ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် လုပ်သား ၂၀၀၀ ကျော်အတွက် အလုပ်ခေါ်စာများ ကျလာ

71914
ခေါ်စာလက်ခံရရှိမှု စာရင်း သိရှိနိုင်ရန် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီရှိ ကြော်ငြာသင်ပုန်း လာကြည့်သူများ
EPS-TOPIK စာမေးပွဲ အောင်မြင်သူများအား ကိုရီးယားနိုင်ငံဘက် မှ အလုပ်ခေါ်စာများ ပြန်လည်ချပေးသည့် ရက် ၂၀ တာ ကာလအတွင်း လုပ်သား ၂၀၀၀ ကျော်အတွက် အလုပ်ခေါ်စာများ ကျလာပြီဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သိရသည်။
ပြည်တွင်း လုပ်သားခေါ်ယူမှုအား ကိုရီးယားနိုင်ငံဘက်က ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့အထိ အလုပ်ခေါ်စာ ချထားပေးမှုများ ရပ်နားခဲ့ပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့မှစတင်ကာ အလုပ်ခေါ် စာများပြန်လည် ချထားပေးခြင်း ဖြစ်သည်။ ထိုသို့အလုပ်ခေါ်စာများ ချထားပေးရာတွင်လည်း ဒုတိယအကြိမ် နှင့် တတိယအကြိမ်မြောက် ကိုရီးယား ဘာသာ အရည်အချင်းစစ် စာမေးပွဲတို့ ၌ ဖြေဆိုအောင်မြင်သည့် သူများအား အလုပ်ခေါ်စာများ ချထားပေးခြင်း ဖြစ်ကာ စာမေးပွဲ အောင်မြင်ပြီးသူများမှာ ၈၀၀၆ ဦးရှိသည်။
“လက်ရှိအလုပ်ခေါ်စာ လက်ခံရရှိတဲ့သူတွေထဲ မပါသေးတဲ့သူတွေလည်း စိတ်ဓာတ်ကျစရာ မလိုဘဲ နောက်ထပ်ကျလာမယ့် အလုပ်ခေါ်စာတွေကို ထပ်စောင့်ဖို့လိုပါတယ်”ဟု အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
အလုပ်ခေါ်စာ လက်ခံရရှိမှုစာရင်း သိရှိနိုင်ရန် အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရှိ ကြော်ငြာသင်ပုန်း တွင် နေ့စဉ်လာကြည့်ရန် လိုပြီး ခေါ်စာကျသူများသည် ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။
EMG
ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် လုပ်သား ၂၀၀၀ ကျော်အတွက် အလုပ်ခေါ်စာများ ကျလာ ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် လုပ်သား ၂၀၀၀ ကျော်အတွက် အလုပ်ခေါ်စာများ ကျလာ Reviewed by သစ်ထူးလွင် on 20:03 Rating: 5

2 comments:

Anonymous said...

အနှစ်နှစ်ဆယ်လောက် ဒို့နိုင်ငံနောက်ကျခဲ့တယ်။ ဟိုလူတွေ လုပ်ခဲ့လို့လေ။ နောင်တချိန်ကျရင် ကိုးရီးယားတွေ၊ ကိုးရီးယားမလေးတွေ ဒို့နိုင်ငံကို လာပြီး အလုပ်လာလျှောက်ကြလိမ့်မယ်။ မြန်မာစကားမတတ်လဲ ရတယ်။ လက်ခံတယ်။ ဒို့က ကိုးရီးယားနားလည်တယ်။ အာညာစယိုး။ ဘိုင်ဘိုင်။

ပုဂံစစ်သည် said...

ကိုရီးယားလာမည့် ညီအစ်ကိုများခင်ဗျာ၊ ကျွန်တော်တို့ ကိုရီးယားကို ရောက်တဲ့အခါမှာ ကိုရီးယားသင်တန်းကျောင်းမှာ ၂ ညအိပ်ရပါတယ်၊ နံနက်ကိုဘာလုပ်ရလဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ အလံတော်ရှေ့သွားပြီး နိုင်ငံတော်သီချင်းကို သီဆိုရပါတယ်၊ ကိုရွှေနိုင်ငံရဲ့ အလှည့်လဲရောက်ရော နိုင်ငံတော်သီချင်းက တစ်ယောက်တစ်ပေါက်တွေ ဖြစ်ကရော၊ တခြားနိုင်ငံတွေ အားလုံးညီကြပါတယ်၊ မညီတာကျွန်တော်တို့နိုင်ငံပါ၊ ဒါနဲ့ဒုတိယနေ့ကျတော့ ညီညီဆိုမယ်ပေါ့၊ ဒုတိယနေ့ကျလဲ ဒီအတိုင်းပါဘဲခင်ဗျာ။
ဒါကြောင့်မလာခင် ကိုနိုင်ငံတော်သီချင်းကိုညီညီဆိုကြပါလို့ မလာခင်အကြံပေးပရစေခင်ဗျာ။

Powered by Blogger.