ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုဟောပြောပွဲပြီး (သတင်း-ဓါတ်ပုံ)

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့တွင်းသို့ နေ့လည် ၁၁ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး ကိုးသိန်းဘောလုံးကွင်းအတွင်း စောင့်ဆိုင်းနေကြသည့် သောင်းနှင့်ချီသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ (ဓာတ်ပုံ- ဥက္ကာကိုကို)

ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောလျက်ရှိ၊ ကြားဖြတ်ရွေးကောက်ပွဲ မှန်မှန်ကန်ကန် မျှမျှတတဖြစ်ရန် ပြည်သူအားလုံး ကူညီပါဟု ပြောကြားခဲ့သည်။ နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောမှု ပြီးဆုံးပြီလို့ သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုးသိန်းဘောလုံးကွင်းအတွင်း လူထုဟောပြောပွဲအပြီး ပုသိမ်ဟိုတယ်တွင် နေ့လည်စာစားသောက်ရန် ရောက်ရှိနေပြီဖြစ်သည်။ နေ့လည်စာစားပြီးပါက မြောင်းမြသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုဟောပြောပွဲပြီး (သတင်း-ဓါတ်ပုံ) ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုဟောပြောပွဲပြီး (သတင်း-ဓါတ်ပုံ) Reviewed by သစ်ထူးလွင် on 12:02 Rating: 5

8 comments:

မျိုးစင်ဆွေဆက် said...

ကျေးဇူးအထူးတင်ပါတယ် ပုသိမ်သားတို့  နဲ့ တက်ကြွစွာပါဝင်လှုပ်ရှာခဲ့ကြတဲ့ညီငယ်ကျောင်းသားအပေါင်းတို့ ...

chipi said...

အမေစု လုံခြုံရေး အတွက်ပြည်သူတွေကော ကိုယ်ရံတော် တွေကော အထူးသတိထားပေးကြပါဗျာ၊ အမေ့ကို မလိုမုန်းထား တဲ့ အသင်းက အင်မတန် ကောက်ကျစ်ယုတ်မာ တဲ့ လူစိတ်မရှိတဲ့ သူတွေ မို့လို့ပါ။
အမေစု ဘေးရန်ကင်းပါစေ.......

Anonymous said...

မြောင်မြသားတွေရဲ့အားကို ကြည့်ကြစို့...

ahphyulay said...

ပရိတ်သတ်ကြီးကို ကြည့် ပြီး ရင်တွေ တဆတ်ဆတ် ခုန်လာမိတယ်။ အသဲကြားက မဲတစ်ပြား၊ မဲပေါင်းများစွာကို
အမေ ရ ခဲ့ ပြီ။ စာမေးပွဲအကျခံပြီး လာခဲ့ တဲ့  ညီတွေ ညီမတွေအားလုံး၊ အပိတ်အဆို့  အတားအဆီးတွေ ကြားထဲက
လာခဲ့ သူတွေ၊ ညအိပ်တောင်စောင့်ရသူတွေ၊ ရွာစဉ်ထွက်ကြို
ကြတဲ့ သူတွေအတွက် မျက်ရည်ကြားကပဲ ဆုတောင်းမိပါတယ်ဗျာ..။ ချစ်သောအမေနှင့်  ချစ်သောပြည်သူ
တွေ ပန်းတိုင်ကို အမြန်ဆုံး လျှောက်နိုင်ကြပါစေ.....။

kp3site said...

ကိုထူးရဲ့ပိုစ်တိုင်းမှာအားရဝမ်းသားမိသလိုကျေးဇူးတင်စကားတွေပိုစ်တိုင်းမှာထားခဲချင်ပေမယ့်အချိန်မရဘူးဖြစ်နေတယ်။ပုသိမ်မြို့သူ။သားတွေကိုလည်းကျေးဇူးကမ္ဘာ။အမေစုရဲ့လုံခြုံရေးကအရေးကြီးဆုံးအချိန်ရောက်နေပါတယ်။ကျောင်းသား၊သူပြည်သူတွေအားလုံးအပေါ်တာဝန်ရှိသလိုသတိရှိကြပါလို့လည်းပြောပါရစေ။ ခင်မင်လေးစားမြဲkp3မိသားစု။http://kp3family.blogspot.com

tat said...

tat:အမေစုကျန်းမာချမ်းသာစွာနဲ့တိုင်းပြည်အကျိုးဆက်လက်ထမ်းဆောင်နိုင်ပါစေ...........

Anonymous said...

နေပူလိုက်တာ ။ ပင်ပန်းနေအုံးမယ်

kothitsar said...

အမေစုကို ကျနော်တို့အားလုံးချစ်တယ် ရနိုင်ခဲ့တဲ့ ပါရမီရှင်ခေါင်းဆောင်ကောင်း အဖြစ်ယုံကြည်လေးစားတယ်၊ မျက်ဝန်းတွေက မေတ္တာတွေပြည့်လို့နေတယ်။ နောက်တစ်ကြိမ် ဒီပဲရင်မှာလို ထပ်အဖြစ်မခံရဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်။

ကိုအောင်

Powered by Blogger.