မြန်မာအစိုးရအနေနဲ့ နယ်စပ်ဒေသလုံခြုံရေးကို သေချာအောင် ဆောင်ရွက်ဖို့တရုတ်အစိုးရက တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ
ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တရုတ်အစိုးရ
နိုင်ငံရေးအကြံပေးအဖွဲ့ အကြီးအကဲ ဂျာချင်လင်း (Jia Qinglin) က
ပြောကြားခဲ့တာပါ။
မြန်မာအစိုး
ရဟာ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို
ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ တရုတ်အစိုးရက
မျှော်လင့်တဲ့ အကြောင်း တရုတ်နိုင်ငံခြားရေးဌာနရဲ့
ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နယ်စပ်မှာ
မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်တပ်တွေ တိုက်ပွဲတွေကြောင့်
ဒုက္ခသည်တွေ တရုတ်နိုင်ငံထဲထိ ရောက်ရှိလာမှုနဲ့ ထိုင်း-မြန်မာ နယ်စပ်
မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောတွေ တိုက်ခိုက်ခံရမှုတွေကြောင့် တရုတ်က
နယ်စပ်လုံခြုံရေး စိုးရိမ်ပူပန်နေတာပါ။
တရုတ်အစိုး
ရပိုင် ဆင်ဟွာသတင်းမှာတော့ တရုတ်အစိုးရ အကြံပေးပုဂ္ဂိုလ်
ဂျာချင်လင်းက မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု ကဏ္ဍတွေမှာ
ပူးပေါင်း ဆောင်ရွက်ရေး အပါအဝင် မဟာဗျူဟာမြောက် ဆက်ဆံရေးကို
တိုးမြှင့် ဆောင်ရွက်မယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့
ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းကို ထောက်ခံအားပေးပြီး
နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေး အားထုတ်နေမှုတွေကိုလည်း ဆက်လက်
အားပေးနေမယ်လို့ပြောပါတယ်။
နယ်စပ်ဒေသ
ငြိမ်းချမ်းတည်ငြိမ်ရေးကို အကာအကွယ်ပေးဖို့ ကိစ္စဟာ
နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွား ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာကိုယ်စား
လှယ် အဖွဲ့ခေါင်းဆောင် သူရဦးရွှေမန်းကတော့ ယခုနှစ်ပိုင်းတွေအတွင်း
မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ အားပေး ထောက်ခံမှုကို
ကျေးဇူးတင်တဲ့အကြောင်း အစိုးရနဲ့ ပြည်သူတွေဟာ တရုတ်နဲ့
ချစ်ကြည်ရေးကို တန်ဖိုးထားတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
သူရရွှေမန်း
ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ် အမျိုးသားပြည်သူ့
ကွန်ဂရက်ဥက္ကဋ္ဌ ဝူဘန်ကို့ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကနေ
ဖေဖော်ဝါရီ ၂၂ – ၂၆ ရက်အထိ ၅ ရက်ခရီးစဉ် အဖြစ် ရောက်ရှိ နေတာပါ။
ဒီခရီး
စဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် စစ်ဦးစီးချုပ် အပါအဝင်
တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီဗွီဘီ
နယ်စပ်လုံခြုံရန် သူရ ဦးရွှေမန်းကို တရုတ် တောင်းဆို
Reviewed by သစ်ထူးလွင်
on
21:30
Rating:
6 comments:
မြန်မာအစိုးရ တရုတ်အမြင်ကို အခုထိသဘောမပေါက်သေးဘူး
တရုတ်လူမျိုးဟာ မြန်မာနိုင်ငံမှ တန်ဖိုးရှိတာကိုဘဲလိုချင်တာ
အခုကြည့်လေ မြန်မာဒုက်ခသည်တွေတရုတ်ပြည်ထဲပြေ၀င်းတာကိုတော့
လက်မခံချင်၊မကူညီချင်ဘူး နယ်စပ်လုံခြုံရေးကိုစိုးရင်ပူပန်နေတယ်
တရုတ်က မြန်မာပြည်ကလိုချင်တာဟာကျောက်မြတ်ရတနာလောက်လိုချင်တာ
အခုကြည့်လေ
ပြည်သူလွတ်တော်ဥိးသူရရွှေမန်ကဘာမဟုတ်တဲ့တရုတ်ကိုအဖေခေါ်နေပြန်ပြီ
သူရဘွဲ့ကို မခံယူထိုက်ဘူး သူရရွှေပန်းဘွဲ့ကိုဘဲခံယူထိုက်တယ်
တရုတ်ကိုအခုထိအားကိုးနေတုန်းဘဲလား
မြန်မာနိုင်ငံ အထက်ပိုင်းကထွက်သမျှလည်းကုန်ပြီ
မြန်မာနိုင်ငံဆွဲပြပါဆိုရင် မြန်မာနိုင်းငံအထက်ပိုင်းမပါတော့ဘူး
အောက်ပိုင်းပဲပါတော့တယ် တရုတ်လက်ထဲအကုန်းရောင်းစားလို့ ကုန်ပြီ
အရင်းတုန်းကမြန်မာနိုင်ငံမြေပုံကအရမ်းကြည့်လို့ကောင်းတယ်
အခုသူရရွှေမန်ဆွဲပြမယ့်မြန်မာနိင်ငံမြေပုံက အောက်တစ်ပိုင်းသာရှိတော့မှာပါ...
မင်းတို့ကနယ်စပ်လုံခြုံဖို့ပြောနေတယ်။ မင်းတို့လူမျိုးတွေ တို့နိုင်ငံထဲဝင်
နေတာတွေ၊ ချယ်လှယ်နေတာတွေ၊ တို့နိုင်ငံကအမျိုးသမီးတွေ မင်းတို့
နိုင်ငံနဲ့ လူကုန်ကူးတာတွေ ကြတော့ မသိသလိုနေတယ်ပေါ့ လူညစ်တွေရဲ့။
ရွှေမန်းကြီးက ၀န်ထမ်းလစာနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ဆွာပြနေတာ အလကာမဟုတ်ဘူး လို့ ထင်တော့ထင်သာ ရွှေမန်း ရွေမန်း မင်းတို့ သက်ကျားအိုကြီးရဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်ကျန်တွေမကုန် သေးဘူးလား၊ မင်းလည်း စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ နေခဲ့တာဆိုတော့ လက်ကျန်လေးတွေနဲ့ တိုင်းပြည်ကို ထပ်ရောင်းအုံးမှာပေါ့၊ တရုတ်ရဲ့ ကွန်မန်းတွေ နဲ့တော့ မြန်မာပြည်မှာ ပြန်မအုပ်ချုပ်ပါနဲ့ ကွာ၊ မင်းတို့ အထက်က လူကြီးအားလုံး ကိုယ့် ကိုယ် ကို ပြန်မေကြပါအုံး ငါတို့ တိုင်းပြည်နဲ့ ပြည်သူ့ အကျိုးကို တကယ်ပဲတိုး တက်စေချင်တာလား ဆိုတာ ပြန်မေးကြည့်ကြပါဗျာ.. ခင်ဗျာတို့ စည်စိမ်းဆိုတာလည်း နောင်ဘ၀ ငရဲပြည်မှာ အဲယာကွန်း တတ်လို့ရပါတယ်ကွာ.. ပြည်သူတွေရဲ့ ရင်ထဲမှာ ပူလောင်မှုတွေသာကျန် ခဲ့ပြီး အေးချမ်းမှုတွေကို မင်းတို့ယူလို့ မကုန်သေးလား ၊ ရောင်းစားလို့မကုန်သေးဘူးလား?
They went to sale ( buy 1 get 1 free ) gun and bullet for sake of their boder safe and sound by killing own people (MYANMAR ) .
ကွန်မက်ရေးမလို့ ကြည့်လိုက်ပါတယ်...ကိုယ်ပြောချင်တာကို mrpeople က ရေးပြီးနေပြီ...ကျေးဇူးတင်တယ် mrpeople ရေ..
ိနိုင်ငံမလှုံခြုံတာတောင် မြန်မာ့ကျွန်း၊ကျောက်စိမ်း၊အဖိုးတန်ကျောက်တွေ သူတို့ခိုးပြီးတမျိုး ဖြောင်တမျိုးယူလို့ကုန်လောက်ပြီး။ခုလဲတမျိုးပြီးတမျိုး ပညာပြနေတာ မသိယောင်ဆောင်မနေပါနဲ့။မြန်မာ ပြည်အထက်ပိုင်လဲတရုတ်တွေပေါ်တင် မြန်မာပြည်သားလုပ်ပြီးနေနေတာ ကြည့်ပါလား။သက်ဆိုင်ရာတွေက နိုင်ငံသားဟုတ်မဟုတ်သေချာစစ်လို့လား။မှတ်ပုံတင်ပြတာနဲ့နိုင်ငံသားဖြစ်ရောလား။ကမ္ဘာမှာ မြန်မာ ရဲ့မှတ်ပုံတင်စံနစ်က အညံဆုံးဆိုတာ မသိဘူးလား။မှုတ်ပုံတင် ......
Post a Comment