ပုသိမ်မြို့၊ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စ အကူအညီတောင်းခံခြင်း (ပေးစာ)

အကြောင်းအရာ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စနှင့် ပတ်သက်၍ အကူအညီတောင်းခံခြင်း
၁။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) နယ်မြေ ဧရာမင်းရပ်ကွက်ရှိ ဧရာမင်းဈေး ကို ၁၉၉၀ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့ပြန်လည်နေရာချထားရေး စီမံကိန်းတွင် တိုင်းမှူးဗိုလ်ချူပ်မြင့်အောင် လက်ထက်မှ ဧရာမင်း ရပ်ကွက်နှင့်အတူ ဈေးမြေအား ကွင်းအမှတ် ၁၁၉ မဟာဗောဓိ၊ ဦးပိုင်အမှတ် --/၁၆၄ - အလျှား ၄၀၀ပေx အနံ ၁၂၀ပေ (၁.၁၀ ဧက) အကျယ်အ၀န်းအဖြစ် အခိုင်အမာချထားခဲ့ပါသည်။
၂။ ၂၀၁၀/၂၀၁၁ ခုနှစ်တွင် အမှတ်(၈) နယ်မြေ အုပ်ချူပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော ဦးရဲနီမှ အာဏာပိုင်အဖွဲ့များ နှင့် မြေစာရင်းအဖွဲ့တို့ ပူးပေါင်းကာ ဧရာမင်းဈေးဆိုင်ခန်းများကပ်လျှက်မှ ကျန်ရှိနေသော အမှိုက်ကန်၊ မီးသတ်ကန်၊ အိမ်သာ တို့ထားရှိသော ၁၈၀ပေx ၁၂၀ပေ အတွင်း အိမ်ယာ ၈ ကွက်ရိုက်၍ မတရား သိမ်းပိုက်ကာ ဈေးသူဈေးသား၊ ရပ်ကွက်စည်ပင် ခွင့်ပြုချက်မရှိဘဲ အနှစ် ၄၀ မြေဂရံများ ပြုလုပ်ရောင်း စားခဲ့ပါသည်။
၃။ အဆိုပါဈေးမြေကွက်အား ၀ယ်ယူထားသောသူများအနက်မှ ဒေါ်စန်းစန်းဌေး အမည်ခံပိုင်ဆိုင်သူ ဦးရဲနီမှ (၈.၁၂.၂၀၁၁) တွင် ခြံများ အခိုင်အမာကာရံပြီး မိုးကောင်းကင် ကေတီဗွီ(KTV) ဖျက်သိမ်းခံအဆောက်အဦအား ရွှေ့ပြောင်း ဆောက်လုပ်လာပါသဖြင့် ဈေးသူဈေးသားများမှ ၁၂.၁၂.၂၀၁၁ ရက်နေ့တွင် တိုင်းဒေသကြီး ၀န်ကြီး ချူပ်အား လည်းကောင်း၊ တိုင်းစည်ပင်၊ မြို့နယ်စည်ပင် အသီးသီးအားတိုင်ကြားခဲ့ပါသည်။
၎။ ၁၆.၁၂.၂၀၁၁ တွင် မြို့နယ်စည်ပင်မှ ဒေါ်စန်းစန်းဌေးအား အဆောက်အဦဆောက်လုပ်မှု ခေတ္တရပ်ဆိုင်းထားရန် ခေါ်ယူတား မြစ်ခဲ့သော်လည်း ဦးရဲနီမှ နေ့ဆိုင်း၊ ညဆိုင်း အလုပ်သမားများ အသုံးပြု၍ အပြီးသတ် အချောကိုင် ဆောက်လုပ်ခဲ့ရာ ၄.၂.၂၀၁၂ ရက်နေ့တွင် ဦးရဲနီသမီးမှ ပြောင်းရွှေ့နေထိုင်လာပြီး ၈.၂.၂၀၁၂ တွင် (E.P.C)မှ မီတာများ တပ်ဆင်လာသည်အထိ မည်သည့်အဖွဲ့အစည်းမှ ဟန့်တားနိုင်ခြင်းမရှိ၍ ဈေးသူ ဈေးသားများမှ တိုင်းဒေသကြီးအား ၂၅.၁.၂၀၁၂ တွင် တစ်ကြိမ်၊ ၄.၂.၂၀၁၂ တွင် တစ်ကြိမ်၊ ၉.၂.၂၀၁၂ တွင် တစ်ကြိမ် သွားရောက်မေးမြန်းခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမရှိသေးပါ၍ နိုင်ငံတော် သမ္မတကြီးနှင့် တကွ အစိုးရအဖွဲ့များ သိရှိနိုင်စေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း အကူအညီတောင်းခံအပ်ပါသည်။
 (တင်ပြအစီရင်ခံသူ)
ဦးကံရှိန်






ပုသိမ်မြို့၊ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စ အကူအညီတောင်းခံခြင်း (ပေးစာ) ပုသိမ်မြို့၊ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စ အကူအညီတောင်းခံခြင်း (ပေးစာ) Reviewed by သစ်ထူးလွင် on 07:05 Rating: 5

No comments:

Powered by Blogger.