ဝန်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းကို ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းအတွက် အမှိုက်များရှင်းလင်းနေစဉ်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်းစီမံကိန်းအား ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသတင်းရရှိပါသည်။
အဆိုပါ ၀န်ထမ်းကြီးမြေကွက်များကို Great Wall  ဆောက်လုပ်ရေး၊  AM ဆောက်လုပ်ရေးနှင့် KMB ဆောက်လုပ်ရေးတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာလမ်းနှင့် ဒုဌ၀တီလမ်းအနီး အဆင့်မြင့်အိမ်ရာ ၁၉၆ ဧကစီမံကိန်းမြေကွက်များ ဖော်ထုတ်ခြင်းအတွက် သဲဖို့နေခြင်းနှင့် မြနန္ဒာလမ်းနှင့် ကမ်းနားလမ်းအတွင်းရှိ အမှိုက်များကို ရှင်းလင်းနေခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ကုမ္ပဏီသုံးခုက ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်တဲ့ စီမံကိန်းအတွက်မြေကွက်တွေ ဖော်ထုတ်ပေးရုံသတ်သတ်ပဲ လုပ်ပေးတာ။ ဒီနှစ်မိုးရာသီအကုန်လောက်တော့ မြေကွက်တွေ ဖော်ထုတ်ပေးမှုပြီးနိုင်လိမ့် မယ်ထင်တယ်။မြေကွက်တွေဖော်ပြီးသွားရင် မြို့ရွာနဲ့အိုးအိမ်ဦးစီးဌာနကို ဒီမြေကွက်တွေ အကုန်အပ်ကြရမှာပါ။ ဒီမြေကွက်တွေကို ရာထူးကြီးတဲ့ အစိုးရ၀န်ထမ်းတွေကိုချပေးဖို့အတွက် လုပ်ဆောင်တာလို့ သိထားပါတယ်'' ဟုယင်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင် နေသည့်  AM ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
EMG
ဝန်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းကို ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေ ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းကို ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေ Reviewed by သစ်ထူးလွင် on 09:43 Rating: 5

7 comments:

san san said...

ဘာဖြစ်လို့ ရာထူးကြီးတဲ့သူပေးရတာလဲ။ ကျေးဇူးပြုပြီး ရေများရာ မိုးမရွာကြပါနဲ့။ ရေများတော့ ပိုတာ အလကားဘဲ။မရှိတဲ့အောက်ခြေဝန်ထမ်းတွေ အတွက်ပိုစဉ်စားပေးသင့်တယ်။ ဒါမှ လူတန်စာ အရမ်းကွာဟမှု့ လျှော့ပေးကြပါ။အလကားနေ အရာရှိအတွက်ဘဲစဉ်းစားနေကြတယ်။လိုအပ်တဲ့သူကိုပေးတော့ ကျေးဇူးတင်ပြီး တူသောအကျိုး၇လိမ်မယ်။

lotus said...

ကောင်းလိုက်တဲ့အဆိုးရ..
နေစရာမရှိတဲ့ ၀န်ထမ်းငယ်တွေကျတော့ လျစ်လျူရှုထားတယ်.. နေစရာပေါတဲ့ သူတွေပဲရကြအုံးမယ်..တစ်ခါလာလည်း အရာရှိကြီးကြီးတွေ..တစ်ခါလာလည်းရာထူးကြီးကြီးတွေ တစ်ခါလာလည်း ဗိုလ်ချုပ်တွေ.. ဒီပုဂ္ဂိုလ်တွေက ထားစရာမရှိဘူး.. ၀န်ထမ်းငယ်တွေက ပင်စင်ယူရင်တောင် ဘယ်မှာနေရမယ်မသိဘူး..
လောက ဆိုတာ လောတဲ့သူတွေက လောနေပေါမယ့်
က တဲ့သူတွေက က နေတာ ကို ခေါ်တာထင်ပါရဲ့

lotus said...

တစ်ခါလာလည်း ဗိုလ်ချုပ်တွေ.. တစ်ခါလာလည်း အရာရှိကြီးကြီးတွေ.. နဲ့ သူတို့တွေက တော့ ထားစရာမရှိတော့ဘူး..
ဝန်ထမ်းအငယ်တွေက တော့ စားစရာမရှိဘူး.. ပင်စင်ယူရင် ဘယ်မှာကပ်နေရမလဲ လို့စဉ်းစားရင် အိပ်တောင်မပျော်ဘူး..
လောကဆိုတာ လောတဲ့သူက လောနေပေမယ့်
က တဲ့သူက က နေတာ ကိုခေါ်တာထင်ပါရဲ့..

သစ်ထူးလွင် said...

ပြောကိုမပြောချင်တော့ဘူး တခါလာလဲဒီအရာရှိတွေအတွက်စီမံကိန်း ဒါတွေဘဲထပ်နေတော့တာဘဲ စားလို့ ယူလို့ကိုအားမရနိုင်ကြသေးဘူး။ ဘယ်မှာလဲဆင်းရဲမွဲတေမှု့ပပျောက်ရေးဆိုတာ...

Anonymous said...

ဒီေ၇ပေါ်ဆီ..လူတန်းစားတွေကိုဘဲ..ေ၇ထပ်ဖြည့် နေကြ..စားစ၇ာမရှိနေစ၇ာမရှိ..ကျောင်းနေ၇မဲ့ အရွယ်တွေမှာ..ပညာလဲမသင်၇တဲ့ လေလွင့် ပြီးလမ်းပေါ်မှာ..ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ..ကလေးသူငယ်များ၇ဲ့ အနာဂတ်တွေကိုမတွေးပေးတော့ ဘူးလား။ပြောတော့ ဆင်း၇ဲသားပပျောက်ေ၇း...လုပ်၇ပ်က..သူဌေးတွေ..ပိုဖူလုံေ၇းများဖြစ်နေသလားလို့ ...

Anonymous said...

ဟာ ဖြတ် ဖြတ် အဲအခန်းဖြတ်

ဝေဖန်ရေး said...

တပ်ထဲ ကကောင်တွေ (သို့) လတ်တစ်လော ယူနီဖောင်းချွတ်ထားတဲ့ ကောင်တွေပဲ ရမှာပါဗျာ။လောလော ဆယ်အကွက်တောင် မကျသေးဘူး အဘ အတွက်ဘယ်အကွက်ဆိုတာ ဂရန်တောင် ကြိုရနေလောက်ပြီ။ ချီးထုတ်တွေကြီးပဲ

Powered by Blogger.