တိုင်ရီ အလုပ်သမား​များ​ ဆက်လက်ဆန္ဒပြ

ရန်ကုန် လှိုင်သာယာစက်မှုဇုန်က တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား​ ၁၀၀၀ ​ကျော်ဟာ လစာတိုး​မြင့်​ရရှိ​ရေး​အတွက် ဒီက​နေ့​ ဆက်လက်ဆန္ဒပြ​နေ ကြပါတယ်။
တိုင်ရီ စက်ရုံရှေ့ မြင်ကွင်း
အလုပ်သမား​ တွေကို သွား​ကူညီ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုကူညီ​ရေး​ကွန်ရက်အဖွဲ့​ရဲ့​ ကို​အောင်​ဇော်​ထွေး​က စက်ရုံ​ရှေ့​က အ​ခြေအ​နေကို ခုလို ​ပြောပါတယ်။
“အခုအ​ခြေအ​ နေက​တော့​ ၂ ပိုင်း​ပေါ့​ဗျာ။ သူတို့​ရဲ့​ ​တောင်း​ဆိုချက် မရမချင်း​ ဆန္ဒပြ​နေတာက တပိုင်း​၊​ အခု စက်ရုံ​ရှေ့​မှာ အလုပ်သမား​ ၁၄၀၀ ​ကျော်​လောက် ထိုင်ပြီး​ ဆန္ဒပြ​နေတယ် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပဲ။ ကိုဖိုး​ဖြူတို့​က သူတို့​ဘာသာ ဥပ​ဒေ​ကြောင်း​အရ တရား​စွဲနိုင်ဖို့​ သွား​နေတဲ့​ အပိုင်း​ရှိတယ်။ ဒီ​နေ့​ဆိုရင် ​ဖေ​ဖော်ဝါရီ ၂၀ ထိ ​ရောက်လာပြီ။ သတင်း​ဂျာနယ်တချို့​က ပြီး​သွား​ပြီဆိုပြီး​ မှား​ရေး​တဲ့​အ​ပေါ်မှာလည်း​ အလုပ်သမား​ထုအ​နေနဲ့​ စိတ်ထဲမှာ အ​တော်​လေး​ မချမ်း​မြေ့​ဖြစ်​နေတယ်။ အလုပ်သမား​တွေက ငြိမ်း​ချမ်း​စွာ ​ဖေ​ဖော်ဝါရီလ ၆ ရက်​နေ့​ကစပြီး​တော့​ ဆန္ဒပြ​နေတဲ့​ ကိစ္စဟာ ဒီ​နေ့​ထိ မပြီး​ဆုံး​သေး​ပါဘူး​။ အာဏာပိုင်​တွေဘက်ကလည်း​ အလုပ်သမား​တွေ ​တောင်း​ဆိုတာ​တွေကို တိတိကျကျ မလိုက်​လျော​သေး​တဲ့​အတွက် ဒီ​နေ့​ချိန်ထိ ဖြစ်ပွား​နေဆဲပါ။ ဒါကို သတင်း​ဂျာနယ်​တွေက သတင်း​မှား​ရေး​ပြီး​ ​ပြေလည်သွား​ပါပြီ၊​ လက်ခံလိုက်ပါပြီဆိုပြီး​တော့​ ​ရေး​တာနဲ့​ ပတ်သက်ပြီး​တော့​ အလုပ်သမား​တွေက ကန့်​ကွက် ရှုတ်ချပါတယ်။”
ဒီလ ၆ ရက်​နေ့​ကစတဲ့​ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုဟာ အဓိကအား​ဖြင့်​ တနာရီလုပ်အား​ခ ၇၅ ကျပ်က​နေ ၁၅၀ ထိရဖို့​နဲ့​ ရက်မှန်​ကြေး​ တလ ၆၀၀၀ က​နေ ၈၀၀၀ ကျပ်ကို တိုး​ပေး​ဖို့​ နှစ်ချက်က အဓိကပဲဖြစ်ပါတယ်။
ဒီလ ၁၅ ရက်​နေ့​ကျ​တော့​ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို ၇၅ ကျပ်က​နေ ကျပ် ၁၀၀ ကိုတိုး​ပေး​ပါတယ်။ အလုပ်ရှင်ရဲ့​ လိုက်​လျောချက်ဟာ သူတို့​လိုလား​ချက်နဲ့​ ကွာဟ​နေတာ​ကြောင့်​ အလုပ်သမား​တွေက ဆက်လက် ဆန္ဒပြ​နေတာပါ။
ဒီလ ၁၈ ရက်မှာ​တော့​ မရမ်း​ကုန်း​မြို့​နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု​ကော်မတီက တိုင်ရီဖိနပ်စက်ရုံရဲ့​ ပြဿနာကို လှိုင်သာယာမြို့​နယ် အလုပ်သမား​ရုံး​မှာ တင်သွင်း​ခွင့်​ပြုခဲ့​ပါတယ်။ ဒါ​ကြောင့်​ ဒီ​နေ့​မှာ လှိုင်သာယာ အလုပ်သမား​ရုံး​ကို အလုပ်သမား​ ၄၀ ခန့်​နဲ့​ ဥပ​ဒေအကြံ​ပေး​ ​ရှေ့​နေ ဦး​ဖိုး​ဖြူတို့​ သွား​ရောက်ခဲ့​ကြပါတယ်။
လိုက်ပါသွား​ တဲ့​ အလုပ်သမား​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ မ​ဝေက အလုပ်သမား​တွေရဲ့​ လိုလား​ချက်ကို ပြည့်​ပြည့်​ဝဝ တင်သွင်း​နိုင်ဖို့​အတွက် လာမယ့်​ ၂၂ ရက်​နေ့​ကို ​ပြောင်း​လဲရက်ချိန်း​ပေး​ဖို့​ ​လျှောက်ထား​ခဲ့​တယ်လို့​ ဆိုပါတယ်။
“အခု ရုံး​သွား​တာ​ပေါ့​နော်။ ဝါဏိဇ္ဇကို အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုမှု တင်လွှာ​ပေါ့​။ အခုအချိန်မှာ အလုပ်သမား​တွေရဲ့​ ဆန္ဒကို အား​လုံး​ ညှိနှိုင်း​မှာ ဖြစ်တဲ့​အတွက် ​ရွှေ့​ဆိုင်း​မှုကို ​တောင်း​ဆိုတာပါ။ ၂၂ ရက်ကို ​ရွှေ့​ဖို့​တောင်း​ဆို ထား​ပါတယ်။”
အလုပ်သမား​ ခေါင်း​ဆောင်တဦး​က အလုပ်သမား​ဆန္ဒပြပွဲဟာ မြန်မာပြည်မှာ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ကို ကာကွယ်​ပေး​မယ့်​ ဥပ​ဒေ ခိုင်ခိုင်မာမာ မရှိလို့​ ဖြစ်ရတာပါလို့​ ​ပြောပါတယ်။ 
ဒီဗွီဘီ
တိုင်ရီ အလုပ်သမား​များ​ ဆက်လက်ဆန္ဒပြ တိုင်ရီ အလုပ်သမား​များ​ ဆက်လက်ဆန္ဒပြ Reviewed by သစ်ထူးလွင် on 17:23 Rating: 5

5 comments:

အမြင်သစ် said...

ကဲ ဘယ်လိုလဲ ကိုမြင့်ဆွေ .......သူတို့တောင်းနေတာ တစ်နာရီ ၁၅၀ ကျပ် ၊ တစ်ရက် ၈ နာရီဆိုတော့ ၁၂၀၀ ကျပ်၊ တစ်လ ဆိုတော့ ၃၁၂၀၀ ကျပ် ၊တစ်နှစ်ဆိုတော့ ၃၇၄၄၀၀ ကျပ်ထဲပါ။(တစ်နှစ် လူတစ်ဦး ၀င်ငွေ ၁၄ သိန်းရှိဖို့ကြိုးစားမယ်ဆိုတဲ့ လူကြီး ။။။ ဒီသူငယ်မ လေးတွေ တောင်းဆိုနေတဲ့ တစ်နှစ်ဝင်ငွေ သုံးသိန်းကျော် လေးသိန်း လောက်လေးကို ဖြစ်မြောက်အောင် ကူညီ လိုက်ပါအုံး။

ko htat said...

ပြည်ပမှာသွား၇ှာစား၇တာလဲ ပြသနာဖြစ်၇င်ဘာမှမလုပ်
ပေးနိုင် ကို့ပြည်တွင်းထဲမှာလဲကြပ်တည်းစွာ၇ှာစားနေ၇
တဲ့ဘ၀ကို အလုပ်သမားဝန်ကြီးကထိေ၇ာက်စွာမလုပ်ကိုင်
ပေးနိုင်ခဲ့၇င် ဒီလိုအစိုး၇မျိုးကိုပြည်သူအတွက်ခန့်ထားလဲ
အလကားပါဘဲ အလကားနေ၀ါးဘို့လောက်ပဲမြင်နေတာ
လူလူချင်းစာနာမတတ်တဲ့လူကြီးတွေ

kyawkyaw said...

ဒီမိုကရေစီကိုဖေါ်ဆောင်နေတဲ့အစိုးရအနေနဲ့ဒီကိစ္စကို တရားဥပဒေ အရဆောင်ရွက်ပေးရပါမယ်။တောင်းဆိုပိုင်ခွင့်၊လိုက်လျောခွင့်တို့ကိုလဲ ခွင့်ပြုပေးရမယ်။ဒီမိုကေ၇စီအစိုးရမှာဘက်လိုက်ခွင့်မရှိဘူး။

Anonymous said...

ငါတော့ရူးချင်လာပီ.ပြောင်လက်စနဲ့.ဂတုံး တုံးပီးဘုန်းကြီးဝတ်
ပြန်တော့လဲ.မဟနကတစ်မှောင့်.ဝူး.သေသာသေလိုက်ချင်တော့တယ်.

သိန်းစိန်.
သမတကြီး..

Ko Phyo said...

မြန်မာပြည်ကမိန်မပျိုလေးတွေ ဒုက္ခ...
နှမချင်းကိုချင်းစာ၊သားသမီးချင်းကိုချင်စာပေကြပါ။
ကားပါမစ်တွေ ဖုန်းပါမစ်တွေ ထက် ကို့  ပြည်သူပြည်သားတွေစားဝတ်နေရေကပိုအရေးကြီးတယ်။
ကိုသားသမီးမှလူမထင်ကြပါနဲ့ တာဝန်ရှိသူများ
အနုနည်းနဲ.ကျွန်ဇာတ်သွင်းနေတာ အစိုးရမှာတာဝန်ရှိတယ်။။

Powered by Blogger.