရင်းဂစ် ၁၅၀၀ ထိလွှဲရင် ငွေလွှဲပို့ခ ၁၂ ရင်းဂစ်ယူမှာပါ။ ရင်းဂစ် ၁၅၀၀ ကနေ ၃၀၀၀ ထိဆိုရင် ၁၅ ရင်းဂစ်ပါ။ ၃၀၀၀ ကနေ  ၆၀၀၀ ထိလွှဲမယ်ဆိုရင်တော့ ၂၀ ရင်းဂစ်ကျတယ်လို့ ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောပါတယ်။ ငွေလွှဲတဲ့အခါ မလေးက လွှဲမယ်ဆိုရင် မလေး ( May )ဘဏ်က ငွေဈေးနှုန်း ရင်းဂစ်နဲ့ ဒေါ်လာ အတိုင်းလဲပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ပြန်ထုတ်ယူသူတွေအတွက်ကတော့ သိမ်ဖြူငွေလွှဲကောင်တာရဲ့ ငွေလဲပေါက်ဈေးအတိုင်း ဒေါ်လာကို မြန်မာငွေနဲ့ ပြန်လဲပေးသွားမယ်လို့ သိရတယ်။ မြန်မာနိုင်ငံကနေတော့ မလေးရှားကို ငွေပြန်လွှဲလို့မရပါဘူး။
မလေးက ငွေလွှဲတာကို မြန်မာနိုင်ငံဘက်က ထုတ်ယူမယ့်သူတွေအနေနဲ့ ဧရာဝတီဘဏ်မှာပဲ ထုတ်ယူရင်တော့ သည်ဘက်ကလူက ငွေလွှဲခထပ်ပေးစရာမလိုဘဲ သည်အတိုင်းထုတ်ယူရုံပါပဲ။ တခြားချိတ်ဆက်ထားတဲ့ ဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇ၊ ထွန်းဖောင်ဒေးရှင်း၊CB, AGD, ယူနိုက်တက်အမရ၊ MBL,သမ၀ါယမဘဏ်၊ (SBB )နဲ့ (MOB ) ဘဏ်တွေဆီက ထုတ်ယူမယ်ဆိုရင်တော့ တစ်ရာကို ၁၅ပြားနှုန်းငွေလွှဲခ သတ်သတ်ထပ်ပေးရမှာပါ။ သည်နေ့ မလေးရှားကငွေလွှဲရင် နောက်အကျဆုံးဆိုရင်နောက်နေ့ ငွေထုတ်ယူလို့ရပြီလို့ ဆိုတယ်။
´´မလေးရှားက ငွေလွှဲတဲ့သူတွေ တရားဝင်ငွေလာလွှဲရဲအောင် မြန်မာစကားတတ်တဲ့သူတွေကို ဖောင်ဖြည့်ပေးဖို့ သီးသန့်ဝန်ထမ်းတွေထားပေးမယ်။ ဖောင်ကိုဘယ်လို ဖြည့်ရမယ်၊ ငွေဘယ်လို လွှဲရမယ်ဆိုတာ သူတို့က ပြပေးလိမ့်မယ်၊ လတိုင်း၊ လတိုင်းလွှဲမယ့်သူတွေကိုတော့ လျှို့ဝှက်ဂဏန်းငါးလုံးပေးထားမယ်၊ နောက်လတွေငွေလာလွှဲတဲ့အခါ ဖောင်ပြန်ဖြည့်စရာမလိုဘဲ အဲဒီ ဂဏန်းငါးလုံးပေးလိုက်ရုံနဲ့ ငွေလွှဲပေးလိုက်မှာပါ၊ အဓိက က သူတို့တွေ ငွေလွှဲတာ တရားဝင်လမ်းကြောင်းဖြစ်သွားစေချင်လို့ပါ´´လို့ ဦးသန်းဇော်က ပြောပါတယ်။
မလေးကနေ မြန်မာနိုင်ငံကို ငွေလွှဲတာအခုမှ ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ် ၊ နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကို မလေးက ငွေလွှဲနေတာကြာပြီလို့ သိရတယ်။

မော်ဒန် သတင်းဂျာနယ် 
မလေးရှားကနေ ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်ပြီ မလေးရှားကနေ ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်ပြီ Reviewed by သစ်ထူးလွင် on 08:28 Rating: 5

8 comments:

ladyjune said...

ကြိုဆိုပါတယ်.စင်္ကာပူ နိုင်ငံနဲ့လဲ လုပ်ပေးစေချင်ပါတယ်..

lwannmaymay said...

ဖြစ်သင့်တာ ကြာပါပြီ....
ကျေးဇူးပါ ......

lwannmaymay said...

ဖြစ်သင့်တာကြာပြီ....


မြန်မာပြည်က ပြန်လွှဲလို့၇အောင်လည်း

ဆက်လက်ကြိုးစားပေးပါအုံး

SKy said...

(မလေးရှားကနေ သည်ကိုငွေလွှဲတဲ့အခါ ငွေလွှဲခနှုန်းက မလေးငွေရင်းဂစ် ၁၅၀၀ ထိလွှဲရင် ငွေလွှဲပို့ခ ၁၂ ရင်းဂစ်ယူမှာပါ။ ရင်းဂစ် ၁၅၀၀ ကနေ ၃၀၀၀ ထိဆိုရင် ၁၅ ရင်းဂစ်ပါ။ ၃၀၀၀ ကနေ ၆၀၀၀ ထိလွှဲမယ်ဆိုရင်တော့ ၂၀ ရင်းဂစ်ကျတယ်လို့ ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောပါတယ်။)
ကျွန်တော်သိတာကတော့ ဟွန်ဒီနဲ့  လွဲရင် မြန်မာငွေတစ်သိန်းမကျော်ရင် ပို့ ခမပေးရသလို၊ amount များရင် ပို့ ခ ပေးစရာမလိုပါဘူး။ သူတို့ ကျမှပဲ ပို့ တဲ့ amount များလေ ပို့ ခများလာလေဖြစ်လာတယ်...........
ပို့ ခပေးရတာက ထားပါတော့......
amount များလာရင် ပို့ ခကို လျော့ပေးသင့်တာပေါ့........

thanhtikeaung said...

အရမ်းကို ကောင်းမွန်တဲ့ စနစ်ပါ ဗျာ ကြို ဆိုပါ တယ် ဗမာဆိုင် တွေ မှာ ငွေ လွှဲ ရတယ် နဲ့ ရင် ပြသနာ မရှိဘူး များများ လွှဲ တဲ့ ခါ ဆို ရင်တ ဒိတ်ဒိတ်နဲ့ ရောက်မှ ရောက် ပမလား လို့ ရင် တမမ ဖြစ်နေရတယ်

gemuk said...

အ၇မ်းကောင်းသောနည်း ကြိုဆိုပါ၏

linnminkhant said...

ဝါးးးးးးးးးးးးးးးးးးး.......ကျေးဇူး အဆင်ပြေတာပေါ့ မြန်မာအချင်းချင်းခေါင်ပုံ ဖြတ်တဲ့သူတွေများနေတာ မှတ်ကရော..........။

Hkahku Kachin said...

ကျေးဇူး တင် ပါ တယ် ဧ၇ာဝတီ ပို ပြီးအောင်မြင် ပါ စေ လို.ဆုတောင်း မိပါတယ်
ပြည်သူတွေ ၇ဲ.လို အပ် ချက် ကို ဒီ ထက်ပို ပြီး ဖြည်.ဆည်း နိုင် ပါ စေ ကွာ

Powered by Blogger.