ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုဟောပြောပွဲ ဗထူးကွင်းမှာ ကိုဇော်ဇော် ခွင့်မပြုတာနဲ့ မိုင်တာကွင်းကို ပြောင်းရွှေ့ ပြောင်းပြုလုပ်ရန် တင်ပြ
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလ ၄ ရက်နဲ့ ၅
ရက်နေ့တွေမှာ သွားရောက်မယ့် မန္တလေးခရီးစဉ်အတွင်း
လူထုဟောပြောပွဲကို မန္တလေးမြို့ရှိ မိုင်တာကွင်းမှာ
ကျင်းပပြုလုပ်ဖို့ ကော်မရှင်ကို တင်ပြထားတယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
အရင်က
ဗထူးအားကစားကွင်းမှာ ပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့်
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ခွင့်မပြုတာကြောင့်
ပြောင်းရွှေ့ကျင်းပပြုလုပ်ဖို့ စီစဉ်ရတာလို့ ဒီခရီးစဉ်ကို
စီစဉ်ပေးနေတဲ့ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးအုန်းကြိုင်က
ပြောပါတယ်။
ဗထူးကွင်းမှာဟောပြောခွင့်မပြုတဲ့ ဇော်ဇော် ဒေါ်အောင်ဆန်းစုကြည် ဘေးမှာကပ်ထိုင်နေသူ |
“ဗထူး
ကွင်းက ကျနော်တို့သိတာက အားကစားဝန်ကြီးဌာနကနေ သူတို့
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို နှစ်ချုပ်နဲ့
ငှားထားပြီးသားတဲ့။ အဲဒီ ကိုဇော်ဇော်က မပေးတာဗျာ။
အကြောင်းအမျိုးမျိုး ပြပြီးတော့ပေါ့။ ၄ ရက်နေ့ ကျနော်တို့
အဲဒီမှာ လုပ်ခွင့်မရဘူး။ ကျနော်တို့က အခု မန္တလေးတောင်ခြေပေါ့။
မိုင်တာကွင်းကို လက်ခံကျင်းပဖို့ စာတင်ထားတယ်။”
အန်အယ်လ်ဒီ
ပါတီအနေနဲ့ အခုလို လူထုဟောပြောပွဲလုပ်ဖို့ နိုင်ငံရေးပါတီများ
လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ တိုင်းကော်မရှင်ကို ၁၀ ရက် ကြိုတင်
လျှောက်ထားခဲ့တာဖြစ်ပြီး ခွင့်ပြု မပြုကို ကော်မရှင်က
ဟောပြောပွဲမလုပ်ခင် ၄၈ နာရီ ကြိုတင် အကြောင်းကြားမယ်လို့
ပြောကြားထားကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
ပြီးခဲ့
ရက်ပိုင်းတွေကလည်း အစိုးရပိုင်သတင်းစာတွေမှာ နိုင်ငံရေးပါတီတွေ
လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့
ဥပဒေတွေအတိုင်း လိုက်နာပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဖို့
ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလို
ထုတ်ပြန်ကြေညာလာတဲ့အပေါ်ကို အန်အယ်လ်ဒီပါတီရဲ့
ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက အခုလို
ပြောပါတယ်။
“အခုပါတဲ့
သတင်းစာတွေမှာ မကဘူး။ ကျနော်တို့ ခဏခဏလည်း သတင်းမှာ
လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုရင် ဘာပါရမယ် ဆိုတာမျိုး
သူတို့ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့အစီရင်ခံထဲမှာ
ဥပဒေနဲ့အညီ ပြည်ထောင်စုကော်မရှင်က ဆောင်ရွက်တဲ့လုပ်ငန်းမှာ
ကျနော်တို့ကြိုဆိုပါတယ်။ ကျနော်တို့ ဘယ်လိုမှ ကျနော်တို့ကို
လုပ်တယ်မထင်ပါဘူး။ ဒါက ဥပဒေနဲ့အညီ ပြည်ထောင်စုကော်မရှင်က
သတိပေးတဲ့သဘောနဲ့ ထုတ်နေတာလို့ ကျနော်တို့ အဲ့လိုပဲ နားလည်တယ်။”
ဒါ့အပြင်
အန်အယ်လ်ဒီပါတီအနေနဲ့ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီ
ဥပဒေတွေနဲ့အညီသာ ဆောင်ရွက်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့
ကလည်း ချို့ယွင်းချက် မရှိအောင် ကြိုးစား ဆောင်ရွက်နေတယ်။ ဥပမာ
မန္တလေး ခရီးစဉ်ရှိတယ်။ ကျနော်တို့ ဟောပြောမယ့်
အများပြည်သူနေရာကို တင်ပြတောင်းဆိုထားတယ်။ ခွင့်ပြုချက် မရရင်
ကျနော်တို့ မလုပ်ပါဘူး။ အဲဒါမျိုးပေါ့။ တတ်နိုင်သမျှ ဥပဒေနဲ့
ညီညွတ်အောင် ကြိုးစားပါတယ်။ ဥပဒေနဲ့အညီ ကြိုးစားပေမယ့်လို့
ကျနော်တို့ မရခဲ့ရင်လည်း နောက်မှ ရက်တွေရွှေ့ပြီး
ပြန်လုပ်ရမှာပေါ့။”
ဒေါ်
အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်အတွင်းမှာတော့ လူထု
ဟောပြောပွဲပြုလုပ်မှာ အပါအဝင် မဟာအောင်မြေမြို့နယ် ရုံးခန်းနဲ့
ဓမ္မသာလာမှာ ကျင်းပမယ့် ဓာတ်ပုံပြပွဲတွေကို ဖွင့်လှစ်ပေးဖို့
ရှိနေပါတယ်။
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုဟောပြောပွဲ ဗထူးကွင်းမှာ ကိုဇော်ဇော် ခွင့်မပြုတာနဲ့ မိုင်တာကွင်းကို ပြောင်းရွှေ့ ပြောင်းပြုလုပ်ရန် တင်ပြ
Reviewed by သစ်ထူးလွင်
on
18:39
Rating:
34 comments:
မှန်ပါတယ် အစိုး၇ကို အကဲမစမ်းဘဲ အစိုး၇၇ဲ့ လမ်းညွှန်မှုအောက်မှာဘဲစံပြအနေနဲ့ သွားသင့်ပါတယ်။ ဒါမှသာ အစိုး၇ဘက်က တိမ်းစောင်းလာ၇င် ထောက်ပြလို့ ကောင်းတာပေါ့။
မန္တလေး ၀န်ကြီးချုပ်ကြီးက ဘယ်သူပါလိမ့်...ထောက်လှမ်းရေး စအဖ ရဲမြင့်လေကွယ်..လူပု စိတ်တို...သတိတော့ထားဗျို့..သူလဲ အဆိပ်ပြင်းထဲကဘဲ..
အဖျက် အမှောင့်တွေ လာလိမ့်မယ်..ထားဝယ်သားတွေရဲ့ မျိုးချစ်စိတ်တွေကို
တော့မှီလိမ့်မယ်မထင်လိုက်နဲ့...မန္တလေးက တရုတ်မြို့ဖြစ်နေဘီဗျာ..
ဝန်ကြီးချုပ်ရုံးထိုင်တဲ့ မြို့ဆိုတော့လည်း ကြီးကျယ်လိမ့်မယ်ဗျ..
ဒင်း ကလဲ တမှောင့် ဇော်ဇော်တို့ ဇဇတို့ ဇွဲဇွဲတို့ကတော့ဟေ့
ဘောင်းဘီချွတ် ...ကြောင်လက်သဲဝှက် များနှင့် ဘောင်းဘီဝတ်ထားစဉ်/ ဘောင်းဘီချွတ်ပြီးလက်ရှိအချိန်ထိ၎င်းတို့ အားမှီခိုကြီးပွားနေသူ ကြောင်မြီး များ အားလုံး ယခင်က ရှိခဲ့သည့် စိတ်ဓါတ်/ယုတ်/ပုတ် ကောက်ကျစ်စဉ်းလဲမှု ယုတ်မာရိုင်းစိုင်းမှုများ နိုင်လိုမင်းထက်စရိုက်စိုးများ မနာလိုမရှုစိတ်များ ဖျောက်ဖျက်နိုင်မည်မဟုတ်သည်ကို သတိ ရှိကြပါ...ပြည်သူဆန္ဒမှန် မဟုတ်ခဲ့ပဲ ဘောင်းဘီအလွယ်ချွတ် ပုဆိုးအသာလေးဝတ်ခဲ့ ကြသူကြီးများသာ ...အပျော့ဆွဲ တွေ မနစ်မြောပဲ ကြောင်လက်သဲဝှက်များကို သတိထားကြပါ...အစွယ်အပွား ကြောင်မြီးများကိုလဲ သတိရှိကြပါ... ၄င်းတို့ တွင်ရှိနေသည့် စိတ် ယုတ် စိတ်ပုတ်များ သည် ကြောင်လက်သဲ ၀ှက်ထားသလို သာ.....
မန္တလေး ကပြည်သူတွေက အမေစု ကို ဘယ်လောက်ချစ်တယ်ဆို တာပြပါမယ်
မန္တလေးသားတွေရဲ့ မျိုးချစ်စိတ်ကိုစောင့်ကြည့်ပါ
လေယှဉ်ကွင်းကတည်းကကို စောင့်ကြိုဖို စီစဉ်ပြီးပါပြီ
ဇော်ဇော် ဆိုတဲ့ကောင်၊ ခွေးသူတောင်းစား။ ဘာလို့ အမေစုနဲ့ ပြည်သူကို ဒုက္ခပေးချင်ရတာလဲ။
ဇော်ဇော် မင်းကိုပြောချင်တာက အမေစုကို ဆန့်ကျင်သူ တို့ရန်သူပဲကွ။ နားလည်လား။ ခွေးမျိုးတွေ၊ အခုချိန်ထိ သန်းရွှေ သွင်းထားပေးတဲ့ ခွေးစိတ်တွေ မပျောက်နိုင်သေးဘူး။ စအဖ ရဲမြင့်လဲ ဘာထူးလဲ၊ ဒီကောင်လဲ စောက်ရူးပဲ။
စိတ်ထားတွေက မဖုံးနိုင် မဖိနိုင်။
ဒီပုပ်ထဲက ဒီပဲ ၊ဒီအချိုးမျိုးချိုးတာပဲ။
ဥာဏ်ထက်ပြောတဲ့အထဲက သတိထားသင့်တဲ့
အချက်လေးတွေပါလာတာ သတိပြုမိပါတယ်။
ဒေါ်စုတို့ အများကြီး ကြိုတင်ပြင်ဆင်ထားပြီးဖြစ်မယ်လို့
မျှော်လင့်ထားပေမယ့်
တစ်ဖက်ကလည်း သူတို့မျှော်လင့်မထားတဲ့ ထားဝယ်လူထုထောက်ခံပွဲလို နောက်တစ်ကြိမ် အငိုက်မိခံနိုင်ပါ့မလား....။သတိဆိုတာ ပိုတယ်မရှိပါဘူး။
တစ်ဖက်ကလာမယ့်ကောက်ကျစ်မှုဟာ သူတို့ရဲ့ထုံးစံအတိုင်း အကန့်အသတ်မဲ့ပါတယ်။တစ်ခုပါပဲ။နိုင်ငံတကာရဲ့ ရှေ့မှောက်မှာ လုပ်ရဲပါ့မလား။လျှော့တွက်တာတော့မဟုတ်ပါ။ကျွန်တော့်မျှော်လင့်ချက်ပါ။
မဲဆွယ်တဲ့ကုန်ကျစရိတ်တွေကို ဆင်းရဲတဲ့သူတွေ၊ ကျပ်တည်းသူတွေကို၊ Micro Finance ပုံစံလုပ်ပေးရင် နှစ်ဦးနှစ်ဘက်အကျိုးပိုရှိပါတယ်။
ပြည်သူတွေအတွက်တကယ်စဉ်းစားခဲ့ရင်ပေါ့နော်။
Popularity အတွက်ဘဲဆိုရင်တော့ .... ဆက်လုပ်သူငယ်ချင်းပေါ့။
Confidence မရှိရင်လည်း......... ဆက်လုပ်သူငယ်ချင်းဘဲပေါ့။
Ko Thithtoolwin ရေ ဒီ Comment ကို မတင်ရင်တော့ဒေါ်စုရဲ့ အစွမ်းကို Confidence မရှိလို့ဘဲသတ်မှတ်ရမှာပါ။
လူတစ်ယောက်က ယုံကြည်ချက်ခိုင်မာစွာနဲ့လုပ်ရင် (ပြည်သူမပါဘဲလား)တစ်နိုင်ငံလုံးကိုင်လှုပ်နိုင်တယ်လို့ပြောထားတာကို မယုံဘူးလား၊
နိုင်ငံတကာရဲ့ မီဒီယာအောက်မှာ ဒီကောင်တွေ ဘာလုပ်ရဲမလဲ။ မန္တလေးက တို့မြန်မာတွေရဲ့ မျိုးချစ်စိတ်ကို ကမ္ဘာက သိမြင်စေရမယ့် အခွင့်အရေးပါ။
ပွဲကြီးပွဲကောင်းပဲနော် အဲဒီနေ့ တော့ ...မန်းလေး နဲ့ ထားဝယ် အမေစု ကိုဘယ်သူ ပိုချစ်လည်း ဆိုတာကြည့်ကြသေးတာပေါ့.......
အဲဒီနေ့က ဗထူးကါင်းမှာ MNL ပဲါရှိတယ်။
ဘာမှ မသိဘဲ ပြောနေတယ်။
အမေ စု နဲ့ မဆိုင်ဘူး။
ီ
မခံနိုင်လွန်းလို့ပါ.. ဇော်၂ က ဘာကောင်မို့လို့လဲ...ပြည်သူတွေသွေးတွေချွေးတွေနဲ့၇်ငရှာလိုက ရထားတဲ့ပိုက်ဆံနဲ့.. ကွင်းငှားတာ.. အဲ့ဒီကွင်ူနင် ပိုင်တာမစုတ်ဘူး..နင် ငါတိုက ဆီက မတရားပေါင်းစားထားတဲ့ငွေနဲ့မို့ နင်ငှားနိုင်တာဟဲ့..ချီးထုတ်ရဲ့..ဖောင်းနေတဲ့ပါးကြီး ကိုသစ်သားပေတံတဲ့ရိုက်ချင်လိုက်တာ.. လက်နဲကထိရမှာသနလို့...
စကားတွေကို အပို မပြောပါနဲ့  ငါတို့ မြန်မာပြည်က ဘောလုံးကွင်းတွေ က ၂၀၁၂ ဆီးဂိမ်း အတွက် ပြင်ထားဒါမို့ လို့ ပါ
သို့ ကို pxych ခင်ဗျား...
"ဖောင်းနေတဲ့ပါးကြီး ကိုသစ်သားပေတံတဲ့ရိုက်ချင်လိုက်တာ.. လက်နဲကထိရမှာသနလို့..."
ရိုးရိုးပေတံနဲ့ မရိုက်ပါနဲ့၊ ခွေးမျိုးမို့ ခွေးချီးသုတ်ပြီးမှ ရိုက်ပါရန် အကြံပြုအပ်ပါသည်။
မိုင်တာကွင်းကဘယ်နားမှာလဲဟင်...မြင်းပြိုင်ကွင်းကိုပြောတာလား...?အမေစုကိုကြိုဆိုပါတယ်...ခွေးသားကိုထဲ့မတွက်ပါနဲ့...သူတောင်းစားဇော်ဇော်...
အကြောင်းအမျိုးမျိုးပြတယ်ဆိုတာ ဘာ အကြောင်းလည်း ရိုးသားစွာ ရှင်းရှင်းလင်းလင်းရေးတင့် ၊ ပြည်သူလူထုသိအောင် တင်ပြသင့်ပါတယ် ။ ကွင်းမှာ ပြိုင်ပွဲရှိလို့လား .။ လူထုအင်အားနဲ့ ကွင်းပျက်မှာ စိုးလို့လား ..ဘာ ဆိုတာ သိအောင် လုပ်ပြီးမှ သတင်းတင်ပြသင့်ပါတယ် ။ မလိုအပ်ဘဲ ပြည်သူတွေကြား စိတ်ဝမ်းကွဲအောင် မလုပ်သင့်ပါဘူး ။
လူတွေကလဲခက်တာပဲ
ဘာမှမဆိုင်တဲ့သူကိုလဲဆဲတာပဲဗျာ
Mandalay မှာကောင်းတာဆိုလို့ဗထူးကွင်းပဲရှိတာလေ
အမေစုကိုခွင့်မပေးပဲ ဟိုခွေးသူတောင်းစားတွေကိုခွင့်ပေးကြည့်ပါလား
ခင်ဗျားတို့ဆဲတာထက်ကိုအဆ100လောက်ဆဲပေးလိုက်မယ်
ရှင်းတယ်နော်
ကျွန်တော်လည်းအမေစုပရိသတ်ပါဗျာ
ဥာဏ်ထက် said...
မန္တလေး ၀န်ကြီးချုပ်ကြီးက ဘယ်သူပါလိမ့်...ထောက်လှမ်းရေး စအဖ ရဲမြင့်လေကွယ်..လူပု စိတ်တို...သတိတော့ထားဗျို့..သူလဲ အဆိပ်ပြင်းထဲကဘဲ..
အဖျက် အမှောင့်တွေ လာလိမ့်မယ်..ထားဝယ်သားတွေရဲ့ မျိုးချစ်စိတ်တွေကို
တော့မှီလိမ့်မယ်မထင်လိုက်နဲ့...မန္တလေးက တရုတ်မြို့ဖြစ်နေဘီဗျာ..
ဝန်ကြီးချုပ်ရုံးထိုင်တဲ့ မြို့ဆိုတော့လည်း ကြီးကျယ်လိမ့်မယ်ဗျ..
..................................................................................... အဲဒီလိုတော့ မပြောလိုက်ပါနဲ့ အစ်ကိုရာ... ကျွန်တော်တို့ မန္တလေးဖွါး မြန်မာမန္တလေးသားတွေလည်း အစ်ကိုတို့ထက်မသာတောင်မှ အစ်ကိုတို့လောက်တော့ အမေစုကို ချစ်ပါတယ်... ကြည်ညိုပါတယ်.. လေးစားပါတယ်... ထောက်ခံပါတယ်။ မန္တလေးသားတွေရဲ့ သွေးကလည်း ရဲ ပါတယ်ဗျာ......
kyawtan said...
မဲဆွယ်တဲ့ကုန်ကျစရိတ်တွေကို ဆင်းရဲတဲ့သူတွေ၊ ကျပ်တည်းသူတွေကို၊ Micro Finance ပုံစံလုပ်ပေးရင် နှစ်ဦးနှစ်ဘက်အကျိုးပိုရှိပါတယ်။
ပြည်သူတွေအတွက်တကယ်စဉ်းစားခဲ့ရင်ပေါ့နော်။
Popularity အတွက်ဘဲဆိုရင်တော့ .... ဆက်လုပ်သူငယ်ချင်းပေါ့။
Confidence မရှိရင်လည်း......... ဆက်လုပ်သူငယ်ချင်းဘဲပေါ့။
Ko Thithtoolwin ရေ ဒီ Comment ကို မတင်ရင်တော့ဒေါ်စုရဲ့ အစွမ်းကို Confidence မရှိလို့ဘဲသတ်မှတ်ရမှာပါ။
လူတစ်ယောက်က ယုံကြည်ချက်ခိုင်မာစွာနဲ့လုပ်ရင် (ပြည်သူမပါဘဲလား)တစ်နိုင်ငံလုံးကိုင်လှုပ်နိုင်တယ်လို့ပြောထားတာကို မယုံဘူးလား၊
အဲ့ဒီကျော်တန်ဆိုတဲ့ကောင်ကလဲတစ်ပြသနာ...
ဒေါ်စုလုပ်နေတာအားလုံးဟာ..သူ့အတွက်ဘာရှိလို့လဲ...သူလုပ်နေတဲ့အရာမှန်သမျှဟာ ပြည်သူ့အတွက်ချည်းဆိုတာမင်းမမြင်ဘူးလားမတွေ့ဘူးလား..မကြားဘူးလား...မင်းတို့ကြံ့ဖွတ်တွေကရော..ဆင်းရဲသားတွေအတွက်ဘာတွေလုပ်ပေးလို့တုန်း...ဘာလဲ..မဲဆွယ်ဖို့လမ်းတွေ နိုင်ငံတော်ငွေနဲ့သုံးပြီး ခင်းပေးတာလား...ထွီး...သူကြီးဘုရား..ရွာသားကောင်းမှုဆိုတာမျိုးလား...
လေးစားရအပ်ပါသော စနေငထိန် ခင်ဗျား ...
ခင်ဗျားရဲ့ ရင်ထဲက စေတနာတွေ၊ မေတ္တာတွေနဲ့ စိုးရိမ်စိတ်တွေကို ကျုပ် တန်ဖိုးထားပါတယ် ... လေးစားပါတယ် ... ကျုပ်က မန်းလေးသားတော့ မဟုတ်ပေမယ့် ရေမရောတဲ့ အညာသားစစ်ကြီးပါ ... ခင်ဗျားတို့တစ်တွေ မေ့နေတာလေးရှိလို့ ကျုပ် တစ်ခုလောက် ပြောစမ်းပါရစေ ... အခု ဆပ်ဒန်ဟူစိန်တို့ ကဒါဖီတို့ ဘယ်ရောက်သွားပြီလဲ ... ကျုပ်တို့ အညာမြေပေါ်မှာသာ အမေစု တစ်ခုခုဖြစ်ကြည့်ပါလား ... ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်မယ့်သတ္တိ ကျုပ်တို့ အညာသားတွေမှာ အပြည့်ရှိပြီးသား ... ကျုပ်ခြိမ်းခြောက်နေတာ မဟုတ်ဘူးနော် ... ဘောင်းဘီချွတ်ရော ၀တ်ရော ဆွေတော်မျိုးတော်ပါမကျန် အကုန် ဖာဇာတ်သွင်းပစ်မယ် ... သန္ဓေယုတ်တွေရော ကြောင်မြီးတို/ရှည်တွေပါ အားလုံး သေချာမှတ်ထားကြပေါ့ကွာ ...
ချူးအောင်းနယ်မှ ချောင်းဦးသား
လေးစားပါတယ် blackeyes...
ကိုသစ်ထူးလွင်ရေ နောက်တခါ တိုင်းပြည်အတွက် တန်ဖိုးမရှိတဲ့ သူတွေရဲ့ အမည်ကိုတင်ရင် သေချာလေး လူပုံကိုကြည့်ပြီးရေးခိုင်းပါဗျာ ဒီကောင့် အမည်ရှေ့မှာ "ကို"ထည့်တာမတင့်တယ်ပါဘူး ဒီကောင်တွေက ပြည်သူတွေအတွက်လုပ်နေတဲ့ကောင်တွေမဟုတ်ဘူး ရာထူးနဲ့ ငွေရလို့ လုပ်နေတဲ့ ကောင်တွေ နာရီပိုင်းလောက်ကိုတောင် ပြည်သူတွေအတွက်တောင်ကြည့်တဲ့ကောင်တွေမဟုတ်ဘူးခွေးဝဲစားဇော်ဇော် ဆိုရင်ပိုလို့တောင် သင့်တော်ပါပေတယ်ဗျာ......
စောက်ရူးရေ
မြန်မာဘောလုံးအသင်းတောင်တိုးတက်အောင်မလုပ်နိုင်ပဲနဲ့
စောက်ကြီးစောက်ကျယ်လုပ်နေတယ်၊မင်းလုပ်ရမှာကမြန်မာ
ဘောလုံးအသင်းတိုးတက်အောင်လုပ်ရမှာကွ၊ဒီတော့ကာ မင်း
[ ဘော]ကောင်းကောင်းကိုင်တက်အောင်ကြိုးစားထာုးကွစောက်
ပေါရ၊မင်းအလုပ်က{ ဘော } များများကိုင်မှရာထူးတက်မှာစောက်
ရူးရ
ဘယ်သူတရား ပျက်ပျက်
ကိုယ်မပျက်အောင် ထိန်းသိမ်းပါ။
မေတ္တာမပျက် တရားဖက်ပါ။
မှတ်ချက်။ ။ မြန်မာများဖြစ်ပြီး မြန်မာ စာလုံးပေါင်း၊ သဒ္ဒါ မှန်အောင် မရေးတတ်ခြင်းသည်၊ အနာဂါတ်မြန်မာနိုင်ငံတော်အတွက် ရင်လေးမိပါသည်။
snow said
ဒါကလည်း ဇော်ဇော်သဘောပဲ မဟုတ်လား။ သူလုပ်ပေးချင်ရင်တော့ဖြစ်တာပဲ မဟုတ်လား။ ဦးဇော်ဇော်စိတ်ဓာတ်လေးတွေသိရတာပေါ့နော်။
slute blackeye!!!
cheers...
အပေါ်ကပုံကြည့်ရတာ အမေစု ချီးတောထဲ သွားထိုင်နေတာ မတင့်တယ်လှဘူး၊
kyawtan said...
မဲဆွယ်တဲ့ကုန်ကျစရိတ်တွေကို ဆင်းရဲတဲ့သူတွေ၊ ကျပ်တည်းသူတွေကို၊ Micro Finance ပုံစံလုပ်ပေးရင် နှစ်ဦးနှစ်ဘက်အကျိုးပိုရှိပါတယ်။
ပြည်သူတွေအတွက်တကယ်စဉ်းစားခဲ့ရင်ပေါ့နော်။
Popularity အတွက်ဘဲဆိုရင်တော့ .... ဆက်လုပ်သူငယ်ချင်းပေါ့။
Confidence မရှိရင်လည်း......... ဆက်လုပ်သူငယ်ချင်းဘဲပေါ့။
Ko Thithtoolwin ရေ ဒီ Comment ကို မတင်ရင်တော့ဒေါ်စုရဲ့ အစွမ်းကို Confidence မရှိလို့ဘဲသတ်မှတ်ရမှာပါ။
လူတစ်ယောက်က ယုံကြည်ချက်ခိုင်မာစွာနဲ့လုပ်ရင် (ပြည်သူမပါဘဲလား)တစ်နိုင်ငံလုံးကိုင်လှုပ်နိုင်တယ်လို့ပြောထားတာကို မယုံဘူးလား၊ ဆိုတဲ့
ကျော်တန်ဆိုတဲ့လူကို နဲနဲပြောချင်ပါတယ် Micro Finance တို့ ဘာတို့လုပ်စေချင်ရင်အဲဒီ ကြံ့ဖွတ် ဆိုတာတွေကို သွားပီး
advice လုပ်ပါ၊ ဒေါ်စုက Popularity လုပ်နေတာလဲမဟုတ်ပါဘူး၊Confidence မရှိစရာ အ ကြောင်းလဲမရှိပါဘူး။သေသေချာချာ မြင်တတ်ကြည့်တတ်စေချင်ပါတယ်။ စေတနာမှန်ဖြင့်
ကိုဇော်ဇော် နဲ့ ဒေါက်တာစိုင်းဆမ်ထွန်း လုံးဝမပေးပါနဲ့
ဒီကွင်းကို ဒီလိုအခြေအနေ ရောက်အောင် ဘယ်လို လုပ်ခဲ့ရသလဲ
အခုပြောနေတဲ့သူတွေ ဘယ်လောက် ကူညီခဲ့လို့လဲ
တစ်ဖက်နားပေါက် နားမလည်သူတွေ ပြောနေတာ
အခုမု အမေစုဆြိုပီး ၀ိုင်းဖားနေတာ။
၈၇ုမစိုက်ပါနဲ့။
ပေးမယ့်ငွေက ၇ သိန်း
မင်းတို့ နင်းသွှားပြီးရင် သိန်း ၇၀၀၀ နဲ့တောင် မြက်ခင်းက ပြင်မရဘူးကွ
စည်းကမ်းကောင်းတဲ့ မြန်မာတွေလေ။
ကြားရတာက ခင်ဗျားတို့မကောင်းသတင်းတွေချည်းပါပဲလား . . .
ဘာဖြစ်လို့ လူထုကိုဆန့်ကျင်ချင်နေရတာလဲ . . .
ဒီလိုဥပဒေတွေကိုလည်း ခင်ဗျားတို့ပဲ အတင်းချမှတ်ခဲ့တာလေ . .
ခုတော့ခင်ဗျားတို့ဆန္ဒကို လက်ခံတော့လည်း အပြစ်မြင်ချင်နေပြီ...
ကိုယ့်မှာလည်းအရည်အချင်းမရှိ သူများကိုလည်းမနာလို၊
ဒါနဲ့များ လူကြီးလုပ်ချင်သေးတယ် . . .
ဒီမယ် ကျုပ်ပြောမယ် မှတ်ထား . . . လူကြီးဆိုတာသဘောထားကြီးရတယ်ဗျ
ပြီးတော့လူကြီးဖြစ်လာရင် ကိုယ်ရေးကိုယ်တာပျောက်သွားတတ်တယ် . .
ဒါမှလူကြီးခေါ်တာ။ ခုခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်တတ်ကြတယ် . . .ပြည်သူအတွက် ဘာမှမလုပ်ပေးဘဲနဲ့ . . .
ကျုပ်တို့က ခင်ဗျားတို့တကယ် ပြည်သူအတွက်လုပ်မယ်ဆိုရင်ကြိုဆိုကြမှာပါ . . .
ခု ခင်ဗျားတို့က ပြည်သူ့အတွက်လို့ကြွေးကြော်ပြီး ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို လျစ်လျှူရှု၊ ပြည်သူများ အားထားတဲ့ပုဂ္ဂိုလ်ဆိုရင် အမြင်မကြည် အခွင့်အလမ်းတွေပိတ်နဲ့ ကောင်းကြသေးရဲ့လား . .
ခင်ဗျားတို့ကို ကျုပ်တို့ဘယ်လိုယုံကြည်ရမလဲ . . .
ဘောလုံးအဖွဲ့ president ကြီး ဦးဇော်ဇော် မရိုးသားတာ မထူးဆန်းပေမယ့် တို့မန်းတလေးက ရတနာပုံ FC အသင်းပိုင်ရှင် မောင်စိုင်းက ဘာ သဘောလဲ။ တို့မန်းလေးသားတွေကို စိန်ခေါ်တာလား။ အမစုကို ဟန့်တားနှောက်ယှက်ခြင်းဟာ တို့မန်းလေးသားတွေကို စော်ကားတာနဲ့ အတူတူပဲ ဆိုတာ သိထားလိုက်ပါ။ ဒီနေ့ကစပြီး ရတနာပုံ ဘောလုံးအသင်းကို အားမပေးတော့ပါ။ မောင်စိုင်းပိုင်တဲ့ alpine သောက်ရေသန့်၊ shark အချိုရည်၊ blue mountain အချိုရည် စတာတွေကို သပိတ်မှောက်တယ်။ မင်းတို့ဘောလုံးအသင်း တို့မန်းလေးသားတွေ အားမပေးရင် မြောင်းကြားရောက်တယ်ဆိုတာ မင်းသဘောပေါက်လာလိမ့်မယ်။ လိမ်လိမ်မာမာ နေပါ..မောင်စိုင်းရာ။ မမိုက်ချင်စမ်းပါနဲ့။
မှန်ပါတယ်ဗျာ မောင်စိုင်းက မန္တလေးသားတွေကိုပုန်ကန်ချင်တာလားမသိဘူး.............
အမေစုလာမယ်ဆိုလို့ပျော်နေတာဗျာ...........
အခုတော့...
My Waiter Diary said...
ဘယ်သူတရား ပျက်ပျက်
ကိုယ်မပျက်အောင် ထိန်းသိမ်းပါ။
မေတ္တာမပျက် တရားဖက်ပါ။
မှတ်ချက်။ ။ မြန်မာများဖြစ်ပြီး မြန်မာ စာလုံးပေါင်း၊ သဒ္ဒါ မှန်အောင် မရေးတတ်ခြင်းသည်၊ အနာဂါတ်မြန်မာနိုင်ငံတော်အတွက် ရင်လေးမိပါသည်။
အင်း..ပြောရဦးမယ်ဗျာ...
ဒီလိုဖြစ်အောင်လုပ်ခဲ့တာဘယ်သူလဲလို့ဖြေပေးပါခင်ဗျာ..
ကျနော်တို့မြန်မာတွေကပင်ကိုယ်ကညံ့လို့လား....
ခွေးဝဲစားအတွေးနဲ့..တုတ်ကိုလိုက်ကိုက်မနေပါနဲ့..
ပစ်တဲ့လူကိုကိုက်ရင်မပြောပါဘူး....
Post a Comment