ရန်ကုန်လေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်နှင့် ယာဉ်များ ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင် ပြီဟုသိရ

ရန်ကုန်လေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်းသို့ ၀င်ရောက်မည့် ခရီးသည်များနှင့် ယာဉ်များအ တွက် ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ်တာဝန်ရှိသူ တစ်ဦး၏ ပြော ကြားချက်အရ သိရှိရပါသည်။

ယခင်က ပြည်ပထွက်ခွာမည့်သူများအား လိုက်ပါပို့ဆောင်ပေးမည့်သူများနှင့် ပြည်ပမှပြန်လည် ရောက်ရှိလာသူများကို ကြိုဆိုမည့်သူမားသည် လေဆိပ်အတွင်းသို့ ၀င်ရောက်ရန်လျှောက်လွှာဖြည့်သွင်း၍ ၀င် ကြေးပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိခဲ့သည်။ ထို့အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သို့ ၀င်ရောက်မည့်ယာဉ်များသည်လည်း သတ်မှတ်ယာဉ်ဝင်ကြေးကိုပေးဆောင်ပြီးမှသာလျှင် ၀င်ရောက်ခွင့်ရရှိ ခဲ့သည်။

ယခုတွင်မူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်များနှင့် ယာဉ် များအတွက် မည်သည့်ဝင်ကြေးမှ ပေးရန်မလိုတော့ကြောင်း လေဆိပ်ဝင်ပေါက်များတွင် ကြေညာထားပါသည်။

" ခရီးသည်တွေ လေဆိပ်ထဲကို အလွယ်တကူဝင်ထွက်သွားလာနိုင်ဖို့အတွက် အခုလိုဖြေ လျော့မှုတွေကို ပြုလုပ်ရတာပါ။ ဒါ့အပြင် လေဆိပ်ထဲမှာ ခရီးသည်တွေစောင့်ဆိုင်းဖို့ နေရာထိုင်ခင်းအဆင်ပြေဖို့ အတွက်လည်း စီစဉ်ထားပါတယ်။ ခရီးသည်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေအားလုံးကို စိစစ် ပြုပြင်သွားမှာပါ" ဟု ရန်ကုန်လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၀င်ရောက်လာမည့် နိုင်ငံခြားသားခရီးသည်များ အားကူညီရန် ကောင်တာများကိုလည်း ၂၀၁၁ ခုနှစ်ကတည်းက ထားရှိပေးထားကြောင်း ၊ ၂၀၁၁ ခုနှစ်၌ ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ၌ ခရီးသည် ၂၄ သိန်းကျော်သွားလာမှုရှိခဲ့ ကြောင်း သိရှိရပါသည်။
EMG
ရန်ကုန်လေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်နှင့် ယာဉ်များ ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင် ပြီဟုသိရ ရန်ကုန်လေဆိပ်တွင်းသို့ ၀င်ရောက်မည့်ခရီးသည်နှင့် ယာဉ်များ ၀င်ကြေးပေးရန်မလိုဘဲ ၀င်ထွက်သွားလာနိုင် ပြီဟုသိရ Reviewed by သစ်ထူးလွင် on 07:58 Rating: 5

9 comments:

kiki said...

နိုင်ငံတကာ စံချိန်မှီဖို့  ပြုပြင်နေတယ်ဆိုရင် ဒီလိုပဲဖြစ်သင့်နေတာကြာပါပြီ ။
လေဆိပ် အဝင်ဝမှာ ယာဉ်ဝင်ခ၊လေဆိပ်ထဲ လူဝင်ခ၊ ပြီးတော့ တဝင်းထဲမှာရှိတဲ့ ကားရပ်နားခ၊ အခွန်အခတွေ မျိုးစုံအောင်ပေးပြီးတော့မှ ဝေဟင်ခရီးလေယာဉ်စီးမဲ့ ဧည့်သည်များအား လိုက်ပို့ပေးနေကြရသူတွေ အတွက် မလိုအပ်ပဲကုန်ကျမှုတွေ သက်သာသွားမှာဖြစ်လို့ ၊ခုလို ကောင်းသောပြုပြင်ခြင်း အတွက် ကြိုဆိုပါတယ် ။ ( ယာဉ်ရပ်နားခ ကတော့ လျှော့ပေါ့တဲ့ အထဲ မပါဘူး နဲ့ တူတယ်နော် ..း)

ရာရာ said...

အလွန်ကောင်းပါသည်။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအထွဋ္ဋ်အမြတ်ဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးဝင်ဖူးတဲ့အခါ ကားဝင်ကြေးသတ်မှတ်ထားသည်ကိုလည်း အထာမကျဖြစ်မိပါသည်။ ဒါမျိုးမရှိသင့်ဟုလည်းထင်ပါသည်။ ခင်ဗျား ကုသိုလ်လိုချင်ရင် ကျုပ်ကိုတော့ပိုက်ဆံပေးသွားဦး ဆိုသည့်သဘောဖြစ်နေပါသည်။ မသင့်တော်ပါ။

Unknown said...

အ၀င်မှာ ဘာမှ ပေးစရာမလိုဘူး ပြန်ထွက်မှဘဲ ပေးရတာ ကားပါကင်ကြေးကို

minn said...

ကျေးဇူးတင်ပါသည်။ ပြန်ထွက်ရင်လည်း မပေးနိုင်ပါဘူး

minn said...

ကျေးဇူးတင်ပါသည်။ ပြန်ထွက်ရင်လည်း မပေးနိုင်ပါဘူး

SKy said...

အရင်က ကားဝင်ကြေး ၂၀၀ကျပ်၊ ခုတော့ ပေးစရာမလိုတော့ပါဘူး။ ဒါပေမယ့် အထက်က ပြောသလို ပြန်ထွက်တော့မှ ကားပါကင်ကြေးက ၅၀၀ကျပ်ပါခင်ဗျ......

လိုက်ပို့  ကြိုဆိုသူတွေ မှတ်ပုံတင်ပြစရာမလိုတော့တာတော့ ကြိုဆိုပါတယ်။ နောက်တဆင့်အနေနဲ့  check in ၀င်ပီးတဲ့နောက် မိသားစုတွေနဲ့  ထပ်မံတွေ့ ဆုံခွင့် ပေးသင့်ပါသေးတယ်။ နိုင်ငံတခါမှာ Check in မရောက်မီမှာ ဘာ Gate မှမရှိပါဘူး။ မြန်မာနိုင်ငံတနိုင်ငံတည်းမှာပဲ ရှိနေတာပါ.............

ep said...

ပြုပြင်နေတာတွေကို ကြိုဆိုပါတယ် - ဆက်လက်ပြီးမည်သည့်နိုင်ငံတကာလေဆိပ်မှာမှမရှိတဲ့ တွန်းလှည်းဘေးနား
ကပ်လာပြီးဒမြတိုက်သလို ပိုက်ဆံတောင်းချင်သလိုတောင်းတဲ့အလုပ်သမား ၂ ဖွဲ့(လေဆိပ်အတွင်း ၁ဖွဲ့/လေဆိပ်ပေါ်တီကို ၁ဖွဲ့)
ကိုလဲရှင်းလင်းပေးစေချင်ပါတယ် - လေကြောင်းဦးစီးကလူကြီးမင်းများလဲနိုင်ငံတကာရောက်ဘူးကြမှာပါ - အဲဒါမျိုးတွေ့ဘူးပါရဲ့လား ????

the` maung said...

ep ပြောတာကို ထောက်ခံပါတယ်၊၊

Arista Lin said...

ဟုတ်တယ် ဘယ်နိုင်ငံပဲရောက်ရောက် ကိုယ့်ပစ္စည်းကိုယ်သယ်ရတယ် မသယ်နိုင်လို့ပိုက်ဆံပေးသယ်ခိုင်းချင်ရင်တောင် သယ်ပေးမယ့်သူမရှိဘူး ရန်ကုန်လေဆိပ်မှာတော့ သယ်စရာမပါရင်တောင် သယ်ပေးခ Taxiရှာပေးခ ... ဆိုပြီးပေးရတယ်

Powered by Blogger.