မွန်ပြည်သစ်ပါတီနှင့် |
မြန်မာနိုင်ငံသည်
အစိုးရသစ်လက်ထက်မှ စတင်၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့်
ထာဝရငြိမ်းချမ်းရေး ရရှိနိုင်စေရန် ဆောာင်ရွက်လျက်ရှိ ရာ ယခုအခါ
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး
လက်မှတ်ထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်များကို မတရားအ သင်းအဖြစ်မှ
ရပ်စဲတော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်၌
ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည် သစ်ပါတီတို့
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းမှ
ပြောကြားခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးရရှိပြီးသည့်
တိုင်းရင်းသားလက်နက်ကိုင်များအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်မည်ဆိုပါက
မတရားအသင်း အက်ဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများလည်း
ပြန်လည်လွတ်မြောက်လာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအရ
ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ
မန်းငြိမ်းမောင်၏ အမှုအား အားလုံးပြီးစီးရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ထို့ပြင်
တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် KIO/KIA အဖွဲ့နှင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် မတ်လအတွင်း
ထာဝရငြိမ်းချမ်းရေးအတွက် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပြီး
အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့်လည်း မည်သူဖျက် ၍မှ
ဖျက်မရနိုင်သော ငြိမ်းချမ်းရေးရရှိနိုင်စေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက
ပြောကြားသည်။
၂၀၁၂
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်သော
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်
သစ်ပါတီတို့ ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းခဲ့ရာတွင်
ပဏာမအနေဖြင့် သဘောတူညီချက်(၅) ချက်ရရှိခဲ့ကြောင်း သိရသည်။
YC
ငြိမ်းချမ်းရေး တိုင်းရင်းသားလက်နက်ကိုင်များအား မတရားအသင်းအဖြစ်မှ ရပ်စဲမည်
Reviewed by သစ်ထူးလွင်
on
06:34
Rating:
No comments:
Post a Comment