နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည်

NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စောစောပိုင်းက မန္တလေးမြို့မှာ လူထုဟောပြောပွဲပြုလုပ်မယ့် ကွင်းနေရာ မသေချာသေးတာကြောင့် အစီအစဉ်အတိအကျ မရေးဆွဲသေးတာဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။ အခုအခါ အာဏာပိုင်တွေက မန္တလေးမှာ ဟောပြောပွဲလုပ်မဲ့ကွင်းအတွက် ခွင့်ပြုလိုက်တာကြောင့် မန္တလေးမြို့ကို မတ်လ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မတ်လ ၃ ရက်နေ့စတင်ပြီး မတ်လ ၅ ရက်နေ့ နေပြည်တော်မှာ ပါတီစည်းရုံးရေးပြုလုပ်ပြီးနောက် ရန်ကုန်ကို ပြန်လည်ထွက်ခွာမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
RFA


ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှ ရွှေခွပ်ဒေါင်းဖြင့် ကြိုမည်

မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က အရှည် ရှစ်ပေကျော်ရှိ ရွှေခွပ်ဒေါင်းရုပ်ဖြင့် ကြိုဆိုမည် ဖြစ်ကြောင်း တိုင်းပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် နိုင်ငံအနှံ့ စည်းရုံးရေးခရီး လှည့်လည်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ခရီးစဉ် အပြီး တစ်ပတ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မိတ္ထီလာ၊ ပဲခူးမြို့များသို့ ခရီးလှည့်လည်မည် ဖြစ်သည်။
 The Voice Weekly
နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် Reviewed by သစ်ထူးလွင် on 09:52 Rating: 5

6 comments:

phayoung2009@gmail.com said...

မန္တလေးမှမြို့သူမြို့သားများသို့

မန္တလေးမှမြို့သူမြို့သား တွေရေ စိတ်ချမယ်နော်...
သူများတွေက သူများမြို့တွေက ဘယ်လိုကြိုဆိုသလဲဆိုတာ မင်းတို့သိတယ်နော်...
အမေ့ရဲ့လုံခြုံရေးပါ ဂရုစိုက်နော်...

min yar zar said...

hey ...you guys from Mandalay, show your brave and welcome to Amay Su....

skull fish said...

နောက်တစ်ခု ပြောချင်တာလေးက သတင်းလောကပါ။ ကျွန်တော် အင်တာနက်မှာ facebook သုံးပါတယ်။ သတင်းတွေကို အချိန်နဲ့အမျှ အမြဲမပြတ် ဖတ်ရှုရပါတယ်။ သတင်းထောက်တွေကို လည်း အဲဒီအတွက် တော်တော်ကြီး ကျေးဇူးတင်ပါတယ်ဗျာ။

ဒါပေမယ့် ကျွန်တော်တွေးမိတာလေး တစ်ခုက ဒီလိုပါ။

ခင်ဗျားတို့ ကျွန်တော်တို့ အင်တာနက်က သတင်းကြည့်ကြည့်၊ ခုဆို မီဒီယာ လွတ်လပ်ခွင့်နည်းနည်းပါးပါး ရလာတော့ ဂျာနယ်ကို ဖတ်ဖတ်ပါ။ တွေ့နေရတာ အမေစု၊ တွေ့နေရတာ NLD၊ တွေ့နေရတာ ကျောင်းသားခေါင်းဆောင်များ အကြောင်းတွေချည်းပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေနဲ့ မီဒီယာသမားများ၊ သတင်းထောက်များဟာ ဘယ်လောက်ထိ အမေစုကို ချစ်ကြ၊ ယုံကြည်ကြသလဲဆိုတာ ခံစားလို့ရပါတယ်။ ပျော်လည်း ပျော်ရပါတယ်။

ဒါပေမယ့်ဗျာ။ ကျွန်တော် တခါတလေ ပြည်ခိုင်ဖြိုးကော၊ ဘာလုပ်နေလဲ သိချင်ပါတယ်။ သူတို့လည်း ငြိမ်နေမှာမဟုတ်တာ သေချာနေတာပဲ။ ဒါဆို သူတို့ ဘာလုပ်နေလဲဗျ။ အရင်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကြီးကကော၊ ဘာလုပ်နေလဲ။ ကချင်မှာ တိုက်ပွဲဖြစ်နေတယ်။ ဒါပဲလား၊ စစ်တပ်ကြီးတစ်ခုလုံး သူတို့ဘာလုပ်နေလဲ။ ကျွန်တော်ဘယ်မှာ ဖတ်ရမှာလဲ။ သတင်းစာမှာ မဖတ်ချင်ပါ။ ရုပ်မြင်သံကြားမှာ မကြည့်ချင်ပါ။ ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူထဲက မီဒီယာထဲက အမှန်တရား သတင်းကို သိချင်တာပါ။ ရှာတယ်။ ဖွေတယ်။ မတွေ့ပါ။ တွေ့လည်း တော်တော်နည်းတဲ့ သတင်းအတိုအထွာလေးသာ တွေ့ရတယ်။



ပြန်စဉ်းစားကြည့်တော့ ဒါဟာ ကောင်းပါသလား။ ဖြစ်သင့်ပါသလား။ ရန်သူမဟုတ်ပေမယ့် ပြိုင်ဘက်က သတင်းကို အမှောင်ချထားသလိုပဲ။ ဒီလို အခြေအနေဖြစ်အောင် တမင်အကွက်ချလုပ်ခဲ့တာလား ဆိုတာတောင် သံသယဖြစ်မိပါတယ်။ ပြိုင်ဘက်သတင်းကို မရဘဲ၊ ကိုယ့်သတင်းနဲ့ ကိုယ်တော့ ခင်ဗျားတို့ ပျော်မနေကြပါနဲ့။ ခင်ဗျားတို့ ကျွန်တော်တို့က အမေစုကို ချစ်တယ်။ အမေစုအော်သလို လိုက်အော်တယ်။ အမေစုလုပ်သမျှ သတင်းလုပ်ရေးမယ်။ ဒီအထိတော့ မှန်နေပါတယ်။ ပြိုင်ဘက်ကို ဂရုမစိုက်ရင်တော့ ရင်လေးစရာပါလို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ ကျွန်တော်ပဲ အတွေးလွန်နေတာလား၊ စိုးရိမ်စိတ်လွန်ကဲနေတာလား။ အားလုံး အကြံပြုဆွေးနွေးလို့ ရပါတယ်။

Anonymous said...

အမေစု Warmly Welcome to Mandaly

dnp said...

ကြံဖွံလား....မနေကတော့ မောင်သိန်းစိန် နေပြည်တော် ကြက်ပြေးဘက်က
ဝန်ထမ်းအိမ်ရာ မှာ နေတဲ့ ၀န်ထမ်းတွေနဲ့သွားရောက်တွေဆုံပြီး....၀န်ထမ်းတွေ ကို medical check လုပ်ပေးတယ်တဲ့.... သူကပြောသွားတယ် ၀န်ထမ်းတွေကိုလစာတိုးပေးမယ်တဲ့ ဒါပေမယ် နိုင်ငံခြားကြွေးမြီး တွေများနေတယ် နောက်နှစ်ဆိုရင်ဖြစ်အောင်လုပ်ပေးမယ်လို့..ကြံဖွံကိုယ်စားတဲ့..ပြောသွားပါတယ်ဗျာ...(မှတ်ချက်....ဆေးစစ်ပေးတဲ့သူတွေကတော့...စစ်ဆေးရုံက ဆရာဝန်တွေပါတဲ့ဗျာ)....

dnp said...

သတင်းစာတွေမှာသာလွတ်လပ်ခွင့်ရနေတာပါဗျာ......အပြင်မှာကတော့...ဒုံရင်းဟာဒုံရင်းပါဘဲဗျာ.....

Powered by Blogger.