နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရွှေည၀ါ ဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား

ရွှေည၀ါ ဆရာတော်အနေနဲ့ နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ လာရောက် လျှောက်ထားခဲ့တယ်လို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ကြားပါတယ်။
(ဒီမိုဝေယံ website)
ရွှေညဝါဆရာတော် ဦးပညာသီဟ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဒါယကာတစ်ဦး ရောက်လာပြီး လျှေက်ထားခဲ့တာပါ။ ဆရာတော်က မိမိအနေနဲ့ ပါတီနိုင်ငံရေး လုပ်နေတာ မဟုတ်ကြောင်း လှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို ကူညီဖို့ မိမိ သာဓုကျောင်းတိုက်က မထွက်ခွာခင်မှာ ဆွမ်းခံကြွနေတာသာဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မနက် ၈ နာရီကနေ ၁၀ နာရီလောက်အထိ ရွှေည၀ါဆရာတော်ဟာ သံဃာအပါး ၅၀၀၊ သီလရှင်အပါး ၂၀၀ လောက်နဲ့အတူ ရန်ကုန်မြို့ သာဓုကျောင်းတိုက်နားက ကြည့်မြင်တိုင်၊ သာဓုစတဲ့ ရပ်ကွက်တွေမှာ ဒုတိယမြောက်နေ့အဖြစ် ဒါယကာ ဒါယိကာမတွေကို နှုတ်ဆက်တဲ့အနေနဲ့ ဆွမ်းခံကြွခဲ့ပါတယ်။ ဒီကနေ့မနက် ဆွမ်းခံကြွရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ Generation Wave မျိုးဆက်သစ် လူငယ်များအဖွဲ့၊ ဗကသနဲ့ သံလျင်က ကရုဏာအဖွဲ့ လူငယ်တွေက ဆွမ်းခံကြွသံဃာတွေအတွက် ဝေယျာဝစ္စ ပါဝင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ရွှေည၀ါ ဆရာတော်ဟာ လာမယ့် ၁၉ ရက်မှာ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က နောက်ဆုံးထား ထွက်ခွာပေးရမှာဖြစ်ပြီး မှော်ဘီမြို့နယ်မှာ သွားရောက် သီတင်းသုံးဖို့ လတ်တလော စီစဉ်ထားကြောင်း ဆရာတော်က မိန့်ပါတယ်။
RFA
နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရွှေည၀ါ ဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရွှေည၀ါ ဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား Reviewed by သစ်ထူးလွင် on 01:11 Rating: 5

15 comments:

အမြင်သစ် said...

ခင်ဗျားတို့ရဲ့ အသုံးချခံ မဟန က ဆရာတော်တွေကိုဘဲ သွားပြီး ချွေးသိပ်လိုက်ပါဗျာ။ ပြည်သူတွေက နားလည်ပါတယ်၊ ဘယ်သူတွေက အသုံးချပြီး၊ ဘယ်သူတွေက အသုံးချခံဖြစ်နေတယ်ဆိုတာ။ ပြည်သူတွေ မဟန က ဆရာတော်တွေကိုအကြည်ညိုပျက်အောင်လုပ်နေတာ ဘယ်သူတွေလဲဗျ။ သံဃာတော်တွေကို ဟိုနေရာမှာနေ ဒီနေရာမနေနဲ့ ဒီဟာမပြောနဲ့ ဟိုဟာပြော ၊ ဆိုပြီး ဘုရားကိုးဆူ ဆရာတွေလို နေရာချထားရေး လုပ်ပြီး ချယ်လှယ်နေတာ ဘယ်သူတွေလဲဗျ ၊ မဂ္ဂင်ကျောင်းကို ပြန်လာပိတ်တော့ တိုင်းသာသနာရေး က အရာရှိကိုပုံစံကို ကြည့်ရင်မြင်နိုင်ပါတယ်။ ဘိုကေလေး တသပ်သပ်နဲ့ ၊ ဆရာတော် မဟန က ဆရာတော်ကြီးတွေဆီကို သြ၀ါဒ ခံယူဖို့ ကြွလိုက်အုံး ဘာညာနဲ့ ရေနံချောင်းဆရာတော် တစ်ပါးကိုပြောနေတာ။ ဘာတွေလဲဗျ.................. နိုင်ငံရေးသမား(အဓမ္မ) သမားတွေကဘယ်သူတွေလဲဗျ၊ ဒီမိုကရေစီဘက်တော်သားတွေကို နိုင်ငံရေးသမားတွေလို့ သမုတ်ရင်လည်း တနိုင်ငံလုံးကပြည်သူတွေက နိုင်ငံရေးသမားတွေချည်းဘဲပေါ့ဗျာ။ ဒါပေမဲ့ (ဓမ္မ) တရားလက်ကိုင်ထားတဲ့ နိုင်ငံရေးသမား ဒီမိုကရေစီဘက်တော်သားတွေဆိုတာ ခင်ဗျားတို့သိအောင်ပြောလိုက်မယ်ဗျာ။

ko pwa said...

ဆရာတော်တွေက နိုင်ငံရေးရောယှက်မှု မရှိသင့်ဘူးထင်ပါတယ်။

အမြင်သစ် said...

ကိုပွဆိုတဲ့လူကို တစ်ခုလောက်မေးချင်ပါတယ်။ နိုင်ငံရေးဆိုတာ ဘာလဲလို့မေးပါရစေ။ နိုင်ငံကောင်းစားရေးအတွက် တရားတွေဟောနေတဲ့ ၊ မင်္ဂလာတရားနဲ့ အမင်္ဂလာတရားကို ခွဲခြမ်းစိတ်ဖြာပြနေတဲ့ ၊မတရားတာတွေကို မြင်သာအောင်ဟောပြောနေတဲ့ ဆရာတော်တွေ ကိုရော ဘယ်လိုမြင်ပါသလဲ။ ပြည်သူတွေကို အမြန်မှန်ရအောင်ဟောပြော သွန်သင် ဆုံးမရမှာ ဘုရားဟောမှာပါတဲ့ လောကပါလတရားပါ။ အားအားရှိ နိဗ္မာန်ရောက်ကြောင်းတရားကြီးဟောနေတဲ့ဆရာတော်မှ ဆရာတော်မဟုတ်ပါဘူး၊ သာဓက အနေနဲ့ ပြရရင် အရှင် ဦးဥတ္တမ တို့ကို ပြန်အားနာသင့်ပါတယ်။ အထင်နဲ့ ၀င်ပြီး မပွချင်ပါနဲ့ ......

Numega said...

သာသနာတာဝန်ကို ထမ်းဆောင်နေတဲ့ သံဃာများအနေနဲ့ ဆွမ်း၊ ကွမ်း အလှူ-ဒါယကာ ဒါယိကာမတွေအဖြစ် ဆက်ဆံနေရတာကို ထစ်ခနဲဆို နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ နိုင်ငံရေးမလုပ်ဖို့ ဆိုတဲ့ အသုံးအစွဲတွေကို မသုံးစွဲစေခြင်ပါ။

Unknown said...

@cosy
cosy ရေးတာက "အားအားရှိ နိဗ္မာန်ရောက်ကြောင်းတရားကြီးဟောနေတဲ့ဆရာတော်မှ ဆရာတော်မဟုတ်ပါဘူး"

Cosy ဟာ ဗုဒ္ဓ ဘာသာ အစစ် အမှန်ဆိုရင်တော့ ဒီနေ့ကစ သံသရာလွတ်ရာလွတ်ကြောင်း ပြသနေတဲ့ ဝိပသနာ ဆရာတော်ကြီးများကို တောင်းပန်ပြီး ကောင်းမှုကုသိုလ် များများသာလုပ်ပေတော့။
နိဗ္ဗာန်ရောက်ကြောင်းတရားတော်တွေ ဟောတဲ့ ဆရာတော်တွေဟာ အများအားဖြင့် အရိယာ မဟုတ်သေးရင်တောင် မှ အရိယာဖြစ်ဖို့ အားသန်ကျင့်ကြံနေသူတွေ၊ သီလလောက်မပြောနဲ့ စိတ္တဝိသုဒ္ဓိ ဆိုတဲ့ စိတ်စင်ကြယ်မှု (သာမန်ပုထုစဉ်ရဲ့စင်ကြယ်မှုမျိုးမဟုတ်) နဲ့ ပြည့်စုံနေကြတဲ့ ဆရာတော်သံဃာများ ဖြစ်ပါတယ်။
အဲ့ဒီလို သံဃာများကို စိတ်အားဖြင့်သာမက ကာယကံမြောက် (အားအားရှိ ဆိုပြီး) စာရေးပြီးစော်ကား ထားတဲ့ ပုဂ္ဂိုလ်ဟာ ကြီးလေးတဲ့ အပြစ်သင့်နေပြီဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ စစ်မှန်ရင် ယနေ့ လူ့ အခွင့်အရေး ဒီမိုကရေစီရေး စတဲ့ ရေပွက်ပမာ ခနတာ သဘောတရားတွေ ကို ပဲမြင်မနေဘဲ၊ မဆုံးနိုင်တဲ့ သံသရာ ရဲ့ ကြောက်စရာကောင်းပုံကိုတွေးတော ပြီး လွတ်ရာလွတ်ကြောင်းကျင့်ကြံသင့်၊ သံသရာလွတ်ကြောင်း (ဒီမိုကရေစီရကြောင်းမဟုတ်) ဟောပြောနေတဲ့ သံဃ ဂုဏ်နဲ့ တကယ်ညီသော ဆရာတော်များ ဆည်းကပ်သင့်ပါတယ်။
တစ်ဆက်တည်းပြောလိုတာက လောကမှာ ကိုယ်ရရှိနေတဲ့ ကိုယ့်အခြေအနေပေါ်မူတည်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်တာအကောင်းဆုံးပါပဲ။
စစ်သားဟာ စစ်တိုက်ရပါမယ်။ တိုင်းပြည်ကာကွယ်ရပါမယ်။ စစ်သားစစ်သားအလုပ်လုပ်နေရင် အလွန်တင့်တယ်ပါတယ်။
နိုင်ငံရေးသမား ဟာ နိုင်ငံရေးလုပ်ရပါမယ်။ နိုင်ငံရေးစကားပြောရပါမယ်။ အမေစု၊ ကိုမင်းကိုနိုင်တို့ လူထုကို နိုင်ငံရေးတရားတွေ ဟောပြောနေတာ အလွန်တင့်တယ်ပါတယ်။
သံဃာဟာ သံဃာအလုပ်လုပ်ရပါမယ်။ လောကီကြီးပွါးရေး နည်းနည်းပြောပြီး လောကုတ္တရာ အကျိုး စီးပွါးများများဟောရပါမယ်။ လူတွေကို သနားလွန်းလို့ မေတ္တာထားလွန်းလို့ သံသရာအပြစ်တွေကို မြင်လွန်းလို့ လူ့လောကနဲ့ သင့်ရုံသာပါတ်သက်ပြီး သံသရာ လွတ်ကြောင်း ဟောပြောနေတဲ့ သံဃာတွေဟာ အလွန်တင့်တယ်လှပါတယ်။

ဘကြီးမောင် said...

ကိုပွရေ
ဘုန်းကြီးနိုင်ငံရေးမလုပ်ရဘူးဆိုတာ ဘုရားဟောမှာ ပါလား... ၀ိနည်း၊သိက္ခာပုဒ်ရှိလား..ဘုရားတောင်လူတွေအကျိုးကို ဆောင်ရွက်ဖို့ပွင့်လာတယ်ဆိုတာ မမေ့ပါနဲ့..စာများများဖတ်.....

Ko Phyo said...

အဲဒါတွေကတော့နိုင်ငံတစ်ခုမှာရှိတဲ့ ခေါင်းဆောင်တွေရဲ့ ခံယူချက်ပဲလို့ တင်မြင် မိပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းကတော့ ရဟန်းတွေကို တရားပဲ ကျင့်ဖို့၊ အဲလိုတရားကျင့်ခြင်းအားဖြင့်လည်း နိုင်ငံအကျိုးသာသနာအကျိုးကို ထမ်းပိုးခြင်းဖြစ်တယ်၊ နိုင်ငံရေးမှာတော့ ၀င်မပါကြပါနဲ့လို့ မိန့်ခွန်းချွေဖူးတယ်ဗျ၊ ဒါပေမဲ့လည်း တိုင်းပြည်လှဝမှ သာသနာလှမယ်ဆိုတဲ့ ဆိုရိုးစကားလည်းရှိသေးတော့ ခက်တော့ခက်တယ်ဗျ၊ ဒါပေမဲ့ဗျာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟာပြောပွဲတွေ၊ လူထုစည်းရုံးပွဲတွေကိုတော့ ဘုန်းကြီးကျောင်းတွေမှာ မလုပ်သင့်ဘူးလို့ လူပြိန်းတွေးအနေနဲ့ မြင်မိပါတယ်၊ ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာတော့ ------------------ အင်း စဉ်းစားစရာပါပဲ

Unknown said...

ကိုပွါး ပြောတာမှန်ပါတယ်။
မြတ်စွာဘုရားက သံဃာတွေ လောကီကိစ္စလုပ်တာကို တားမြစ်ပါတယ်။
ဥပမာ လူတွေကြီးပွါးအောင်ဆိုပြီး လောကီ အစီအမံ အင်း၊လက်ဖွဲ့တွေလုပ်ပေးတာ ဘုရားခွင့်မပြုပါဘူး။ ဒါကို သံဃာတွေ အင်းမလုပ် ရဘူး လို့ သီးသန့်တော့နာမည်တပ်တားမြစ်ထားဟန်မတူပါဘူး။ ဒါပေမဲ့ လောကီ ကိစ္စမလုပ်ရဘူးဆိုရင် ဒါကိုတားမြစ်ပြီးသားဖြစ်ပါတယ်။
နိုင်ငံရေးဆိုတာ လောကီကိစ္စသက်သက်ပါ။ ဘုရားလက်ထက်မှာ ဘုရားအပါအဝင် ဘယ်သံဃာမှ တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်ပုံ အုပ်ချုပ်နည်းတွေ တရားရုံး၊ လွှတ်တော်ဆုံးဖြတ်ပုံတွေမှာ ဝင်စွက်တာမရှိပါဘူး။ လောကီကိစ္စ မလုပ်ရဘူးလို့တားမြစ်ထားရင် နိုင်ငံရေး မလုပ်ရဘူးလို့ ပြောသလိုမှတ်ယူရပါမယ်။ သာမန် ထက်ပိုပြီး လူ့ကိစ္စမှာထဲထဲဝင်ဝင်မပါသင့်ဘူး၊ ပါနေရင် ကိုယ့်အလုပ်ထက်ကျော်နေပြီဆိုတာ သိရပါမယ်။ ဆရာတော် ဦးဥတ္တမ တို့ ဦးဝိစာရတို့ ဟာ လွတ်လပ်ရေး တိုက်ပွဲမှာတော့ သူရဲကောင်းတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုလုပ်တာကို တကယ့် ဘုရားသာသနာ က ခွင့်ပြုလား၊ မြတ်စွာဘုရား အလိုကျ ဟုတ်ရဲ့လား ဆိုတာကတော့ မေးခွန်းထုတ်ရမဲ့ကိစ္စ ဝိနည်းကျွမ်းကျင်တဲ့ ဆရာတော်များ ဆုံးဖြတ်ရမဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီဆရာတော်တွေ ဒီလိုလုပ်တာနဲ့ သံဃာတွေ အကုန်လုံး ဒါမျိုးလိုက်လုပ်နိုင်တယ်၊ သံဃာအနေနဲ့ အပြစ်မရှိဘူးလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။
ဘာပဲပြောပြော ဘာသာရေး နဲ့ နိုင်ငံရေး ဆိုတာ ကွဲရပါမယ်။ ဒါကို secular ဖြစ်တယ်လို့ခေါ်ပါတယ်။ ယနေ့ ကမ္ဘာမှာ အမြဲထိတ်လန့် စိုးရိမ်နေရတဲ့ မွတ်စလင် အကြမ်းဖက်ကိစ္စတွေဟာ ဘာသာရေးကို နိုင်ငံရေး အတွက် အသုံးချနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ religion ကို politicized လုပ်လိုက်လို့ဖြစ်သွားတာပါ။ အကျိုးဆက်ကတော့ မွတ်ဆလင် မြင်ရင် နည်းနည်းတော့ တွန့်သလိုလို ၊ နှာခေါင်းရှုံ့ သလိုလိုဖြစ်သွားမိတော့တာပဲ။
ဒါဆို နိုင်ငံရေးစိတ်ဝင်စားတဲ့ သံဃာတွေ နိုင်ငံရေးမလုပ် ရဘူး ဆိုရင် ဖိနှိပ်ရာ မတရားရာ ရောက်ပါ့မယ်။ ဒီတော့ ဘာလုပ်မလဲ.. နိုင်ငံရေး လုပ်ချင်တဲ့ သံဃာ လူထွက်ရုံပါပဲ။
ရှင်းပါတယ်။ သံဃာ စီးပွါးရေးလုပ်ချင်သလား.. ရပါတယ်။ ကုမ္ပဏီထောင်ချင်သလား... ရပါတယ်။ လူထွက်လိုက်ပါ။
လူထွက်ပြီးတော့မှ ပါတီထောင်ထောင်၊ ကိုကျော်သူတို့လို လူမှုရေး အသင်းထောင်ထောင်၊ အိမ်ထောင်ပြုပြု ဘာမှ ပြသနာမဟုတ်ပါ။
အမေစု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ အကုန်လုံး လူတွေဖြစ်ပါတယ်။ လူတွေ လောကီကိစ္စ နိုင်ငံရေးလုပ်တာ ဘာမှပြောစရာမလိုပါ။
အခုဟာ က လူတွေကိုယ်တိုင် က ဘုရားဟော ဝိနည်းတွေ၊ ပညတ်တွေကို ဘာမှနားမလည်ပဲ သံဃာကိစ္စမှာ ဝင်ပါနေတာခက်နေတာပါ။ (အစိုးရကော၊ သာမန်ပြည်သူတွေကော အတူတူပါပဲ၊ ဝင်စွက်နေကြတာ)။ ဥပမာ ဘုန်းကြီးတွေ ဘောလုံးပွဲမှာ သင်္ကန်းတကားကားနဲ့တွေ့လို့ မကောင်းကြောင်းပြောတဲ့ သူကို နောက်တစ်ယောက်က "ဟေ့ကောင် ဘုန်းကြီးလည်း လူသား ပဲကွာ ဒီလိုပွဲကောင်းလေးတွေ သူတို့လည်း ကြည့်ခွင့်ရသင့်တာပေါ့တဲ့"။
အခုလည်း ဘုန်းကြီးတွေလည်း နိုင်ငံရေးလုပ်ခွင့် right ရှိသင့်တာပေါ့ဆိုတဲ့ အယူအဆ တွေဟာ ကိုယ့်"ဘာသာ"ကို ကိုယ်ဖျက်နေတယ်ဆိုတာဖြစ်ကြောင်း နားလည်သင့်ပါတယ်။

Unknown said...

စစ်သားဟာ စစ်တိုက်ရပါမယ်။ တိုင်းပြည်ကာကွယ်ရပါမယ်။ စစ်သားစစ်သားအလုပ်လုပ်နေရင် အလွန်တင့်တယ်ပါတယ်.....
i agree that!!!!.but r u sure that???

အမြင်သစ် said...

ကို unknown ရေ ကျွန်တော် cosy ပါ။ ကျွန်တော်ဟာ ဗုဒ္ဓ ဘာသာဝင်တစ်ယေက်ဖြစ်တယ်ဆိုတာအရင်ဆုံးပြောချင်ပါတယ်။ ငယ်စဉ်ကတည်းက နွေရာသီကျောင်းပိတ်ရက်တွေမှာ သင်္ကန်းစည်းဖြစ်ခဲ့တာများပါတယ်။အရွယ်ရောက်လာတော့လည်း ၀ိပသနာ တရားစခန်းတွေကို အလျဉ်းသင့်တိုင်း ၀င်ရောက်အားထုတ်ခဲ့ဘူးပါတယ်။ အင်မတန်စိတ်ချမ်းမြေ့ဖို့ကောင်းပါတယ်။အင်မတန်အေးချမ်းပါတယ်။ဝိပသနာပွားများနေတဲ့ဆရာတော်
ကြီးများကိုလည်းအင်မတန်ကြည်ညိုပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ၀ိပသနာဆရာတော်ကြီးတွေရဲ့ အရိပ်အောက် ၀ိပသနာ တရားစခန်းထဲမှာ တစ်သက်လုံးနေလို့မရသေးပါဘူး။ ကိုယ်ကိုတိုင်က ပါရမီ အခံအားနည်းတာကတကြောင်း ၊ နောက်မှာ မိသားစု လောကီရေးရာတွေကတကြောင်းနဲ့ အချိန်တန်လို့ တရားစခန်းပြီးရင် အိမ်ပြန်ပြီး လောကီအမှုတွေပြန်ထမ်းရပြန်ပါတယ်။ (ပါရမီအင်မတန်အားကောင်းတဲ့ သောတာပန် ဖြစ်နေတဲ့၊ဖြစ်ဖို့နီးနေတဲ့လူတွေလဲရှိနိုင်ပါတယ်)ဆိုလိုတာက ကျွန်တော်တို့တိုင်းပြည်က လူတော်တော်များများဟာ(အားလုံးနီးပါး) ဟာ ဗုဒ္ဓ ဘာသာဝင်တွေပါ၊ အလျဉ်းသင့်တဲ့ အချိန်တိုင်းမှာ ကောင်းမှုကုသိုလ်လုပ်ကြ ၊ တရားစခန်းတွေဝင်ကြ ၊ တရားဘာဝနာ စီးပွားကြတာ ၊ တစ်ကမ္ဘာလုံးကအသိပါ။ ဒါပေမယ့် ပြည်သူတော်တော်များများဟာ ၀ိပသနာပွားများပြီးအကုန် တောထွက်လို့မရသေးပါဘူး။ (တောထွက်ပြီးကျင့်မှ ၀ိပသနာအားထုတ်လို့ရတာမဟုတ်ပါဘူး လို့တော့ စကားအကျမကောက်နဲ့ပေါ့ဗျာ)အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားကိုလဲ ကိုအန်နုန်း ကြားဖူးမှာပါ။နောက်မှာ မိသားစုရေးကတစ်ဖက်၊ သားရေးသမီးရေးကတဖက်၊ စီးပွားရေး (စီးပွားရေးဆိုတာထက်) ၀မ်းရေး ကတဖက်၊ အဖက်ဖက်က ရုန်းကန်နေရတဲ့ မြန်မာပြည်သူအများစုရဲ့ ဘ၀ ကို ကိုအန်နုန်းမြင်ယေင်ကြည့်လို့ရမှာပါ။ (လူနည်းစုရေပေါ်ဆီ ၊ မိရိုးဖလာဗုဒ္ဓ ဘာသာဝင်တွေ၊ဗုဒ္ဓ ဘာသာကိုဟန်ဆောင်ယုံကြည်ကိုးကွယ်ပြနေသူတွေမပါ)ဒီလိုအခြေအနေမျိုး ၊ ဒီလိုအချိန်အခါမျိုးမှာ (ဆင်းရဲကျပ်တည်းတဲ့အခြေအနေတွေကိုရုန်းကန်နေရတဲ့အချိန်မှာ) ဒီအကျပ်အတည်းတွေကို အရင် ဆုံးဗုဒ္ဓ ဘာသာမြန်မာပြည်သူတွေ ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန် ပါ။ ဒါလူတိုင်းအသိပါ။ ဒါပေမယ့်လောလောဆယ် လူတိုင်း (မြန်မာပြည်သူအများစု) က ဘယ်လိုဆင်းရဲဒုက္ခတွေဖြစ်နေသလဲဆိုတာ ကို unknown မြင်နိုင်မှာပါ။ရွှေည၀ါလိုဆရာတော်မျိုးတွေဟာဒါကို
မြင်ပါတယ်။ သူတို့အားအားရှိနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟောပါဘူး။ဆိုလိုတာက ကာလံဒေသံ လိုက်ပြီး ဆရာတော်ကြီးတွေလည်းတရားကို ရွေးဟောကြရပါတယ်။ သီတင်းကျွတ်မှာ သီတင်းကျွတ်အချိန်အခါနဲ့ဆိုင်တဲ့တရားကိုဟောကြပါတယ် ။ နှစ်သစ်မှာ နှစ်သစ်နဲ့ဆိုင်တဲ့တရားကိုပြပြီးဟောပြောဆုံးမကြပါတယ်။ ကျွန်တော်ပြောတာဒီသဘောပါ၊ NLD ရုံးကဆွမ်းပင့်လို့တရားဟောတယ် ၊ နိဗ္ဗာန်ရောက်ကြောင်းတရားဟောလို့မသင့်ပါဘူး၊ (NLD ပါတီဝင်တွေ ပြည်သူတွေကောင်းစားဖို့ကြိုးစားနေတယ်၊ ဆရာတော်ကြီးက တဖက်တလမ်းက အားပေးတရားဟောတယ်၊ ဒါနိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။)သီလပေးမယ် ကုသိုလ်နဲ့ အကုသိုလ်တရားတွေဟောမယ်.ဒီသဘောပါပဲ။............မိုးကုတ်တို့ ၊ မဟာစည် တို့ စတဲ့ နာမည်ကြီး ၀ိပသနာစခန်းကြီးတွေမှာ တရားစခန်းတွေဖွင့်ချိန်ဆိုရင် ၀ိပသနာတရားကို တကယ်ယုံယုံကြည်ကြည် နဲ့ လာပြီးပွားများအားထုတ်ကြတဲ့ အရိယာ သူတော်စင်တွေရှိသလို ၊ တရားစခန်းဝင်ပြီး ပိုင်ဆိုင်မှုတွေကို အချင်းချင်း ပတ်ကြွားနေကြတဲ့ ရေပေါ်ဆီ လူတန်းစားအနည်းစုကိုလည်း တွေ့ခဲ့ဘူးပါတယ်။ စစ်သားဟာစစ်သားအလုပ်လုပ်ရမယ်ဆိုတာမှန်ပါတယ်၊တိုင်းပြည်ကိုကာကွယ်ရမယ်။ ပြည်သူကိုမညှဉ်းပန်းရပါဘူး၊။ အမေစုတို့ ကိုမင်းကိုနိုင်တို့ဆိုတာ ပြည်သူတွေနဲ့တစ်ထပ်တည်းရှိနေတဲ့ ပြည်သူ့ခေါင်းဆောင်တွေပါ။ နိုင်ငံရေးသမားဆို တဲ့ ကျဉ်းမြောင်းတဲ့ စကားလုံးလေးနဲ့တင် မလုံလောက်ပါဘူး၊ သူတို့ဟာပြည်သူတွေကောင်းစားဖို့ ၊ပြေလည်ဖို့ ၊ ပြည်သူ့ရှေ့ကမားမားရပ်ပြီး လုပ်ဆောင်နေကြတဲ့ လူတွေပါ။ ပြည်သူတွေ ၊ အဆင်ပြေ ကျန်းမာချမ်းသာမှ။ သာသနာတော်ကြီးကိုလည်းပိုပြီး စောင့်ရှောက်နိုင်ကြမှာပါ။(လူတွေကို သနားလွန်းလို့ မေတ္တာထားလွန်းလို့ သံသရာအပြစ်တွေကို မြင်လွန်းလို့ လူ့လောကနဲ့ သင့်ရုံသာပါတ်သက်ပြီး သံသရာ လွတ်ကြောင်း ဟောပြောနေတဲ့ )သံဃာတော်တွေကိုလည်း ပိုပြီး ဆည်းကပ်လာနိုင်(အားထုတ်လာနိုင်)ကြမှာပါ။ ရွှေည၀ါ ဆရာတော်ကြီးတွေလို ဆရာတော်ကြီးတွေကိုလည်း ပိုပြီးကြည်ညိုလာနိုင်ကြမှာပါ။ ဒါမှကျွန်တော်တို့တိုင်းပြည် ဗုဒ္ဓ ဘာသာသာသနာပိုပြီးထွန်းကားလာနိုင်မှာပါ။ ကို unknown လဲ ကိုယ့်ကိုကိုယ်ပြန်ပြီးဆင်ခြင်ကြည့်လိုက်ပါအုံးဗျာ။ ကိုယ်ဟာ မိရိုးဖလာ ဗုဒ္ဓ ဘာသာဝင်လား၊ ကိုယ်ကိုတိုင်ကတကယ်ယုံကြည်တဲ့ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်လားဆိုတာ ...... ၀ိပသနာတရားအမြဲလက်ကိုင်ထားနိုင်တာကိုလည်း သာဓုခေါ်ပါတယ်ဗျား ။ ဒါပေမယ့်ကိုယ့်ကိုကိုယ်သေသေချာချာသိအောင်တော့ဆန်းစစ်ပါ။အဲသေသေချာချာသိပီဆိုရင်တော့ တော့ထွက်ပြီး တရားကျင့်ကြံအားထုတ်ချင်ရင်လဲသဘောပေါ့ဗျာ။ ..........သာဓု ..သာဓု ပါ။

အမြင်သစ် said...

ကို unknown ရေ လူတွေကြီးပွားအောင် နှစ်လုံး၊သုံးလုံးပေးတာ၊ အင်းလက်ဖွဲ့လုပ်တာတွေနဲ့ လူတွေကောင်းကျိုးတရားဟောတာတခြားစီပါ။ ဘုရားလက်ထက်က မင်းတွေကလည်း မင်းဆိုးမင်းညစ်တွေရှားပါတယ်။ ဒါကြောင့်သံဃာတော်တွေဝင်ဆုံးမစရာမလိုပါဘူး။ကို Unknown လေသံက သာသနာရေးဝန်ကြီးဌာနက အရာရှိကြီးတွေလေသံနဲ့ခပ်ဆင်ဆင်ဘဲ။ဒါမှမဟုတ် ဘုရားကိုးဆူဆရာလားခင်ဗျာ။ဆရာတော် ဦးဥတ္တမ တို့ ဦးဝိစာရတို့ ဟာတချိန်ကပြည်သူတွေအတွက် ရပ်တည်ခဲ့ကြတာပါ။ သူတို့ကို ၀ိနည်းမထိန်းတဲ့ဆရာတော်တွေလို့ ပြောလို့မရပါဘူး။ပြည်သူတွေဆင်းရဲဒုက္ခရောက်နေတာကို မနေသာတဲ့ ဆရာတော်တွေပါ။သံဃာတော်တွေအကုန်လုံးဒီလိုပ်ရမယ်လို့မဆိုပါဘူး။ သံဃာတော်တွေအကုန်လုံးကလဲ ဒီလိုမခံယူပါဘူး။religion ကို politically အရ အသုံးချတဲ့ မွတ်ဆလင်တွေဟာ အကြမ်းဖက်ကိစ္စတွေလုပ်ကြတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့်။ ဒီဟာနဲ့ရောပြီး သုံးသပ်လို့မရပါဘူး။ ဗုဒ္ဓ ဘာသာ ဆိုကတည်းက အသံကြားလိုက်တာနဲ့အေးချမ်းပြီးသားပါ။religion ကို politically အရ အသုံးချတဲ့လူတွေရှိပါတယ် အကြမ်းလဲဖက်ပါတယ်၊ လူနည်းစုပါ ။ သံဃာတော်တွေမဟုတ်ပါဘူး။ သံဃာတော်တွေက နိုင်ငံရေးစိတ်ဝင်စားတာမဟုတ်ပါဘူး။ ပြည်သူတွေပြေလည်တာဘဲမြင်ချင်ကြားချင်တာပါ။ပါတီလဲမထောင်ပါဘူး။ လွှတ်တော်ကိုယ်စားလယ်ကြီးတွေလဲ မဖြစ်ချင်ကြလောက်ပါဘူး။ဒါပေမယ့် ပြည်သူတွေဖိနှိပ်ခံနေရတာ၊ဆင်းရဲဒူက္ခရောက်နေတာတွေမြင်နေကြားနေရရင်တော့။ ဆွမ်းသင်္ကန်းကိစ္စ ကအစ အစစအရာရာ လှုဒါန်းဆည်းကပ်နေကြတဲ့ပြည်သူတွေဘက်က ရပ်တည်ချင်ကြမှာပါ။ ဆွမ်းသင်္ကန်းကိစ္စ၊ကျောင်း၊ စီးစရာကားကအစ ဘာမှမပူရတဲ့ ရွှေကျောင်းစံ ဆရာတော်ကြီးတွေဆိုရင်တော့မပြောတတ်ပါဘူး။အဲလိုစာနာစိတ်လေးရှိတိုင်း လူထွက်ရမယ်ဆိုရင်လဲ .။ ဒါမှမဟုတ် ပြည်သူတွေကြားထဲမှာနေပီး ရေငုံနှုတ်ပိတ် အနိစ္စ၊ အနိစ္စ ကြီးရွတ်နေရအောင်ကလဲ .... အသုံးချခံဖြစ်မှန်းမသိဖြစ်နေတဲ့ ဆရာတော်ကြီးတွေကျတော့လဲ လူထွက်ပီးကုမ္ပဏီထောင်စရာမလိုပါဘူး။ဟိုလူကြီးတွေရှိနေရင်ပြီးတာပါဘဲ။ ဟဲဟဲဟဲ .. ဒါပေမယ့် ကိုကျော်သူကြီးတောင် လူဘ၀နဲ့ နာရေးကူညီမှုအသင်းလေးထောင်ပြီး လူတွေကိုကူညီနေတာတောင် ဘယ်လူ့ဝိနည်းနဲ့တိုင်းပြီး ကြည့်ကြလဲတော့မသိဘူး အနှောင့်အယှက်တွေ အမျိုးမျိုး ကြုံခဲ့ရသေးတာဘဲ။ ဘာပြသနာမှ မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။အမေစု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ မှမဟုတ်ပါဘူး လူတိုင်းကောင်းကျိုးသယ်ပိုးနိုင်ပါတယ်။(အခုဟာ က လူတွေကိုယ်တိုင် က ဘုရားဟော ဝိနည်းတွေ၊ ပညတ်တွေကို ဘာမှနားမလည်ပဲ သံဃာကိစ္စမှာ ဝင်ပါနေတာခက်နေတာပါ။) ဆိုတာတော့သဘောကျသဗျ။ဘယ်သူတွေလဲမသိဘူး၊ ဘောလုံးပွဲကြည့်တဲ့ ဘုန်းကြီးနဲ့ သံဃာတွေကို စာသင်စာချလုပ်ပီး၊ပြည်သူကောင်းကျိုးသယ်ပိုးနေတဲ့ ဘုန်းကြီးတွေကိုတော့ ရောပီးမမြင်စေချင်ဘူး။ လူ့အကျိုးသယ်ပိုးပြီး ၊ လူတွေကောင်းကျိုးဟောပြေညနေတာကိုလည်း (နိုင်ငံရေး) politicized လို့ မမြင်ပါနဲ့။ စေတနာဖြင့်

KO NYI said...

Right cosy.

ဇာမဏီ said...

ပြန်ပြောအုံးလေကွာ Unknown ဆိုတဲ့ သာသနာရေးအရာရှိလိုလို ၊ ဘိသိက္ခင်္ ဆရာလိုလိုလူကြီး။ တောထွက်သွားပီလား .....ဟဟဟဟဟ
cosy ဆိုတဲ့လူက ဒီလိုရေးသားရုံနဲ့ အပြစ်ဖြစ်နေပီဆိုရင် ... ကိုယ်ထိလက်ရောက်၊ ကာယကံ မြောက် ရိုက်နှက်ခိုင်းတဲ့သူတွေ၊ရိုက်နှက်ခဲ့ကြတဲ့လူတွေဆို ဘယ်လိုနေမလဲ ရှင်းပြပါအုံးဗျ။(အဲဒါတွေကသံဃာအတုယောင်တွေလို့တော့ အရာရှိကြီးလေသံနဲ့မပြောနဲ့နော်) cosy ပြောသလို ကိုယ့်ကိုကိုယ် မြင်အောင် အရင်ပြန်ကြည့်လိုက်အုံး ။

Unknown said...

အင်း ကြည့်ရတာ ထုံးစံ အတိုင်း (လူ့ အန္ဓ များရဲ့ ထုံးစံ အတိုင်း လို့ ပြောရင် ပိုမှန်လိမ့်မယ်ထင်တယ်) သံဃာ နိုင်ငံရေးနဲ့ ကင်းရှင်းသင့်တယ် ပြောတာနဲ့ အစိုးရ သူလျှိုလိုလို၊ သာသနာရေးဌာနက အရာရှိလိုလို၊ ကြံ့ ဖွံ့ လိုလို၊ ထင်နေတဲ့ ပုဂ္ဂိုလ် ပေါ်လာပါပြီ။
၂၀၀၇ မှာ သင်္ကန်းရုံ များ မပြောနဲ့ လူတွေကို တောင် ရိုက်နှက်တာ မပြုလုပ်သင့်ပါ၊ လုံး ဝ လုံးဝ ရှုတ်ချပါတယ်။ ဒါဆို ဘယ်လိုရပ်တည်ချက်လည်း ရှင်းမယ်ထင်တာပဲ (တွေးတောတတ်တဲ့ ဥာဏ်ရှိမယ်ဆိုရင်ပေါ့)။ တကယ့် သံဃာ အလုပ်လုပ်နေတဲ့ စိတ္တဝိသုဒ္ဓိနဲ့ ပြည့်စုံတဲ့ သံဃာ ဆရာတော် တွေကို အားအားရှိဆိုပြီး ၊သဘော က အလကားအားနေတိုင်းဆိုတဲ့ သဘောနဲ့ ပြောတာ ရေးတာ အပြစ်မရှိဘူး လို့ ကိုယ့်လူ (rose) ထင်နေရင် ကိုယ့်လူ သတ္တိတွေ သိပ်ရှိနေရင် ကိုယ်တိုင် အကုသိုလ် အတုံးလိုက်အတစ်လိုက် လိုက်ယူလို့ ရပါတယ်။ သဘောအတိုင်းပါ။

cosy ရေ ကျနော်ပြောပြီးပါပြီ.. ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ တို့ လုပ်ရပ်တွေဟာ လွတ်လပ်ရေး ကြိုးပမ်းမှု ရှုထောင့် ကကြည့်ရင် သူရဲကောင်းလုပ်ရပ်များဖြစ်ပါတယ်။ ဒါပေမဲ့ ထေရဝါဒ သာသနာ အမြင်နဲ့ ချိန်ထိုးရင် မှန်မမှန်ဆိုတာကတော့ ဝိနည်း ကျွမ်းတဲ့ ဆရာတော်တွေ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သိချင်ရင် တော့ ဝိနည်း ပိုင်နိုင်ပြီးသား ဆရာတော်တွေသာ ချဉ်းကပ်မေးမြန်းကြည့်ပေါ့။ ဘုန်းကြီးလည်း သေရင် အာပါတ်နဲ့ ငရဲရောက်တဲ့ တရားတွေလည်း ရှိတယ်နော။
ဘုရားက လောကီမလုပ်ရဘူး တားမြစ်ထားပါတယ်။ လူတွေရဲ့ နိုင်ငံရေး ကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါတာ လောကီပါပဲ။ နှစ်လုံး၊ သုံးလုံးလဲ လောကီပါပဲ။ ဘောလုံးပွဲလည်းလောကီပါပဲ။ ဘုရားက ဘယ်လောကီတော့ ပါကြ၊ ဘယ်လောကီတော့ မပါကြနဲ့လို့ တားထားဟန်မတူပါဘူး။ ဒါဆိုရင်ဆိုလိုရင်း သဘောသိမယ်ထင်တာပါပဲ။
ဘာပဲ ပြောပြော ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်လာတဲ့ cosy ရဲ့ ပြန်လှန်ပြောကြားချက်တွေ အတွက် ကျေးဇူးပါ။ ကျနော်တို့ society မှာ လိုနေတာ ဒီလို ပညာတတ်ဆန်တဲ့ argument တွေပါ။
လူ့ အရိုင်း အစိုင်း များအတွက် တော့ ဘာမှ အထွေ အထူးပြောစရာမလိုပါ။ သူ့နေရာ သူသိမှာပါ။

အမြင်သစ် said...

ကောင်းပါပြီ ကို unknown ရေ ။ ကဲ ကိုသစ်ထူးလွင်ရဲ့ update news လေးတွေမှာ အမြင်ဖလှယ်ကြသေးတာပေါ့ဗျာ... ကျွန်တော်ကလဲ လူ့အကျိုးပြု argument တွေဆိုရင် welcome ပါ။
ကျွန်တော် cosy ပါ ........

Powered by Blogger.