သတင်းထောက်တွေ အလိမ်ခံလိုက်ရတဲ့ ဇေကမ္ဘာဦးခင်ရွှေ ရဲ့ သတင်းစာရှင်းလင်းပွဲ

အမျိုးသားလွတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေ၏ မင်္ဂလာဒုံ စက်မှုဇုန်အပိုင်း ၄ မြေယာသိမ်းပြသာနာ သတင်းစာ ရှင်းလင်းပွဲကို ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲဟု ခေါင်းစဉ် တပ်ဖိတ်ကြားခဲ့ပြီး Orchid ဟိုတယ်တွင်ကျင်းပခဲ့သဖြင့် ရန်ကုန်မြို့ အခြေစိုက် သတင်းသမားများ မကျေမနပ်ဖြစ်ကြကြောင်း ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက် သတင်းယူခဲ့သော သတင်းသမားအချို့က ပြောကြားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မင်္ဂလာဒုံ စက်မှုဇုန် အပိုင်း ၄ ကို
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများရုံးက ရပ်ဆိုင်းရန်သတင်းများထုတ်ပြန်ထားသည့် သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင်အကြောင်းစာမရရှိသေးသဖြင့် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည်ဟု ဇေကမ္ဘာ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ
ဦးမြင့်ဇော်က ဆိုသည်။
The Voice Weekly (facebook)
 
သတင်းထောက်တွေ အလိမ်ခံလိုက်ရတဲ့ ဇေကမ္ဘာဦးခင်ရွှေ ရဲ့ သတင်းစာရှင်းလင်းပွဲ သတင်းထောက်တွေ အလိမ်ခံလိုက်ရတဲ့ ဇေကမ္ဘာဦးခင်ရွှေ ရဲ့ သတင်းစာရှင်းလင်းပွဲ Reviewed by သစ်ထူးလွင် on 07:07 Rating: 5

23 comments:

Anonymous said...

ကိုယ်မွေးတဲ့မျောက်ကတော့ ကိုယ့်ကိုပြန်ခြောက်နေပြီသမ္မတကြီးရေ...အဲဒီလိုကောင်မျိုးတွေဟာ တိုင်းပြည်အတွက်သိပ်အန္တရယ်ကြီးတယ်...

Anonymous said...

၎ နှစ် မတိုင်ခင်ကိုပဲ ဒီကောင်တွေကို လွှတ်တော်ထဲက ဖြုတ်ပြစ်လို့ ရမဲ့ နည်းလမ်းများ မရှိဘူးလား . . . ခမည်းခမက် အားကိုးနဲ့ မိုက်နေတာဖြစ်နိုင်တယ် . . . ဦးရွှေမန်းရေ ခင်ဗျာရဲ့ အခု ကောင်းသတင်းထွက်နေတာလေးကို ဆက်ပြီး ထိန်းသိမ်းချင်တယ်ဆိုရင် . . . ခမည်းခမက် မျက်နှာလဲ မထောက်နဲ့ နော် လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ် . . .

attakyo said...

နာမည်သိပ်ကြီးနေပါလား...ကိုခင်ရွှေ...

Tri Asian Taste said...

မိုက်...မိုက်..တွင်းတူပြီးမိုက်ကွာ။ မင်းဆက်လုပ် ငါအားပေးတယ်။ မင်းဆက်လုပ်ရင် မကြာခင်ဘာဖြစ်လာမယ်ဆိုတာ သိလား ပြောပြလိုက်မယ်။ မင်း ခင်ရွှေကနေ ခွေးရှင်ဖြစ်သွားမယ်။

ကျော်ထိုက် said...

လိမ်တဲ့ ဗီဇ ရှိတော့ ဆက်ပြီး လိမ် အုံးမှာပဲ...အဲ့ဒီ့ လို လူမျိုး အမတ် ဖြစ်နေတာ တိုင်းပြည်အတွက် မီးခဲ ဖင်ခုထိုင်သလိုမျိုး...ဖြစ်နေမှာပဲ...အမြန်ဆုံး ဖယ်ရှင်းတာဟာ အကောင်းဆုံးပါပဲ..

သူရိယ said...

ခင်ရွှေဟာလူတွေကိုအမြဲဘဲလိမ်လေ့ရှိပါတယ်။ လယ်သမားတွေကိုလိမ်ပြီးလယ်မြေသိမ်းတယ်။ မီဒီယာကိုလိမ်တယ်။ အစိုးရကိုလိမ်တယ်။ ပြည်သူတွေကိုလိမ်တယ်။ ဒေါက်တာဘွဲ့ရတယ်ဆိုပြီးလိမ်တယ်။ စာရိတ္တသတ္တိတပြားဖိုးမှမရှိတဲ့ ဒီလိုလူစားက ဘယ်လိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်ဖြစ်ထိုက်မလဲ။ ဒီလူရဲ့လုပ်ရပ်တွေဟာအရမ်းကိုတရားလွန်နေပါဘီ။ ပိုက်ဆံရဖို့ဆိုရင် ဘယ်သူ့မျက်နှာမှမကြည့်တဲ့ ပိုက်ဆံရဲ့ကျေးကျွန်ပါ။ သာမန်တပ်ကြပ် စစ်သားဘဝကနေ ၁၉၈၈ လောက်ကစပြီး နှစ်၂၀ လောက်အတွင်းမှာ ဘာပညာမှလည်းမတတ်ဘဲနဲ ဗိုလ်ခင်ညွန့်ကောင်းမှုနဲ့ သူကြွယ်ကြီးဖြစ်လာတဲ့သူပါ။ မတရားတဲ့နည်းနဲ့ ခြိမ်းခြောက်အာဏာပြ လိမ်လည်ပြီးတော့ဘဲပိုက်ဆံရှာတတ်ပါတယ်။ တကယ်တမ်း စီးပွားရေး ၊ နိုင်ငံရေးတို့နဲ့ပက်သတ်ပြီးအရည်အချင်းမရှိပါဘူး။ ဒီလိုလူမျိုးလွှတ်တော်ထဲရှိနေတာဟာ တိုင်းပြည်အတွက်မွေပွေးခါးပိုက်ပိုက်ထားရသလိုပါဘဲ။ အပြီးတိုင်လွှတ်တော်ထဲမှမောင်းထုတ်ဖို့ ကြိုးစားသင့်ပါတယ်။

အတာ said...

လုပ်ပြန်ပြီ ... တစ်ခေါက်လည်းမဟုတ် နှစ်ခေါက်လည်းမဟုတ်နဲ့ ..

နဂါးမျက်လုံး said...

ကိုယ့်ကြောင့် ခမီးခမက် မျက်နှာမပျက်ရအောင် ဆင်ခြင်ပါ....
လူတွေက ပြန်သာ မပြောတတ်တာ ရင်ဘတ်ထဲကို လှမ်းမြင်ပြီး သိနေကြပါတယ်....
စကားလုံး လှလှလေးနဲ့ ပြောပေမယ့်လည်း.... မူမမှန်ပါဘူး....

tharzaw said...

လူလိမ်တွေလွှတ်တော်ထဲမှာရှိနေတာ တိုင်းပြည်နာတယ်။

မြတ်သုခ said...

သူလိမ်တာ ဒါတင် ဘယ်ဟုတ်ဦးမှာလဲ..နယ်စပ်နှင့်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းကြီးဆိုပြီး သာသနာတော်ကို ခုတုံးလုပ်ပြီး န၀ဒေးလမ်းဝမှာ လိမ်နေတာ နာမည်ကြီး ဓမ္မကထိကတွေက သူ့ရဲ့ ယဉ်ယဉ်ကျေးကျေးပြောရရင် ဆင်ဖြူတော်တွေပေါ့။ ကပ်ပြီး ကြံစုပ်နေတာ။ နယ်စပ်နဲ့တောင်တန်းဒေသက သာသနာပြု ရဟန်းတော်လေးတွေကတော့ သူ့ ရဲ့မျောက်တွေပေါ့။ ပြပြပြီး ဆန်တောင်းနေတာ။ (ဦးဇင်းလေးတို့ဘုရား စိတ်ရှိတော်မမူကြပါနဲ့)ဒီလူကြီးရဲ့လိမ်လည်မှုကို ပေါ်တင်စေချင်လွန်းလို့ပါ။

ဘကြီးမောင် said...

ကိုခင်ရွှေရေ ....ကျန်တာတွေကို ထားပါအုံးမြန်မာစီးပွားရေးဘဏ်မှ ခင်ဗျားချေးထားတဲ့ချေးငွေလေးတွေတော့ အကြေပြန်ဆပ်ပေးပါအုံး...ဘဏ်ဆိုတာ ပြည်သူလူထု ငွေနဲ့လည်ပတ်နေရတာပါ..ခင်ဗျားမှာ အကြွေး ဘယ်လောက်ရှိပြီး ဘယ်လောက်ကြာအောင် မဆပ်ပဲထားတယ်ဆိုတာ ခင်ဗျား အသိဆုံးပါ.....

nyinyiag09 said...

good

micromyo said...

သူလိမ်တာ ဒါတင် ဘယ်ဟုတ်ဦးမှာလဲ လုပ်ပြန်ပြီ ... တစ်ခေါက်လည်းမဟုတ် နှစ်ခေါက်လည်းမဟုတ်
ကိုယ့်ကြောင့် ခမီးခမက် မျက်နှာမပျက်ရအောင် ဆင်ခြင်ပါ....

လူလိမ်တွေလွှတ်တော်ထဲမှာရှိနေတာ တိုင်းပြည်နာတယ်။

45674567 said...

အကျင့်ပါ နေလိုပါ........

aung naing said...

လွှတ်တော်မှာကိုယ်ကြိုးလာလုပ်စားတွေအလိုမရှိ။

kozero said...

- ကျောင်းနေစ ကလေး နဲ့ သူ့ အမေ တို့ ဟာ..တစ်ယောက်
မျက်နှာကို တစ်ယောက်ကြည့်ရင်း..ဝမ်းနည်း စွာ ငိုကြွေးနေကြတယ်။
- အဲဒီ့ အချင်းအရာကို အိမ်ရှေ့က ဖြတ်သွားရင်း မြင်သွားတဲ့
ကလေးရဲ့ ကျောင်းအုပ်ကြီး က..မြင်သွားတော့..အကြောင်းရင်း မေး
တဲ့အခါ..ဒီနေ့ နောက်ဆုံးထား ပေးစရာရှိတဲ့ ခဲတံနဲ့ စာအုပ်ဘိုး ငွေ
တစ်မတ်..မပေးနိုင်လို့ ဖြစ်ကြောင်းသိတဲ့အခါ..ပညာတေါ်တဲ့ခလေးဖြစ်
လို့ ကျောင်းအုပ်ကြီးကဘဲ စိုက်ပေး ကျောင်းတက်စေ ခဲ့ရပါတယ်တဲ့...
- ( သူဌေးကြီး တစ်ယောက်က..မဂ္ဂဇင်းတခုမှာ အဲ့လို သူ့ ဘဝ
နောက်ကြောင်းကို ပြောပြခဲ့ဘူးပါတယ်..အများပြောသလို များ ဖြစ်ခဲ့
ကောင်းရင်..ပညာရှိ သတိဖြစ်ခဲ လို..ဖြစ်မှာစိုးလို့ ပါ...)

lay said...

ကြောင်သူတော်ခင်ရွှေ အကြောင်းတွေ ဘာတွေထပ်ပေါ်လာအုံးမလဲ သိပ်သိချင်နေတယ်.. ဘိလပ်မြေစက်ရုံအကြောင်းပြပြီးတော့ မြေသိမ်းတဲ့ကိစ္စကရော ဘယ်လိုဖြစ်နေပြီလဲ

http://makeyourowneconomy.biz said...

လိမ်တဲ့ ညာတဲ့သူ အလိုမရှိ

pzz said...

လွှတ်တော်အမတ် ဘယ်သူ့ကိုမဆို သူ့မဲဆန္ဒနယ်က မဲဆန္ဒရှင်အားလုံးရဲ့ တစ် ရာခိုင်နှုန်းမဲဆန္ဒနဲ့ဖြုတ်ချလို့ရပါတယ်။ နောက်တစ်ခု က အကျင့်ပျက်ရင် နိုင်ငံတော်တာဝန်ကို ကျေပြွန်အောင်မထမ်းဆောင်နိုင်ရင်
ဖြုတ်ချလို့ရပါတယ်။ အခု ဟာ ကိုခင်ရွှေက အကုန်လုံးနဲ့ကိုက်ညီနေပါတယ်။

seazinyaw said...

ရွေမန်းကောင်းတယ်လို. ထင် လား

may said...

ဦးခင်ညွှန့်သတင်းစာရှင်းလင်းပွဲဆိုပြီး အားလုံးကို ညာဖိတ်တာ အဲ့ဒိ ဦးခင်ညွှန့်ဆိုတဲ့ လူကြီးက ဘာမှ မပြောဘူးလား...
သူမဟုတ်ပါဘူး ဆိုတဲ့အကြောင်း....
ဒီခင်ရွှေဆိုတဲ့ကောင် ညာတာပါဆိုတဲ့အကြောင်း .....
ခင်ညွှန့်ဆိုတဲ့ သူဟာ နာမည်ပျက်နဲ့ ထောင်ကျဘူးတာဆိုတော့ သူ့ကို လူတွေ အကြည်ညိုပျက်မှာပေါ့ဆိုပြီး ခင်ရွှေဆိုတဲ့ကောင်ကို
အသဖျက်မှုနဲ့ တရားစွဲမယ်ဆိုတဲ့အကြောင်း...
အော်.. အယ် ... အကြောင်းဆိုတာတွေနည်းနည်းများကုန်ပြီ...
အဲ့ဒိအကြောင်းတွေကြောင့် ဘာမှမပြောဘူးလား သိချင်သား...

ရာရာ said...

ဘယ်သူပေးပေး မပေးပေး...ရာရာတို့ကတော့ ပေးလိုက်ပြီ..
Dr. Khin Shwe( Phd,Lies. Awizi University)...ကဲ..

may said...

ဦးခင်ညွှန့်သတင်းစာရှင်းလင်းပွဲဆိုပြီး အားလုံးကို ညာဖိတ်တာ အဲ့ဒိ ဦးခင်ညွှန့်ဆိုတဲ့ လူကြီးက ဘာမှ မပြောဘူးလား...
သူမဟုတ်ပါဘူး ဆိုတဲ့အကြောင်း....
ဒီခင်ရွှေဆိုတဲ့ကောင် ညာတာပါဆိုတဲ့အကြောင်း .....
ခင်ညွှန့်ဆိုတဲ့ သူဟာ နာမည်ပျက်နဲ့ ထောင်ကျဘူးတာဆိုတော့ သူ့ကို လူတွေ အကြည်ညိုပျက်မှာပေါ့ဆိုပြီး ခင်ရွှေဆိုတဲ့ကောင်ကို
အသဖျက်မှုနဲ့ တရားစွဲမယ်ဆိုတဲ့အကြောင်း...
အော်.. အယ် ... အကြောင်းဆိုတာတွေနည်းနည်းများကုန်ပြီ...
အဲ့ဒိအကြောင်းတွေကြောင့် ဘာမှမပြောဘူးလား သိချင်သား...

Powered by Blogger.