ကချင်ပြည်နယ်အတွင်း အဝေးပြေးကားတစ်စီး ကျပ်လေးသိန်းခွဲပေးဆောင်ရမည်

ကချင်ပြည်နယ်အတွင်းရှိ လမ်းတံတားများပြုပြင်ရန် ရန်ပုံငွေအဖြစ် မြစ်ကြီးနားမြို့ရှိ အဝေးပြေးယာဉ်များကို တစ်စီးလျှင် ကျပ်လေးသိန်းခွဲ ပေးသွင်းရမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

မနောဧရာ အဝေးပြေးယာဉ်အသင်းဖွဲ့စည်းပြီး ကားတစ်စီးလျှင် အသင်းဝင်ကြေး ကျပ်နှစ်သိန်းခွဲနှင့် လစဉ်ကြေး နှစ်သိန်းကို ယခုလ ၆ ရက်နောက်ဆုံးထားပေးဆောင်ရမည်ဟု မြစ်ကြီးနားအဝေးပြေးဝင်းမှ ဂိတ်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့ ဈေးကြီး

“ကားတစ်စီကို အသင်းဝင်တာနဲ့ လေးသိန်းခွဲ(ကျပ်)ပေးရမယ်ပေါ့။ ဒီအသင်းဝင်ပြီးရင်တော့
ကချင်ပြည်နယ် အနှံ့ကားဆွဲခွင့်ရှိပြီလို့ပြောတယ်။ အသင်းမ၀င်ထားတဲ့
ကားတွေကို ပြေးဆွဲခွင့်မပြုဘူးတဲ့” ဟု ယာဉ်မောင်းတစ်ဦးပြောသည်။


ယင်းကဲ့သို့ကောက်ခံခြင်းသည် ကချင်ပြည်နယ်အတွင်းရှိ ဖားကန့် ၊ တနိုင်း ၊အစရှိသည့်
ကားလမ်းများကို ပြုပြင်ဆောင်ရွက်ပေးသွားရန်ဟုဆိုသည်။

လိုင်စင်မဲ့ကားများအပါအ၀င် အသင်းဝင်ထားသော မည်သည့်ကားမဆို ကချင်ပြည်နယ်အတွင်း လွတ်လပ်စွာပြေးဆွဲခွင့်ရှိမည်ဖြစ်သည်ဟု မနောဧရာ ယာဉ်အသင်းအစည်းအဝေးတွင်ပြောသည်ဟု မြစ်ကြီးနားအဝေးပြေးဝင်းမှ ဂိတ်ပိုင်ရှင်တစ်ဦး ကပြောသည်။
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ (YPI)
ကချင်ပြည်နယ်အတွင်း အဝေးပြေးကားတစ်စီး ကျပ်လေးသိန်းခွဲပေးဆောင်ရမည် ကချင်ပြည်နယ်အတွင်း အဝေးပြေးကားတစ်စီး ကျပ်လေးသိန်းခွဲပေးဆောင်ရမည် Reviewed by သစ်ထူးလွင် on 19:26 Rating: 5

3 comments:

Android Myanmar said...

လမ်းပြင်ဖို့အတွက် ပိုက်ဆံထပ်ကောက်တယ် ဟုတ်လား။ ပုဇွန်ခေါင်းနဲ့ ကချင်ဝန်ကြီးချုပ်။ ခင်ဗျားတို့ကောက်နေတဲ့ လမ်းကြေး တံတားကြေးတွေက ဘာအတွက်ကောက်တာလဲ။ ကြည့်လဲလုပ်ပါအုံး။ ပိုက်ဆံချမ်းသာရင် ထိုင်စားမှာပေါ့။ မရှိလို့ လုပ်စားပါတယ်ဆိုမှ။ ဒီကြေးတွေပေးပြီးရင် လမ်းကြေး တံတားကြေး ကင်းလွတ်ရင်တစ်မျိုးပေါ့။ ခင်ဗျားတို့ဟာက ရိုးကို မရိုးနိုင်တော့ဘူး။ တမျိုးပြီး တမျိုး မပြီးနိုင်ဘူး။

aba said...

ဝန်ကြီးချုပ်ကိုတိုင်ကလိုင်စင်မဲ.ကားတွေကိုအသိအမှတ်ပြုလိုက်တာလား (၄သိန်းခွဲပေးမယ်စိုရင်) အခြားဝန်ကြီးချုပ်များ(ရှမ်း ကရင် ကယား မွန် ပဲခူး မတလေး စစ်ကိုင်း)အတုယူကြအုံးနော်

hammer said...

နေပါအုံး မသိလို.မေးပါရစေ တနိုင်း-မြစ်ကြီးနားလမ်းကြောမှာ လိုင်စင်မဲ.သစ်ကားတွေ ပလူပျံနေသလားမှတ်ရတယ် ဘာတဲ့ ဒါတောင် လမ်းမှာရှိတဲ့ရှဒူးဇွတ်တပ်နဲ.ဒွန်ဘန်တပ် နောက်လမ်းမှာတွေ.သမျှတောင်းရမ်းသူတွေကိုခွဲတမ်းပေးရတယ်ဆိုပဲ ဒါတွေကဘာတွေများလဲခင်ဗျာ

Powered by Blogger.