တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ
ချစ်ကြည် ရင်းနှီးမှုကို တိုးမြင့်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ သူရ ဦးရွှေမန်းဟာ
မနေ့က နေပြည်တော်ကနေ တရုတ်နိုင်ငံကို ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်
သွားရောက်တာဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဌ Wu Bangguo ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို သွားရောက်တာဖြစ်သလို တရုတ်နိုင်ငံဟာ လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်း ပီသစွာ ရပ်တည်ပေးခဲ့တဲ့အတွက် အခုလို သွားရောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
"တရုတ် - မြန်မာ နှစ်နိုင်ငံဟာ အင်မတန်မှ ချစ်ခင် ရင်းနှီးတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဟောင်း မိတ်ဆွေစစ် နိုင်ငံ ဖြစ်ပါတယ်။ အရေးကြုံလာလို့ ရှိရင်လည်း မြန်မာ နိုင်ငံဖက်က မှန်မှန် ကန်ကန် ရပ်တည် ဆောင်ရွက်ပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီတပတ် ခရီးစဉ်မှာ တရုတ်နိုင်ငံကို သွားရောက်ခြင်း ဖြစ်ပါတယ်။ မိမိတို့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြင့်စေရေးအတွက် ရည်ရွယ်ပါတယ်။"
တရုတ်နိုင်ငံက လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံဘက်က ရပ်တည်ပေးခဲ့တယ် ဆိုပေမယ့် ဘယ်လို အခြေအနေ မျိုးတွေမှာ ရပ်တည်ပေးခဲ့တယ် ဆိုတာကိုတော့ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။
တရုတ်နိုင်ငံအနေနဲ့ မကြာခင်ကပဲ မြန်မာလွှတ်တော်မှာ အသုံးပြုဖို့အတွက် ကွန်ပြူတာတွေကို လှုဒါန်း ခဲ့ပါတယ်။ အဲဒီမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးကို လက်ခံတွေ့ဆုံပြီး တရုတ်နဲ့မြန်မာဟာ စစ်မှန်တဲ့ မိတ်ဆွေ နိုင်ငံတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မနှစ်ကစလို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာပြီးတဲ့နောက် အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်လာခဲ့ပါတယ်။
ဒါကြောင့်လည်း အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေးမှာ ထိခိုက်လေမလား တွက်ဆမှုတွေရှိလာခဲ့ပါတယ်။ အထူးသဖြင့်တော့ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ သက်တမ်းတလျောက် မြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စကို ယာယီ ရပ်ဆိုင်းထားဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ အခုအစိုးရသစ် သက်တမ်းအတွင်း တရုတ် မြန်မာ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်လာနေတာပါ။
မြန်မာအာဏာပိုင်တွေဖက်ကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကြောင့် တရုတ် မြန်မာဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားကြပါတယ်။
လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဟာ ဗုဒ္ဓဟူးနေ့က တရုတ်ပြည်ကို မထွက်ခွာခင် အခုသီတင်းပတ်အတွင်း ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ပြည်သူ့ဝန်ထမ်းလစာ တိုးပေးရေးကိစ္စကို အဆိုတင်သွင်း ထားပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွင်း မနေ့က ပြုလုပ်တဲ့ စည်းဝေးပွဲ အတွင်းမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့အကျိုး မကြည့်ဘူး၊ မဆောင်ရွက်ဘူး ဆိုရင် သူကိုယ်တိုင် အပါအ၀င် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
VOA

သူရ ဦးရွှေမန်း တရုတ်ခရီးစဉ် စတင်
Reviewed by သစ်ထူးလွင်
on
08:25
Rating:
12 comments:
china is closest enermy for myanmar people , they just see their profit event how myanmar poor ( eg ,myit osng DAM ) .
သတီထားပေါ့ဗျာ သူတို လှုတဲ များ.....ပါလိုကတော.
ဟင်း....
Myanmar should not use computers donate by PRC as donor specifically indicates that those PCs are to be used in Parliament ( for security reasons)
သူဟာတကယ့် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးပါ။
ပြည်သူဘက်ကနေပြီး ၉၀ရာခိုင်နှုန်းလောက်ပါလာချိန်၊ လက်ရှိအစိုးရနဲ့ အဖွဲ့ဝင်အချို့ကို အပြန်အလှန်ဝေဖန်ထောက်ပြချိန်မှာ ယခုလိုတရုတ်ကို ရုတ်တရက်ခရီးစဉ်ကြားရေတော့....အင်း အံ့သြမိတယ်ဗျ။ ဘယ်သူကရုတ်တရက်စီစဉ်လိုက်တယ်မသိ။ ဦးသူရရွှေမန်းက တရုတ်ကိုသွားခဲတယ်။ တရုတ်ကတော့ မြန်မာပြည်ကောင်းစားသွားမှာ အတော်စိုးရိမ်ပုံရတယ်။ အခုလည်းကြည့်လေ...ဦးသူရရွှေမန်းက လွှတ်တော်ထဲမှာ အစွားဆုံးဖြစ်နေပြီ။ ဒီတရုတ်တွေ ဘာအကြံထုတ်နေလဲ မသိဘူး..။
မြန်မာပြည်ကို ဆင်းရဲတွင်းထဲမှာပဲ ထားချင်တဲ့ တရုတ်
အကြံထုတ်နေပြီ။
ဦးရွှေမန်းက ပြည်သူတွေအတွက် လွှတ်တော်ထဲမှာ အစွာဆုံးဖြစ်နေတယ်နော်! ခုတရုတ်ကို ဖိတ်ကြားလို့သွားတာလား? လွှတ်လို့သွားတာလား?
တော်ကြာ ပြန်လာမှဖြင့်....
(ဦးခင်ညွှန့်ကြီးလဲ နိုင်ငံခြားက ပြန်လာတုန်းက..) သူတို့ခေါ်သွားဘူးတယ်လေ)
အယ် .. ဆိုင်လားတော့မသိဘူး ရေးမိသွားပြီ....
I suspect too.I agree with KO YIN said.Why should he visit to China,so strange.
တကယ်တော့ ကျနော်တို့တရုတ်လူမျိုးကိုမုန်းစရာမလိုပါဘူး သူတို့ရဲ့ကိုယ်ကျိုးကြည့်စီးပွားရေးနည်းဗျူဟာတွေကို ဂရုတစိုက်စောင့်ကြည့်ပြီးကိုယ့်တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိအောင်ပါးနပ်စွာအသုံးချတတ်ဖို့ပဲလိုပါတယ် လက်ရှိမှာ နိုင်ငံတော်တော်များများတရုတ်နဲ့ကင်းလို့မရသလို ကျနော်တို့လည်းကင်းလို့မရပါဘူး နိုင်ငံနဲ့ချီပြီးလုပ်နေတဲ့ကိစ္စတွေမှာအသေးဖွဲတွေကိုပဲ ကြည့်နေလို့မရသလို မျက်ကွယ်ပြုထားလို့လည်းမရဘူး ဒီတော့လက်ရှိအခြေနေကို အကောင်းဆုံးဖြစ်အောင် လိမ္မာပါးနပ်စွာအသုံးချကြဖို့ပါပဲ ဒီလိုလုပ်တဲ့နေရာမှာ တကယ်လုပ်တတ်ကိုင်တတ်တဲ့ သူတွေကိုနေရာပေးဖို့တော့လိုတယ် ကိုယ်မလုပ်တတ်ရင် ကြည်ကြည်ဖြူဖြူဘေးဖယ်ပေးလိုက် နိုင်ငံတကာမှာပျံ့နှံ့နေကြတဲ့ မြန်မာပညာရှင်တွေရှိပါတယ် သူတို့လာပြီးကိုယ့်နိုင်ငံအတွက်လာလုပ်ပေးပါလိမ့်မယ်
မင့်တို့တရုတ်လူမျိုးက မြန်မာလူမျိုးကောင်းစားရေး ဘာတွေလုပ်ခဲ့ဖူးလို့လဲ တရုတ်ကောင်းစားရေးနဲ့၊ မြန်မာလူမျိုးဆင်းရဲတွင်းနက်သထက်နက်အောင်ပဲ လုပ်ပေးခဲ့တယ်၊ မြန်မာတွေဆင်းရဲတွင်းနက်လေ တရုတ်တွေက ငွေနဲ့ရင်းပြီး လူမျှိုဖို့ကြိုးစားနေကြတာ တယုတ်တွေအသိဆုံးပါ
ကိုမိုးတိမ်ရဲ့ အတွေးအခေါ်တွေ ကောင်းတယ်ဗျာ တရားမျှတပြီး တိုးတက်မဲ့ အတွေးအခေါ်ပါ ထောက်ခံတယ်ဗျာ။ ဦးရွှေမန်းကြီး ကိုလည်း အပြီးယုံလို့ မဖြစ်သေးဘူး၊ တခါတရံ စစ်တပ်က လူကြီး တွေက ကြင်နာသယောင်နဲ့ ခြိမ်းခြောက်တတ်တယ် လစာတိုတာက ၀န်ထမ်းအသိုင်အဝိုင် လောက်သာ ပြေလည်မှာ ဆင်းရဲသားအများစု ပြေလည်နိုင်မဲ့ နည်းလမ်းတွေကို ပိုပြီးရှာသင့် တယ်လို့ ထင်ပါတယ်။ စစ်တပ်က စိတ်ဓာတ် စစ်ဆင်ရေးနဲ့ လောကီအစီအရင်တွေ သိပ့်ကောင်းတာနော် ဥပမတယ် လစာတိုတာက ၀န်ထမ်းအသိုင်အဝိုင် လောက်သာ ပြေလည်မှာ ဆင်းရဲသားအများစု ပြေလည်နိုင်မဲ့ နည်းလမ်းတွေကို ပိုပြီးရှာသင့် တယ်လို့ ထင်ပါတယ်။ စစ်တပ်က စိတ်ဓာတ် စစ်ဆင်ရေးနဲ့ လောကီအစီအရင်တွေ သိပ့်ကောင်းတာနော် ဥပမာ- ဗုဒ္ဓမြတ်စွယ်တော်ပွားကို ရန်ကုန် နဲ့ မန္တလေးမှာ တည်ထားတယ်၊ အဓိပ္ပါယ်က စွယ်တော်ဆိုတာ တနည်းအား ဖြင့်စစ်တပ်ပဲ အထက်-အောက် မြန်မာပြည် တည်ထားတော့ အထက်-အောက် ပြည်သူတွေ ဦးခိုက်ကြပေါ့။
In my opinion, Shwe Mann is a reliable patriot and he really mean for the progress of the people and country and he's not seem to be the type who misuse the name of state to exploit people. As you know most dictators used the name state what they actually refers is the government, actually the state is the whole country including the people living in it.
Post a Comment