ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့  ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သတင်းအဖွဲ့  EMG
ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည် ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည် Reviewed by သစ်ထူးလွင် on 13:02 Rating: 5

75 comments:

u zaw said...

Don't buy the GSM phone with price 1.8L kyats!

Let We wait the price to drop till 5000kyats or less.

tharzaw said...

ဝယ်ယူအားမပေးမှုကို ထောက်ခံပါသည်။
မနေ့က ကိုရီးယားကပြန်လာတဲ့ မိတ်ဆွေတစ်ယောက်နဲ့
စကားစပ်မိလို့ မေးကြည့်တာ ကိုရီးယားမှာတော့
SIM Card ကို အလကားပေးတယ်လို့သိရပါတယ်။
အဲဒီတော့ ...
ဝယ်ယူအားမပေးမှုကို ထောက်ခံပါသည်။
မဖြစ်မနေလိုအပ်သည့် သူများကလွဲလို့
ဝယ်ယူအားမပေးမှုကို ထောက်ခံပါသည်။

Unknown said...

Ha ha ha,,,
damn funny,,,
noone interest u guys!
go away.....

Tin Myint Soe said...

မိတ်ဆွေတို့ ဒီသတင်းမှန် မမှန် အတည်ပြုပေးကြပါလားဗျာ ... တကယ်မှန်တယ် ဆိုရင် ဘယ်လိုစီစဉ်ပေးတာလဲ စိတ်ဝင်းတဲ့သူတွေအတွက် ဘယ်မှာ ရနိုင်မယ်၊ ဘယ်စနစ်နဲ့ ရောင်းပြီး၊ ဘယ်လိုပေးချေမှု ၀န်ဆောင်မှုတွေပါလဲ ဆိုတာလေး သိသောသူများ မှ ဝေမျှပေးစေလိုပါတယ်...
ကျေှးဇူးတင်လျှက်...

252525 said...

အိုင်ဖုန်း5Gအသစ်အလိုက်မပေးမချင်းမသုံးဘူးကွာ...

ဘကြီးမောင် said...

အရင်တုန်းက ကျပ်တစ်သိန်းခွဲဆို အခုတစ်သိန်းရှစ်သောင်းဆိုတော့.. ဘာလို့ သုံးသောင်းတက်သွားတာလဲ...ကိုရွှေမန်း တရုတ်သွားတဲ့ ခရီးစာရိတ်ကျေအောင်လို့များလားဗျာ...အိုင်ဖုန်း ၅ ငါးလုံးပေးမယ်ဆိုရင်တောင် မ၀ယ်ဘူး.....

tml said...

လူကြီးတွေရဲ့စေတနာက တကယ်မမှန်ဘူးဗျ၊ သူတို့တွေ ဝါးလုံးခေါင်းထဲ လသာနေတယ် ဆိုတာလဲ အမှန်ပဲ၊ ပြီးတော့ ပြည်သူ တွေကို နလပိန်းတုန်း ထင်နေကြတုန်းပဲ၊၊

Naing Lin said...

ဟဟ တော်ရယ်ရတဲ့ကောင်းတွေကွာ ထပ်စောင့်အုံးမယ် ဈေးများသေးတယ်
အလုပ်အကိုင်ကလဲသိပ်မပွင့်သေးတော့သိပ်မလိုသေးဘူး....ဟန်းစက်ကလဲ
ဈေးမပေါသေးဘူး..

Quote For Life said...

သပိတ်မှောက်တယ် လုံးဝမဝယ်ဘူး ဟာဟ

patheinthu said...

ဝယ်တော့မလားလို့စဉ်းစားနေတာ။ သူငယ်ချင်းတွေပြောတာနဲ့တွေဝေသွားတယ်။ ဂယ်ပြောတာလား။ ဒါဆိုစောင့်လိုက်ဦးမယ်နော်။

သက်မောင် said...

မှန်ပါတယ်
မ၀ယ်ကြဖို့ မေတ္တာရပ်ခံပါတယ်... သိပ်မကြာပါဘူး... ဈေးသေချာပေါက် ကျလာမှာပါ.... သွေးတိုးစမ်းနေတာပါ....
နောက်ဘယ်လောက်ကြာကြာ တောင့်ခံဖို့ လိုမလဲ စောင့်ကြည့်ကြပါ... ဖုန်းကိစ္စနဲ့ပတ်သက်ပြီး စိတ်ရှည်ပေးပါ... လက်ကိုင်ဖုန်းကိုင်ချင်တဲ့ ဆန္ဒကို ခဏလောက် ထိန်းထားပေးပါ...
ဖုန်းမရှိတော့လည်း သူဘာသာသူအဆင်ပြေ သွားတာပဲ ... ဘေလ်ဖိုးသက်သာပါတယ်...
ကိုင်မယ့်ကိုင် ၅၀၀၀ လောက်ရမှပဲ တ၀ပြောကြပါ...

phayoung2009@gmail.com said...

Killer ...

သယ်ရင်း ဂယ်ပြောတာလား နောက်ထပ်၆ လ ဘယ်နှစ်ခါလောက်ဆို ငါးသောင်းကျမှာလား...
" သေချာရင် ရွာကို ပြောလိုက်တော့မယ် မ၀ယ်သေးနဲ့အုံးလို့"

ငယ်ငယ် said...

ငယ်ငယ်
ဝယ်ဘူး၊၀ယ်ဘူး လုံးဝပဲ

ကိုငလင်း said...

လုံးဝမ၀ယ်ဘူး သပိတ်မှောက်တယ်

ktd said...

အရင်တုံးက ဈေးနှင့်စာရင်တော့ လွမ်းလောက်စရာပေါ့၊
နောက်ထွက်လာမဲ့ ငါးထောင်တန်၊ အလကားတန်ဖုန်းတွေလှိုင်လှိုင်ပေါလာရင်၊ အခုဘယ်ရွေ့ဘယ်မျှပေးထားရတဲ့ဖုန်းတွေနဲ့ ကွန်နရှင် မရနိုင်တော့ဘူးဆိုတော့၊ အရမ်းငမ်းငမ်းတက်လို့ အားပေးမှုကို မပြောလိုပါ။
သိပ်မကြာတော့ဘူးနော်။ ။ ။ ကြားနေရတယ်။ သူတို့အထဲက။ ။ ။

ktd said...

အရင်တုံးက ဈေးနှင့်စာရင်တော့ လွမ်းလောက်စရာပေါ့၊
နောက်ထွက်လာမဲ့ ငါးထောင်တန်၊ အလကားတန်ဖုန်းတွေလှိုင်လှိုင်ပေါလာရင်၊ အခုဘယ်ရွေ့ဘယ်မျှပေးထားရတဲ့ဖုန်းတွေနဲ့ ကွန်နရှင် မရနိုင်တော့ဘူးဆိုတော့၊ အရမ်းငမ်းငမ်းတက်လို့ အားပေးမှုကို မပြောလိုပါ။
သိပ်မကြာတော့ဘူးနော်။ ။ ။ ကြားနေရတယ်။ သူတို့အထဲက။ ။ ။

ကိုငလင်း said...

Messenger ဂျာနယ် ဖတ်နေရင်းက ဒီpost ကို တွေ့လို့ ဆောင်းပါးထဲက တစ်ချို့ကို ဖေါက်သည်ချပါရစေ။***တစ်ခါက ဆက်ကပ်ပိုင်ရှင်တစ်ယောက်က သူ့သမီးအပျိုလေးကို ကြိုးတန်းလျှောက်နည်း သင်ပေးရာတွင် ကြိုးတန်းပေါ်မှ ချော်မကျစေရန် သတိပေးကြောင်း နင် ပြုတ်ကျလို့ကတော့ ဟောဟိုက မြည်းက ပေးစားပစ်မယ်ဟုလည်း ကြိမ်းမောင်းကြောင်း ထိုစကားကို အမှတ်မဲ့ကြားသွားသော မြည်းမှာ ထိုအချိန်မှစပြီး မြက်လည်းမစား ဘယ်မှလည်း မသွားတော့ဘဲ ဆက်ကပ်ပိုင်ရှင် သမီးလေး ကြိုးတန်းလျှောက် လေ့ကျင့်သည့်အနားမှ မခွါတော့ဘဲ တစ်ချိန်ချိန်တော့ ပြုတ်ကျလာနိုး မျှော်လင့်နေတော့သည့် အကြောင်း ဖြစ်ပါတယ်
ဟုတ်ကဲ့၊ ဖုန်းမသုံးနိုင်ကြသေးတဲ့ ၉၄ ရာခိုင်နှုန်းသော မြန်မာပြည်သူများ ဆပ်ကပ်ထဲက မြည်းများ မဖြစ်ကြပါစေနဲ့လား.....***

သိန်းဝင်းဇော် said...
This comment has been removed by the author.
OZI said...

Boycott. Wait till down competitive price.
Show Myit Sone spirit.

mg mg said...

မ၀ယ်ဘဲနေလိုက်ကြပါ.
အဖြေထွက်လာမှာပါ.

Ko Oo said...

မူရင်း EMG မှာ မရှိတော့ဘူးနော်၊ ကျွန်တော်တော့ ရှာ မတွေ့ဘူး

soe thu said...

ဘယ်သူပြောလဲ ချပေးမယ်ဆိုတာ အာမခံနိုင်လို့လား ....................

ချစ်ရာ မ said...

ကိုအောင်ရေ ယုံရမှာလား...ဒီမှာတော့ 180000/- လို့တော့ပြောနေပြီ။

soe thu said...

ချထားပေးမယ်လို့ ဘယ်သူပြောတာလဲ ရူးနေလား အိမ်မက်နေပေါ့ စောင့်လိုက်ပါအုံး........................

ရာရာ said...

ဘယ်အချိန်မေးမေး....တသမတ်တည်းဖြေနေမယ်ဗျို့....."မ၀ယ် ရေးချ မ၀ယ်..."..

Roxana M said...

Last 200000K....This week 180000k.....next week ........k
How low can MPT can go????????

micromyo said...

လိုအပ်မယ်မထင်ရင်မ၀ယ်ကျေးနော်။

Show said...

ခင်ဗျားတို့ပြောတော့3သိန်းဆို.ခုတော့ရွှေပြည်တံခွန်ကောင်းမှုနဲ့1.8သိန်းဖြစ်သွားပြီလား တော်တော်အကျင့်မကောင်းတဲ့လူတွေ လိမ်လို့မရတော့လျှော့ရပြီပေါ့
ဈေးကထပ်ချမှာ မ၀ယ်နဲ့အုံး

စိုးလွင်ဥိး said...

မ၀ယ် မ၀ယ်ရေးချမ၀ယ်။ ၂ နှစ်အတွင်းငွေ ၁၇ သိန်းလောက်နာသွားတဲ့ 
အမလေးကိုကြည့် ပြီးသင်ခန်းစာယူပြီ။အမ၀ယ်တုန်းက ၁၉ သိန်း
အခု ၁.၈ သိန်း နောက်................??????????????

Myanmar said...

ကိုကေလာ.... သိထားတဲ့ အတွင်းေ၇းတွေ၇ှိသေး၇င် ဆက်မျှဝေပေးပါဦး...။ ။

Anonymous said...

ညီအကိုမောင်နှမတို့ ညီညွတ်ကြ၇အောင်။ မ၀ယ်ပါနှင့်။ သူတို့လုပ်သမျှခံ၇အောင် ငတုံးတွေမဟုတ်ဘူး ဆိုတာ ပြကြ၇အောင်

Anonymous said...

Don't say our phones are expensive. you all didn't understand our problems of under table charges.If a company didn't pay under table money , can't sucess to get any project.So prices are more and more.180000 ks phones is also included. please buy our phones. 300000 ks sim-card selling companies.(180000 ks now;;)

Anonymous said...

ဟုတ်တယ် EMG ကဒီသတင်းကို ဒီနေ့ မနက်ပဲ သူအရင်တင်ထားတာ အခု ဘာလို့ ပြန်ဖြုတ်လိုက်လဲ စဉ်းစားစရာပဲ . . .ဈေးက ထက်ဆင်းနိုင်သေးတယ်ဆိုတဲ့ သဘောလား . . . ရောင်းချခါနီးလေ ဈေးက မငြိမ်လေဆိုတော့ ပိုပြီး မ၀ယ်သင့်လေပဲပေါ့ . . . .EMG ဒီသတင်းကို ပြန်ဖြုတ်လိုက်တာ စဉ်းစားစရာပဲ . . .

zarni said...

ပထမပြောတော့ (၃) သိန်းဆို-အခုတော့-ရွှေပြည်တံခွန်က (၅)ထောင်- ဆိုတာနဲ့အခုတော့ (၁သိန်း၈သောင်း)တဲ့-အခုထက်ထိပြည်သူလူထုကိုလှည့်စားချင်နေသေးတယ်နော်-တော်ကြပါတော့ဗျာ-ပြည်သူတွေလည်းဖွတ်တက်နေပြီ-မင်းတို့နဲ့ပက်သက်တဲ့အသိုင်းအ၀ိုင်းဘဲကောင်းစားနေတာ-

ရဟန်းတစ်ပါး said...

ဝယ်လိုအားနည်းရင် လုံးဝမ၀ယ်ကြရင် သူတို့ မနေနိုင်ပါဘူး။ ဈေးက ချကို ချပေးရမှာပါ။ ရောင်းရင်းတို့ တောင့်နိုင်သမျှတောင့်ထားကြပါ။ မ၀ယ်ကြသေးပါနဲ့အုံး။ ၀ယ်မယ်ဆိုတဲ့သူတွေကိုလည်း သဘောပေါက်အောင် ရှင်းပြပေးထားကြပါ။ နဂိုက သုံးသိန်းဝန်းကျင်လို့ သူတို့ပြောထားတာ။ ခု ငါးထောင်တန်က ဟန့်လိုက်လို့ လန့်ဖြန့်ပြီး ဈေးချလိုက်ရတာ သက်သေပါဘဲ။ လုံးဝ မ၀ယ်ကြပါနဲ့။ မ၀ယ်ဘို့အရေး ကန်ပိန်လုပ်နိုင်ရင်တောင် ကောင်းမယ်နော်။

Anonymous said...

Hi JADE PRINCE, your spot light is outstanding.

tan said...

လုံးဝမဝယ်ပါနဲ့....သွေးတိုးစမ်းနေတာပါ သူများနိုင်ငံတွေနဲ့များကွာပါ့....လူတွေကိုများစောက်ရူးတွေမှတ်နေလားမသိဘူး

tan said...

လုံးဝဘဲမဝယ်ဘူး....ဖုန်းမကိုင်ရလို.သေမသွားဘူး....ညီတယ်ဟေ......

zaw 1975 said...

ဝယ်မယ်..ငါးသိန်းထက်စာရင်တန်တယ်လို့ထင်တယ်...ဖုံးရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲရုံ ကိုယ်စားလှယ် သွားလုပ်မလို့...ဖုန်းရှိမှ မဲခိုးရင် မြန်မြန်သတင်းပို့ တိုင်လို့ရအောင်....

kyaw said...

မှန်ပါတယ်
မ၀ယ်ကြဖို့ မေတ္တာရပ်ခံပါတယ်... သိပ်မကြာပါဘူး... ဈေးသေချာပေါက် ကျလာမှာပါ.... သွေးတိုးစမ်းနေတာပါ....
နောက်ဘယ်လောက်ကြာကြာ တောင့်ခံဖို့ လိုမလဲ စောင့်ကြည့်ကြပါ... ဖုန်းကိစ္စနဲ့ပတ်သက်ပြီး စိတ်ရှည်ပေးပါ... လက်ကိုင်ဖုန်းကိုင်ချင်တဲ့ ဆန္ဒကို ခဏလောက် ထိန်းထားပေးပါ...
ဖုန်းမရှိတော့လည်း သူဘာသာသူအဆင်ပြေ သွားတာပဲ ... ဘေလ်ဖိုးသက်သာပါတယ်...
ကိုင်မယ့်ကိုင် ၅၀၀၀ လောက်ရမှပဲ တ၀ပြောကြပါ.
(correct)

forall said...

လုံးဝ မဝယ်ဘူးကွာ...
လဒ MPT ကို ကြည့်ရတာ မဟုတ်ဘူး....

Nsnds said...

Ur joke

Nsnds said...

Ur right

Nsnds said...

Ur funny

ရာရာ said...

ကို Jade prince ရေ...ခင်ဗျားပြောတဲ့ပုံစံမျိုးက ဆိုင်ရှင်တစ်ယောက်ဟာ သူ့အတ္တနဲ့သူ သူ့ဆိုင်ကိုလူလာစေဖို့ ဆိုင်ဒဂရေးရှင်းကိုစိတ်ကြိုက်လုပ်ပြီး သူ့ဆိုင်ကိုလာအားပေးတဲ့သူဆီက အဲ့ဒီအတွက်ပါထပ်ဆောင်းအမြတ်တင်ပြီး ရောင်းသလိုဖြစ်နေပြီဗျ...ခင်ဗျားပြောတဲ့ခင်ဗျားတို့အလုပ်ဖြစ်ဖို့အန်ဒါတေဘယ်လ် ကြီးအတွက်ကျုပ်တို့က ပေးရမှာပေါ့..ဟလား...။ ကျလည်းကျတဲ့ လူဗျာ..။

kyawtan said...

ကိုရီယားတို့တခြားနိုင်ငံတွေမှာ သုံးတာကြဲာပီဖြစ်လို့ တာဝါတိုင်ထောင်တာတို့တခြားကုန်ကျစရိတ်တွေကျေပြီဖြစ်လို့ Free ပေးပြီး Call Charges နဲ့ အမြတ်ယူနေကြတာမဖြစ်နိုင်ဘူးလား၊
မြန်မာပြည်မှာက ကုန်ကျစရိတ်အရင်းမကျေသေးလို့ကော မဖြစ်နိုင်ဘူးလား၊ ရင်းနှီးမြုတ်နှံသူဘက်ကလည်းထည့်စဉ်းစားပေးသင့်ပါတယ်။

Poe Aung said...

ံ့HUAWEI ဟန်းဆက်ရော ပေါ့ မ၀ယ်ရမဲ့အထဲပါတယ် သူတိုပဲ Sim Card ရောင်းတယ် သူတိုပဲ ဟန်းဆက်ရောင်းတယ် တယ်တော်တာပဲလေ HUAWEI က ထူး ကုမ္ကဏီက တင်သွင်းတာလေ

Burmeserose said...

နိုင်ငံသူနိုင်ငံသားဆိုတာ ဘာလုပ်ချင်ချင် အစိုးရလုပ်ပေးမှ ငါတို့မလိုဘူးဆိုတဲ့အယူအဆကို လက်ကိုင်ထားလို့မရပါဘူး။ ငါလည်းတစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်ဆိုတဲ့အတွေးလေးအနည်းဆုံးရှိရပါမယ်။ ဘယ်အရာမှ အလကားမရဘူးရှင်။ ကိုယ့်ဘက်ကလည်း ဘာပြန်လုပ်ပေးနိုင်သလဲ ကြည့်ရပါတယ်။ သဘောတရားဖတ်ကြည့်ရသလောက် လောဘစိတ်နဲ့ အချောင်လိုချင်စိတ်တွေလျော့မှဖြစ်မယ်ထင်ပါတယ်။ နိုင်ငံတကာမှာတိုးတက်နေတယ်ဆိုတာ အစိုးရကပဲ သိပ်ကောင်းနေလို့မဟုတ်ပါ။ နိုင်ငံသားတွေကိုယ်တိုင်က မိမိတို့ဖက်ကတာဝန်ကိုကျေပွန်ပီး စည်းကမ်းလိုက်နာ၊ အခွန်ဆောင်ပီး တိုင်းပြည်ဝင်ငွေကိုကာဗာလုပ်ပေးနေကြတာပါ။ အရာရာဟာ ဘက်ညီမှ ကောင်းကျိုးခံစားရတာပါ။ သူငယ်ချင်းတို့အတွေးအခေါ်လုံးဝမှားတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့်တာဝန်ယူတတ်ကြဖို့တော့လိုပါတယ်။ မကောင်းတဲ့လူသူ့လမ်းသူသွားမှာပါ။ အနည်းဆုံး ကိုယ့်လိပ်ပြာကိုယ်ပြန်လန့်နေရတာမျိုးပေါ့။ တို့တွေတစ်ဖက်စောင်းနင်းလုပ်နေကြရင် ဘယ်တော့မှထင်သလောက်အောင်မြင်မှာမဟုတ်ပါဘူး။ သူများနိုင်ငံမှာ အလကားရနေတာအားကျရင် ငါတို့လည်းသူများနိုင်ငံသားတွေလိုနိုင်ငံတိုးတက်ရေးမှာဘာတွေပါဝင်ဆောင်ရွက်ခဲ့ပီလဲ ပြန်မေးကြည့်ကြပါ။ ခေတ်ဆိုတာ ပျက်တာလွယ်တယ်။ ကောင်းအောင်ဖန်တီးရတာမလွယ်ဘူး။ သူများဖန်တီးတိုင်းလဲမရဘူး။ ကိုယ်တိုင် ကိုယ်လိုချင်တာကိုပြန်လည်းရယူ လိုက်နာခြင်းဖြစ်ပါတယ်။

kho said...

ဈေးကထပ်ကျမှာမယုံမ၇ှိနဲ့-နေပြည်တော်ဆသ၇၀န်ထမ်းသက်သာ(PCO)ဆိုပြီး၅၀၀၀၀။ဘဲပေး၇တယ်-၀ယ်သူမရှိ၇င်သေချာပေါက်ဈေးကျမယ်-ဒီနှစ်စီမံကိန်းက-၄-သန်းလေ-အခု-၁-သန်းလောက်ဘဲေ၇ာင်းနိုင်တယ်

phayoung2009@gmail.com said...

kyawtan သို့

"ကိုရီယားတို့တခြားနိုင်ငံတွေမှာ သုံးတာကြဲာပီဖြစ်လို့ တာဝါတိုင်ထောင်တာတို့တခြားကုန်ကျစရိတ်တွေကျေပြီဖြစ်လို့ Free ပေးပြီး Call Charges နဲ့ အမြတ်ယူနေကြတာမဖြစ်နိုင်ဘူးလား၊
မြန်မာပြည်မှာက ကုန်ကျစရိတ်အရင်းမကျေသေးလို့ကော မဖြစ်နိုင်ဘူးလား၊ ရင်းနှီးမြုတ်နှံသူဘက်ကလည်းထည့်စဉ်းစားပေးသင့်ပါတယ်။"

နင်ဘာကောင်လဲ ဆက်သွယ်ရေးကလား ဆက်သွယ်ရေးကဆို မသထာရေဆာ စားနေတဲ့ ကောင်ပဲ နင်ပြီး သေနေအုံးမယ် သေချာပြောနိုင်ငံတကာမှာ ဘာတွေလုပ်နေလဲဆိုတာ မ သိပဲ ၀င် ၀င် မဟောင်နဲ့... နင့်အမေလင် တွေက ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်ဆိုတာတွေက ပြီး မပြီးတော့ဘူးလေ... S သုံးမကျတဲ့ ကောင် အေးဆေး အရိုးကိုက်နေ လာလာ မဟောင်နဲ့... (နင်သတ္တိရှိရင်လာပြော MPT ဌာန အပေါ်ဆုံးထပ်မှာ ရှိတယ်)

ခိုင်မြဲ said...

Internet Journal
ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ငွေကျပ် ၁ သိန်း ၈ သောင်းဖြင့် မတ်လ၌ စတင်ရောင်းချမည်ဟုသော သတင်းမှာ မှားယွင်းနေကြောင်း ဈေးနှုန်းအနေဖြင့်ထုတ်ပြန်ကြေညာခြင်းကို မပြုလုပ်သေးကြောင်း ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီးဖြစ်သူ ဦးကျော်စိုးက နေပြည်တော်၌ တွေ့ဆုံစဉ်ပြောကြား သည်။

naymin said...

ကိုသစ်ထူးလွင်ရေ........မြန်မာပြည်မှာ ဖုန်း sim ကဒ်တွေ ငါးသောင်းနဲ့ဝယ်လို့ရနေပြီကြားတယ်...အကို့ သတင်းမှာမတွေ့လို့...သေချာလား သိချင်ပါတယ်....?????

မေတ္တာရှင် said...

ဒီမယ် ကိုငလင်းလား? ကိုငမြည်းလားကွ ဆပ်ကပ်ထဲက မြည်းများ လို့ ငါတို့ပြည်သူတွေကို မင်းက တိရစ္ဆာန်လို့ စော်ကား ပြောနေတာလား?။တိရစ္ဆာန် မျက်လုံးနဲ့ ကြည့်နေတာလား ? တိရစ္ဆာန် အတွေး တိရစ္ဆာန်အကြံတွေ ထုတ်မနေနဲ့ကွာ။ မြည်းဆိုတာ တိရစ္ဆာန်ကွ ၊ တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်လိုဘဲအတွေးရှိမယ် အခုမင်းလိုပေါ့။ ပြုတ်ကျမယ့်အချိန်ကို
မစွမ်းဆောင်နိုင်လို့ ထိုင်စောင့်နေမှာပေါ့။ ငါတို့ပြည်သူတွေက လူလိုတွေး ပြီး ဘယ်လိုပြုတ်ကျလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်ကွ။
စာဖတ်ပရိတ်သတ်ကြီး ခင်ဗျာ ကျွန်တော်တစ်ခု အကြံပြု ပါရစေ။
မသိလို့ ခံရတာနဲ့ သိသိနဲ့ ခံရတာက ပိုညံ့ရာရောက်ပါတယ်။ ပိုလည်းအခံခက်ပါလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ စောင့်လာခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော် နေပါပြီ။
အခုတော့ ကျွန်တော်တို့ ပြည်သူတွေ စောင့်စားနေတဲ့ အချိန် ကျရောက်လာပြီဆိုတာ စာဖတ်ပရိတ်သတ်ကြီး အနေနဲ့ ယနေ့ဂျာနယ်တွေကိုလေ့လာရင်သိမှာပါ။ ကြောင်ကြာကြာ ရေမငုတ်နိုင်ပါဘူးလို့ ပြည်သူ့အတွတ်အကြံ ပြုလိုက်ပါရစေ။

tharzaw said...

Sim Card တစ်ကဒ်ကို ထုတ်လုပ်စရိတ်က ၆ ကျပ်လောက်ပဲ
ကျတယ်။ ပြောဆိုခက တစ်မိနစ်ကို ၂၅ ကျပ်ယူတယ်။
ဘယ်နိုင်ငံမဆို ပြောဆိုခကိုပဲယူပြီး ကဒ်ကိုအလကားပေးတယ်ဗျ။
တစ်မိနစ် ၂၅×တစ်ရက်ကို ဖုန်းပြောဆိုသူသန်း ၃၀ = ၇၅၀ သန်း
အဲဒီလိုပါ ကို kyawtan တွက်ကြည့်ပါဦး။
ကျေးဇူးတင်ပါတယ်။

Anonymous said...

yar yar read mine twice. u r misunderstanding.

shein said...

ဟုတ်တယ်..ငါတို့ညီညွတ်ရမယ့်အချိန်ရောက်လာပြီ။
သူတို့လုပ်လို့ခံလာခဲ့ရတာ နှစ်ပေါင်းမနည်းတော့ဘူး။
ဒီတော့...တတ်နိုင်သလောက်ငါတို့ မ၀ယ်ဘဲ သည်းခံလိုက်ကြရအောင်။
ဈေးက သေချာပေါက် ထပ်ကြအုံးမှာပါ..။

Anonymous said...

People said, GOV; made internet speed slow. That effect all including EDUCATION,COMMUNICATION etc;. Please aunty Suu urges some countries to help internet communication better. "INTERNET CONNECTION IS VERY IMPORTANT FOR A COUNTRY'S DEVELOPMENT".

koleo said...

ရန်ကုန်နဲ့ နေပြည်တော်ဆိုတော့ မန်းလေးမြို့ မှာ ဘယ်တော့ ချပေးမှာလဲ.... သိရင်ပြောပြပေးပါ့လား.......

မောင်မင်းကြီးသား မောင်မြဖေ said...

၅၀၀၀ိ/- ကျပ်နဲ့ Sim ကဒ် ရောင်းပေးပါ့မယ်ဆိုတဲ့သူကိုတော့၊ ပြည်သူ့အကျိုးကြည့်ပြီးခွင့်ပြုပေးဖို့ စိတ်မကူးဘဲ၊ သိန်းကျော်တန်ပဲ ရောင်းနေတော့တာပဲ။ လေတယ်။
http://www.thithtoolwin.com/2012/01/blog-post_5454.html

ရာရာ said...

Jade prince,..
I got what u mean. So, sorry for misunderstanding.

ရာရာ said...

ကိုကျော်တန်ရေ....ပတ်ဝန်းကျင်ကိုလေ့လာလိုက်ပါဦး။..ကျုပ်တို့ထက်လက်ကိုင်ဖုန်းသုံးတာနောက်ကျတဲ့..ကျုပ်တို့နိုင်ငံထက်ဆင်းရဲတဲ့ အိမ်နီးခြင်းနိုင်ငံတွေမှာလေ....ဆင်းမ်ကဒ်စ'ပြီးထုတ်ဝေကတည်းက ကျုပ်တို့နိုင်ငံရဲ့ တန်ဖိုးနည်းပါတယ်ဆိုတဲ့ဆင်းမ်ကဒ်တန်ဖိုးထက် အဆပေါင်းများစွာသက်သာပါတယ်ဗျား..။ မဟားဒယားကြီးဖြစ်နေတဲ့ကိစ္စမို့ ၀ိုင်းကန့်ကွက်နေကြတာပါ။..တော်ယုံဆိုဘာမှပြောကြမှာမဟုတ်ပါဘူး..ကျုပ်တို့ပြည်သူတွေက ထုသားပေသားရနေကြပါပြီဗျာ..

Kingdavid said...

မ၀ယ်သင်.သေးပါလို.အကြံပြုပါသည် အာဆီယံနိုင်ငံအတွင်း မှာဘဲဈေးအရင်စုံစမ်းလိုက်ကြပါအုန်း

phayoung2009@gmail.com said...

ဘယ်သူမှ မ၀ယ်ကြနဲ့အုံးဟေးးးးးးးးးးး လို့ အော်လိုက်ပြီ..

Anonymous said...

Burmeserose ပြောထားတာလေးကို သဘောကျပါတယ်
ပတ်ဝန်းကျင်ကိုပြောင်းလဲချင်ရင် မိမိကိုယ်ကို မိမိ အရင်ပြောင်းလဲကြပါလိုပြောချင်ပါတယ်ဗျာ..။ အဖြေက တစ်ခုထဲရှိတယ် ၀ယ်ရင် ပိုင်ဆိုင်မယ် မ၀ယ်ရင် မပိုင်ဆိုင်ဘူး.. Technical Point Of View အရ ပြောမယ်ဆိုရင် မြန်မာပြည်အနေအထားနဲ့ ၅၀၀၀ တန် ကဒ်ကို အဲဒီ ကုမဏီ က တကယ် လုပ်နိုင်ပါမလား ဆိုတာ နဲနဲ စဉ်းစားစရာပါ.. ကျွန်တော် သိသလောက်ပြောတာပါ အဲဒီ ကုမဏီကို စော်ကားသလို ဖြစ်ရင် အနူးအညွှန့်တောင်းပန်ပါတယ်.. အဲ Comment ရေးတဲ့သူတွေကိုပြောချင်တာကတော့ တစ်ခုခု ဖြစ်လာရင် ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ပြီး မပြောကြပါနဲ့.. ခင်ဗျားတို ဘ၀ လေးမှာတောင် ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို စိတ်တိုင်းကျ လုပ်နိုင်လိုလားဗျာ .. အစိုးရ ဆိုတာကိုပဲ အပြင်မမြင်နဲ့ ခင်ဗျား ကိုယ်တိုင်ကရော အဲဒီ အစိုးရ က ထုတ်ထားတဲ့ စည်းကမ်းတွေ ကိုတိတိကျကျ လိုက်နာကြဘူးလိုလားဗျာ.. Higher Policy တွေက ချပေးလိုက်ပေမဲ့ ဖော်စား ပေါင်းစားနေတာက ပြည်သူထဲက လူတွေဗျ. အရင်က အစိုးရက အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တယ် မကောင်းခဲ့ဘူး.. အဲဒီတော့ တစ်ခုမေးမယ် အစိုးရ အဖွဲ့အစည်းတစ်ခုလုံးကို မပြောနဲ့ ခင်ဗျားတို အိမ် အလုပ် ရုံးမှာရော လူတိုင်းကောင်းကြလိုလား.. ဝေဖန်ချင်ကြတယ် ပြောချင်ကြတယ်ဆိုရင်သေသေချာချာ တိတိကျကျ သုံးသပ်ပြီး ထိထိရောက်ရောက်ပြောကြပါဗျာ.. ဦးသန်းရွှေကို မကျေနပ်ဘူး ခင်ဗျားတို ဘောင်ထဲကနေ လုပ်လိုရတယ်လုပ်ဘူးကြလား.. ရုပ်စွအဆုံး ခင်ဗျား တို နေတိုင်းကားစီးတယ် စံပါယ်ယာ အအော် အဆဲခံတယ် စံပါယ်ယာ မှားနေတာကို ခင်ဗျားတို့ ဘောင်ထဲကနေ ထိထိရောက်ရောက် ပပြောက်သွားအောင် ရှင်းဘူးကြလား.. လုပ်ဘူးကြလား ..ကိုယ်ပတ်ဝန်းကျင် ကိုယ်အသိုင်းအ၀ိုင်းလေးမှာတောင် ခင်ဗျားတို့ ရဲရဲဝန့်ဝန့် မလုပ်ခဲ့ဘူးကြတာ ဒီနေရာမှာ ခင်ဗျားတို Comment ရေးတဲ့သူ အချင်းချင်း အငြင်းပွားနေလို ဘာဖြစ်လာမှာလဲ.. ဘာလုပ်ကြမလဲဆိုတာကိုပဲ ဆွေးနွေးသင့်တယ်... အပိုအလုပ်တွေ မလုပ်သင့်ဘူး.. အခု ၁ သိန်း ၈ သောင်းနဲ့ဖုန်းထွက်မယ် (မသေချာသေးဘူးနော်) ပြောကြတယ် ခင်ဗျားတို မ၀ယ်ကြနဲ့လိုပြောကြတယ် .. အဲဒီလို ပြောနေကြမဲ့ အစား ၅၀၀၀ တန် ထွက်လာအောင် ဘယ်လို ဆောင်ရက်ကြမလဲဆိုတာ ကိုဆွေးနွေးကြရင် မကောင်းဘူးလား.. မ၀ယ်နဲလိုပြောနေလိုကတော့ မရယုံပဲ ရှိမှာပေါ့ဗျာ.. ကျွန်တော် ဒီ Comment ကိုရေးလို ဆဲချင်တယ်ဆိုရင်တော့ ဒီကနေ မဆဲပါနဲ့ .....

Anonymous said...

MONEY MAKES EVERYTHING. IT MAKES 180000 KS SIM-CARD IS MORE SUITABLE THAN 5000 KS SIM-CARD.HOW TO FORWARD TO DEMOCRACY.

Anonymous said...

5000 ks sim-card crisis is not only costing problem, but also determine the existing government standard ,including U THEIN SEIN AND U SHWE MAN.

ရာရာ said...

လင်းမြတ်ရယ် ..
အဲ့လောက်ကြီးတုံးရ အ'ရသလား(ဆဲတာမဟုတ်ပါဘူး၊ ကရုဏာဒေါသောနဲ့ပြောတာပါ)...မ၀ယ်ဘူးဆိုတာဟာ ငါတို့လုပ်နိုင်တဲ့ဘောင်ထဲက ဆန့်ကျင်ကန့်ကွက်တဲ့လုပ်ရပ်တစ်ခုလေ။..ဒီလောက်ဈေးနဲ့ ငါတို့မလိုချင်ဘူး..မ၀ယ်ဘူး..။ မရချင်ဘူး။ ဒါကို မ၀ယ်ရင်မရယုံပဲရှိမှာပေါ့ဆိုတော့ ငါဘာပြောရမှာတောင်မသိတော့ဘူး..ဒီလိုပြောကြဆိုကြကန့်ကွက်ကြ ဝေဘန်ကြလို့ပဲ တန်ဖိုးနည်း သုံးသိန်း..တန်ဖိုးနည်း နှစ်သိန်းခွဲ..တန်းဖိုးနည်း..တန်ဖိုးနည်းဆိုပြီး တစ်ဖြည်းဖြည်းလျော့လာတာပဲကြည့်။ ဒါ ငါတို့လုပ်နိုင်တဲ့နေရာကနေငါတို့လုပ်တာပဲလေ။..ငါတို့ဟာ ဖြစ်ချင်တာချည်းစွပ်အော်နေတာမဟုတ်ဘူးသူငယ်ချင်း။ ဖြစ်သင့်တာကိုပဲဖြစ်စေချင်တာပါ။ ငါတို့ဟာ ဘာမှမသိဘူး၊ လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုး မဟုတ်ဘူးဆိုတာ သိသွားအောင်တော့ပြောရမှာပဲသူငယ်ချင်းရေ။ ဒီတန်းဖိုးနည်းဖုန်းဆိုတာကြီးကိုမ၀ယ်နဲ့ ဆိုတာဟာ အဲ့ဒီထောင်ကျော်တန်စင်းမ်ကဒ် ပေါ်ပေါက်လာဖို့ရည်ရွယ်ချက်ပဲမလားကွာ...။

သက်မောင် said...

မောင်လင်းမြတ်ပြောနေတာ လူထုစည်းရုံးရေးပွဲနေရာ၊ စည်းဝေပွဲနေရာ၊ တရားပွဲနေရာ မဟုတ်ဘူးနော်.... ဒါက မည်သူမဆို ကိုယ့်အမြင်တွေကို ဖော်ပြချင်ရင် ဖော်ပြလို့ရအောင်လုပ်ပေးထားတဲ့ Comment Box မှာပြောနေတာနော်... သတိထားပါဦး.....လူတိုင်းမှာ လွတ်လပ်စွာ မြင်ခွင့် တွေးခွင့် ပြောခွင့်ရှိတယ်... ပြောပါစေ...... ရေးပါစေ ခံစားပါစေ.... တခြားအပြစ်တွေတွေ ပြောနေတာထက် မိတ်ဆွေတို့ရေ ငါတို့ဖုန်းကတ်ကို ဘယ်လိုသက်သာတဲ့နည်းလမ်းတွေ သုံးပြီးရအောင်လုပ်ကြမလဲဆွေးနွေးကြရင်မကောင်းဘူးလားဆိုရင်ပြီးတာပဲ... မင့်ရေးတဲ့ကွန်မင့်ကလည်း ဆောင်းပါးဖတ်ရတာကြနေတာပဲ... ဟို ဘောလုံးပွဲသွားကြည့်ပါတယ်ဆိုမှ ကွင်းဖွင့်ပွဲလူကြီးစကားပြောတာနဲ့ မိုးချုပ်သွားလို့ ဘောပွဲမကန်ဖြစ်လိုက်ဘူးဆိုတဲ့ အဖြစ်အပျက်လို ဖြစ်နေမလားမောင်ရင်...

myanmarpyithar said...

ဟုတ်တယ် ပြည်သူ့အတွက် လား ဘယ်သူ အတွက်လဲ လို့ မေးရမလို ပဲ။ GSM တွေ အင်တာနက် ဖွင့်တယ်ဆို လို့ ဖုန်း အရောင်းဆိုင် တခု ကို ဖုန်းဆက် မေးကြည့်တော့ တရားဝင် မဖွင့်သေးဘူးတဲ့။ လမ်းကြောင်းတော့ ရှိတယ် တဲ့ ၅၀၀၀၀ ကျပ် ပေးရင် ရမယ်တဲ့။ တသောင်းနဲ့ လျှောက်လို့ ရတာ ကို လမ်းကြောင်းနဲ့ ငါးသောင်း နဲ့ ရမယ်တဲ့ ။ တရားကျ ပါတယ် ။ တော်တော် လဲ စိတ်ပျက်မိတယ်။ အော် ပြောင်းလဲ နေပါပြီ ဆိုပြီး လမ်းကြောင်း ကရှိနေသေး တယ်။ မယုံ ရင် ရန်ကုန်က ဖုန်းဆိုင် တွေ ကို မေးကြည့်နိုင်ပါတယ်။

mr naung said...

မြန်မာပြည်ဆက်သွယ်ရေးလုပ်ငန်းဌာန မှ ဖုန်း ဘယ်ဖုန်းမှမ၀ယ်ကြပါနဲ့ အငှားချပေးတာနော အပိုင်ပေးတာမဟုတ်ဘူး စဉ်းစား ဖုန်းဆက်သွယ်လို့မရလို့ အကြိုးအကြောင်းလေးမေးကြည့် ပြန်ဖြေကြားပေးလိုက်မယ် လိုင်းပိတ်လိုက်ရမလား ကျနော်ဝယ်ယူတတ်စင်အပြိး၂၇သိန်း ယခုပေါက်ဈေးနဲ့ပြန်တွက်ကြည့် ကျနော့သူငယ်ချင်းမြေကွက်ဝယ် သိန်း ၂၀ ယခု သိန်း ၃၀၀ ဖြစ်နေပြီ..စဉ်းစားကြ လူတွေစဉ်းစားကြ........

လရောင်ဦး said...

ကြည့်ရသေးတာပေါ့
ဟုတ်မဟုတ်....

li john woo said...

ကလေးမြို့မှာတော့ တန်ဖိုးနည်း GSM ကို နံမည်ပေါက်နဲ့ Cpmpany ဈေးထက် လျော့ရတော့မယ်ဆိုပြီးတော့ စာရင်းတွေသွင်းခိုင်းပြီး စရံတွေတောင်းထားတဲ့ ဆိုင်တွေရှိနေပါတယ်။ လက်ကမ်းစာစောင်တွေနဲ့လည်း sim card အရောင်းကိုယ်စားလှယ်ဆိုင်ဆိုပြီးတော့လည်း ဝေနေပါတယ်။ အဲ့ဒါနဲ့ Call Center မှာစုံစမ်းကြည့်လိုက်တော့ သူတို့တောင်မှ ဘာမှသတင်းမရသေးပါဘူးတဲ့ ကိုယ်စားလှယ်ပေးတာလည်း မရှိဘူးလို့ပြောပါတယ်။ ရိုက်စားတွေများလွန်းလို့ သတိတော့ ထားကြပေါ့။

စင်ရော် said...

Phone စာချုပ်မှာရေးထားတာကငှားရမ်းခြင်းတဲ့၊
အခုမငှားချင်တော့ဘူး၊ sim card ပြန်အပ်မယ်၊ ၁၅သိန်း၅သောင်း ပြန်အမ်းပေးပါ။
ဥပဒေပညာရှင်များ ကူညီကြပါ။

Josex Creed said...

ဖုန်းဝယ်တုန်း ကငှားရမ်းသုံးဆွဲခွင့် ဆိုပြီးလက်မှတ်ထိုးပြီးဝယ်ရ တယ် အခုမသုံး ချင်တော့ဘူး စပေါ်တင် ထားတဲ့ ၁၅ သိန်းပြန်အမ်းတော့

MTP ကဖုန်းကိုဝယ်မသုံုးကစို.

PaukSaw said...

ပြန်အပ်ချင်တယ် ဘယ်လိုလုပ်ရမလဲ အကြံပေးကြပါ။
လူသန်းပေါင်းများစွာရဲ့ စပေါငွေ ၁၅သိန်းစီကို ပြန်ရအောင်ကြိုးစားကြပါစို့
သူတို့လုပ်သမျှ ခံမနေကြပါနဲ့

Powered by Blogger.