၂၀၁၀ ရွေးကောက်ပွဲမှ မဲရေးတွက်နေပုံ |
ရန်ကုန်တိုင်းဒေသကြီး ရှိလစ်လပ်မဲဆန္ဒနယ်(၆)နေရာတွင် မဲဆန္ဒနယ် ၅ နေရာကိုသာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၅ဦး၏အမည်စာရင်းကိုသာ သက် ဆိုင်ရာ မြို့နယ် ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများတွင် ကြေညာ သွားမည်ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ် ခံမည့်ကိုယ်စားလှယ်လောင်းများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အမျိုး သားဒီမိုကရေစီအင်အားစုပါတီမှ ဦးကြီးမြင့်၊ မြန်မာအမျိုးသားကွန်ဂ ရက်ပါတီမှ ဦးတင်အောင်၊ မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးမျိုးညွန့်၊ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီမှ ဒေါက်တာမျိုးအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ တီမှ ဦးဝင်းမြင့်၊ အမျိုးသားဒီမိုကရေ စီပါတီသစ်မှ ဦးဝင်းရွှေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ဝင်း၊ မင်္ဂလာတောင်ညွန့်မြို့ နယ်တွင် မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဦးကောင်းမြင့်ထွဋ်၊ အမျိုးသားဒီမို ကရေစီပါတီသစ်မှ ဦးဖုန်းမြင့်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ဖြူဖြူသင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်လဲ့လဲ့အေး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဦးသုဝေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဒေါ်စန္ဒမြင့်မှာ ကိုယ်စားလှယ်လောင်းအရည် အချင်းနှင့်ကိုက်ညီမှုမရှိသဖြင့် ပယ်ဖျက် ခြင်းခံရ၊ မရမ်းကုန်းမြို့နယ်မှ မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဒေါ်ဟေမာဌေး၊ အမျိုးသားဒီမို ကရေစီပါတီသစ်မှ ဦးရဲမင်းသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာမေဝင်းမြင့်၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးရဲထွဋ်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဒေါ်ခင်ဖြူဖြူငြိမ်း၊ တစ်သီးပုဂ္ဂလ ဦးခင်လှိုင်၊ လှည်းကူးမြို့နယ်မှ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မှ ဦးဇင်အောင်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဖြိုးမင်းသိန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ အောင်မြတ်သူ၊ သုံးခွမြို့နယ်မှ အမျိုး သားဒီမိုကရေစီအင်အားစုပါတီမှ ဦးကြည်သန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါ်စုစုလွင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးအောင်ကျော်မင်း၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှဦးအောင်ကြီးတို့ သက်ဆိုင်ရာ ခရိုင်ကော်မရှင် အဖွဲ့ခွဲအသီးသီးမှ စိစစ်ခွင့်ပြုခဲ့သည့် ကိုယ်စားလှယ် လောင်းများဖြစ်ကြသည်။
ကော့မှူးမဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင် မည့် ကိုယ်စားလှယ် လောင်းများ၏အမည်စာရင်းများကို မကြာမီထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။''ကြားဖြတ်မှာ ရန်ကုန်တိုင်း ဒေသကြီးရဲ့ လစ်လပ်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေရဲ့အမည်စာရင်းကို ပုံစံ၁၀(က)နဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ယနေ့ မွန်းတည့် ၁၂နာရီမှာ တစ်ပြိုင်တည်းထုတ်ပြန် ကြေညာသွားဖြစ်တယ်''ဟု ရန်ကုန် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက ပြောသည်။အဆိုပါမဲဆန္ဒနယ်များ တွင် လစ်လပ်မဲဆန္ဒနယ်(၆)ခုရှိပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ကိုးသောင်းခွဲဝန်းကျင် ၊ဒဂုံဆိပ်ကမ်းမြို့နယ် တွင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူခုနစ်သောင်းခန့်၊ကော့မှူး မြို့နယ်တွင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ရှစ်သောင်းခုနစ်ထောင် ကျော်၊မရမ်း ကုန်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတစ်သိန်းတစ်သောင်းကျော် ၊သုံးခွမြို့နယ်တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိ သူတစ်သိန်းကျော်နှင့် လှည်းကူး မြို့ နယ်တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ် သိန်းခွဲခန့်ရှိကြောင်း (ဒီဇင်ဘာလ ကုန်အထိ ကောက်ခံရ ရှိထားသောမဲ ပေးပိုင်ခွင့်ရှိသူများ)သိရသည်။အဆိုပါလစ်လပ်မဲဆန္ဒ နယ်ခြောက်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းအပါအဝင်ပါတီအသီးသီး မှကိုယ်စားလှယ်လောင်းအမည်စာရင်းများကိုဇန်နဝါရီ(၁၆)ရက်နေ့စ တင်လျှောက်ထားလာရာ ဇန်နဝါရီ (၃၁)ရက်နေ့အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာ့လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) နှင့်တိုင်း ရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီတို့ လျှောက်ထားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏ကြားဖြတ် ရွေးကောက်ပွဲရာတွင်ပြည်သူ့ လွှတ်တော်၏ လစ်လပ်နေရာများ ဖြစ်သော မင်္ဂလာတောင်ညွှန့်မြို့နယ် တွင် မဲရုံ(၆၇)ရုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ် တွင် မဲရုံ(၆၈)ရုံ၊ မရမ်းကုန်းမြို့နယ်တွင် မဲရုံ(၁၁၇)ရုံ၊ သုံးခွမြို့နယ် တွင်မဲရုံ (၁၃၅)ရုံ၊ ကော့မှူးမြို့နယ်တွင်မဲရုံ (၁၂၉)ရုံနှင့်လှည်းကူးမြို့နယ် တွင်မဲရုံ(၁၁၉)ရုံတို့သတ်မှတ်ထား ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး တွင်မဲရုံစုစုပေါင်း (၆၃၅) ရုံထားရှိမည် ဖြစ်သည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇန်နဝါရီ(၁၆)ရက် မှ(၃၁)ရက်နေ့အထိ သက်ဆိုင်ရာခရိုင် ကော်မရှင်ရုံးများ တွင်လျှောက်ထား နိုင်ကြောင်း၊ အဆိုပါကိုယ်စားလှယ် လောင်း အမည်စာရင်းများ တင်သွင်း လွှာများကို ဖေဖော်ဝါရီ(၆)ရက်မှ (၁၀)ရက်နေ့အထိ စိစစ် သွားမည်ဖြစ် ပြီးထိုစိစစ်ခဲ့ပြီးဖြစ်သော ကြောင့်ကိုယ် စားလှယ်လောင်း အမည်စာရင်းများ ကိုကြေညာပေးခြင်း ဖြစ်ကြောင်းသိ ရသည်။
မြန်မာတစ်ပြည်လုံးရှိ လစ်လပ်နေရာ(၄၈)ခုအတွက် ပါတီ ပေါင်း(၁၉)ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် ရန်လျှောက်ထားခဲ့ပြီး ပါတီသစ်(၈) ခုပါ ဝင်ကြောင်း သိရသည်။အဆိုပါ ပါတီသစ်လျှောက်ထားရာတွင် ကြား ဖြတ်ရွေး ကောက်ပွဲ တွင် မဲဆန္ဒနယ် သုံးနယ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် ဒီမိုကရက်တစ် မဟာမိတ်ပါ တီနှင့်၈၈ပြည်သူ့အင်အား ပါတီတို့ အားပါတီမှတ်ပုံ တင်ပယ်ဖျက်ထား ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဖေဖော်ဝါရီ ၁၄ တွင် ကြေညာမည်
Reviewed by သစ်ထူးလွင်
on
06:32
Rating:
No comments:
Post a Comment