အခြေခံပညာဆရာများ ကျူရှင်ပြခြင်း မကြာမီ ကန့်သတ်ဖွယ်ရှိ

အခြေခံပညာအဆင့်ရှိ ဆရာ၊ဆရာမများ ကျူရှင်ပြခြင်းကို မကြာမီကန့်သတ် တားမြစ်သွား ဖွယ်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ ရရှိသောသတင်းများအရ အခြေခံကာ သိရသည်။ ဆရာ၊ဆရာမများ၏ လက်ရှိလစာ အနေအထားကို မူလထက် မြှင့်တင်ပေးသွားမည့် အစီအစဉ်၏ နောက်ဆက်တွဲ ဖြစ်သည်ဟု ဒုတိယဝန်ကြီးကလည်း ဆိုသည်။လာမည့် ဘဏ္ဍာနှစ်အတွင်း စတင်ဆောင်ရွက်နိုင်ဖွယ် ရှိနေသည့် နိုင်ငံတော်မှ လုပ်ခလစာ တိုးမြှင့်ပေးခြင်းများ အပါအဝင် အခြေခံပညာအဆင့်၌ ပြန်တမ်းဝင် အရာရှိ အဆင့်များကို ဦးရေတိုးခန့်ခြင်းများ၊ ထူးချွန်သည့် ကျောင်းအုပ်များအား အဆင့်တိုးပေးခြင်း စသည်တို့ကြောင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်နိုင် သည်ဟု ပညာရေးလေ့ လာနေသူ တစ်ဦးက သုံးသပ်သည်။ ဒုတိယဝန်ကြီး ဦးအေးကြူက ”ဆရာ၊ဆရာမတွေကို ဝန်ကြီးဌာနက ကြည့်ပေးနေတယ်။ ဒီတော့ သူတို့တွေက ကျောင်းသားကို ဖိဖိစီးစီး စာသင်ပေးဖို့ပဲ ရှိတော့တာပေါ့။ အရင်က လုပ်ခလစာနည်းလို့ အခု များသွားရင် ကျူရှင်ပြတာတွေ မ လုပ်ကြတော့နဲ့ပေါ့” ဟု ပြောသည်။ မူလတန်းအဆင့် ဆရာ၊ ဆရာမများ၏ လုပ်ခလစာမှာ တစ်လလျှင် ကျပ်ငါးသောင်းအောက်တွင်ရှိပြီး တစ်နေ့လျှင် ငွေကျပ် ၁၅ဝဝ ခန့်သာ ရှိသည့်အတွက် မလောက် ငကြောင်း ယင်းတို့ကြောင့် ထွက်ပေါက်အနေဖြင့် ကျူရှင်စနစ်မှာ ရှင်သန်ကြီးထွား နေရကြောင်း၊ ဖြစ်သင့်သည့် လစာအနေအထားမျိုး ရှိသွားမည်ဆိုပါက ကျူရှင်မှာ ကွယ် ပျောက်သွားနိုင်ကြောင်း အငြိမ်းစား ကျောင်းဆရာ တစ်ဦးကဆိုသည်။ ”ကွယ်ပျောက် သွားနိုင်မယ့် အနေအထားပဲရှိမယ်။ လုံးလုံးပျောက်ကွယ် သွားမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီအနေအထား ရောက်ရင်တော့ တော်တော်လေး မဆိုးဘူးပဲ။ ဝမ်းရေးအတွက် လုပ်နေရတာဖြစ်နေတဲ့ အတွက် နိုင်ငံတော်ပိုင်း က ဖြည့်ဆည်းပေးနေရင် သူတို့တွေရဲ့ကျူရှင်က ကိုယ်ရှိန်သတ်သွားမယ်၊ ကျောင်းတွေမှာ အရင်ကထက် အားပိုထည့်လာ နိုင်တယ်။ ဒီအကျိုးတွေကတော့ သေချာပေါက်ရလာမယ်”ဟု ၄င်းကဆက်လက် ပြောဆိုသည်။
ပေါ်ပြူလာဂျာနယ်
အခြေခံပညာဆရာများ ကျူရှင်ပြခြင်း မကြာမီ ကန့်သတ်ဖွယ်ရှိ အခြေခံပညာဆရာများ ကျူရှင်ပြခြင်း မကြာမီ ကန့်သတ်ဖွယ်ရှိ Reviewed by သစ်ထူးလွင် on 16:49 Rating: 5

7 comments:

kungmalay said...

ကောင်းပါတယ် ကောင်းပါတယ် ... အလွန် အင်မတန် ကောင်းသော အစီအစဉ်ပါဗျာ.. ဆရာ ဆရာမတွေ အကျင့်ပျက်နေတာ ကြာပါပြီ .. စာကို ကျောင်းမှာမသင်၊ အိမ်မှာ ကျူရှင်တက်တဲ့သူကိုမှ စာသင်၊ ကျောင်းရောက်တော့ ဆရာ ဆရာမတွေများ ချဲထီဆိုတာနဲ့ လုံးလည်လိုက်နေတာ နှစ်ရှည်လများ ကြာခဲ့ပါပြီ ။ ပြည်သူက ပေးတဲ့ လစာကို အခန့်သားယူပြီး ကျောင်းချိန် ကျောင်းမှာ မရှိတဲ့ ဆရာမတွေလဲ အများကြီးပေါ်ထွက်လို့လာနေပါပြီ။ နာသုံးနာပိုင်ရှင် ဆရာ ဆရာမ များ ရှားပါးလာတာလဲ အတော့်ကို ကြာနေပါပြီ။ ကလေးတွေ ပညာယူရမယ့် ဆရာ ဆရာမတွေက ဒီလိုလုပ်နေတယ်ဆိုတာကို မူလတန်းကလေးတိုင်းလဲ သိတတ်နေပါပြီ။ ဒီပုံအတိုင်းဆိုရင် မျိုးဆက်သစ်ဆိုတာ ကောင်းလာဖို့ မရှိတော့ပါဘူး။

မောင် said...

အခုအချိန်မှာ ဆရာ၊ ဆရာမ စုစုဝေးဝေးနဲ့ ကန်တော့ပွဲတွေ ရှိနေတာ လွန်ခဲ့တဲ့ ၂၀ ကျော်က ဆရာ၊ ဆရာမ တွေ တကယ်ဘဲ နာသုံးနာနဲ့ ပီတိကိုစားခဲ့ကြလို့ပါ။ တလေးတစားနဲ့ ကန်တော့ပွဲတွေ လုပ်ကြပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ ကာလမှာ အစိုးရလုပ်ခဲ့တဲ့သူတွေ ဖျက်ဆီးခဲ့လို့ နောင် ၂၀ ရောက်လာရင် ဒီလို ဆရာ၊ ဆရာမ ကန်တော့ပွဲတွေ မမြင်ရနိုင်တော့ပါ။

ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဆက်ဆံရေးက အများကြီးပြောင်းသွားပါပြီ။ ဆရာ၊ ဆရာမ နဲ့ တပည့်ကြားမှာ မေတ္တာ၊ ဂရုဏာ၊ အနစ်နာ၊ စေတနာတွေ ခန်းသွားကြလို့ပါဘဲ။ ကြောက်ရွံ့မှုဘဲရှိပြီး အပြန်အလှန် လေးစားချစ်ခင်မှုတွေ နည်းပါးသွားကြပါပြီ။ ၀မ်းနည်းစရာပါ။

ပြန်ပြင်လို့မီကောင်းပါရဲ့  ....။

Anonymous said...

အစီအစဉ်တော့ ကောင်းပါတယ်...သိပ်မယုံရဲဘူး..ဘာဖြစ်လို့လဲဆိုတော့ အရသာက အသည်းနှလုံးအသွေးအသားတွေထဲထိ ရောက်သွားပြီး အသွေးအသားထိ ရောက်သွားပြီး အခုဆရာမတွေကို အကုန်အလုပ်ထုတ်ပစ်မှပဲ ရမယ်ထင်တယ်.. (ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ဆရာမတွေမပါ)

Unknown said...

ကောင်းပါတယ် ကောင်းပါတယ် ...
အရမ်းကောင်းပါတယ်..အလွန့် အလွန်ကောင်းပါတယ်...
မူကြိုကနေ ph.D ထိ ကျူရှင်ရှိသောတိုင်းပြည်..မြန်မာပြည်...
ဟဟ....
အရမ်းကိုတိုးတက်နေပါတယ်...ကယ်တော်မူကြပါဗျို့ ...

မောင် said...

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ဆရာ၊ ဆရာမတွေဟာ တပည့်တွေအပေါ်မှာ နာသုံးနာနဲ့ပြည့်ခဲ့ကြလို့ အခုအချိန်မှာ တပည့်များက စုပေါင်းပြီး ရိုသေလေးစားချစ်ခင်စွာနဲ့ ဆရာ၊ ဆရာမ ကန်တော့ပွဲတွေကို လုပ်နေကြတာပါ။

နှုစ် ၂၀ ကြာ အုပ်စိုးခဲ့တဲ့ အစိုးရဟောင်းက ဖျက်ဆီးလို့ အကျင့်စရိုက်တွေ ပျက်စီးခဲ့ရတာကြောင့် ဆရာ၊ ဆရာမတွေဟာ တပည့်များအပေါ် ဂရုဏာ၊ အနစ်နာ၊ စေတနာ နည်းပါးပြီး မတော်လောဘတက်ခဲ့ကြသလို ကျောင်းသား၊ ကျောင်းသူတွေကလည်း ဆရာ၊ ဆရာမတွေအပေါ်မှာ ချစ်ကြောက်ရိုသေ လေးစားတဲ့စိတ် ပျောက်နေကြတာကိုတွေရတဲ့အခါ...

နောင်အနှစ် ၂၀ မှာ ဆရာ၊ ဆရာမ ကန်တော့ပွဲတွေရှိလာပါဦးမလား။

ပြန်ပြင်လို့ မှီကောင်းပါရဲ့ ....

Bravo said...

လုပ်သင့်တယ်။ ဆရာ၊ ဆရာမတာပြောတယ် အတောင်းအရမ်း တော်တော်ရဲတယ်။ ရဲမှာပေါ့ ရတဲ့လစာက သွားကြားညပ်အောင်တောင်စားလို့မှ မရတာ။ အစိုးရကလည်း "စေတနာတွေအရမ်း မစားခိုင်းနဲ့" အဲဒါဗိုက်မဝဘူး။ လုံလောက်အောင် လစာပေးပါ။ ဒါမှ ဆရာ၊ဆရာမ တွေကျောင်းသားမိဘတွေဆီက အရမ်းကြီးပေါ်ပေါ်တင်တင်မတောင်းမှာ။

tertee said...

စဉ်းစားကြည်. ပါဦး
ွှိအိမ်လေးဆောက်ချင် လို. စည်ပင် ကိုသွားပါတယ်...ဆရာမ..ကြည်.ကျက်လုပ်ပါ တဲ.
ထောက် ခံစာလေးလိုလို. ရဲစခန်း သွားတော. ..လက်ဘက်ရေဘိုးတဲ.
..အကြောင်း ကိစ လေး ရှိလို..... မ၀တ...ရ၀တ ရုးံ သွားတော...သ ဒါ သလောက်ဆိုဘဲ ...
အပြောင်းအရွှေ....ပညာရေးမှူး ....ကြည်.ကန်တော. ရ ဆို ဘဲ..အဲ.ဒီ ထဲမှာ..သင်ဘူးတဲ. တ ပည်.တောင် ပါသေး....
ကဲ..ခု ဒင်းတို.သားသမီးတွေ..ငါ.အတန်း မှာ..ရောက်နေပြီ......
သင်...ဆိုလျှင် ဘာ လုပ် မ လဲ

Powered by Blogger.