ရွှေညဝါဆရာတော်ဟု လူသိများသည့် ရန်ကုန်တိုင်း
ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏ ဦးဆောင်နာယက အဖွဲ့ဝင်
စာချဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့မဟာနာယကမှ တရားဟောခွင့်
ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်ဟု ဆရာတော် ဦးပညာသီဟက မဇ္ဈိမကို
မိန့်သည်။
ထပ်မံပိတ်ပင်မှုတားမြစ်စာကို မြန်မာတနိုင်ငံလုံးရှိ သံဃာ့နာယက၊ သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့ ထံ ပေးပို့ထားသည်ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ သို့သော် အဆိုပါစာကို ကာယကံရှင်ဖြစ်သည့် ဆရာတော်ထံ တိုက်ရိုက်ရောက်ရှိခြင်း မရှိသေးဟု ဆရာတော်က မိန့်ကြားသည်။
"၂ဝ၁၃ အထိ မြန်မာတနိုင်ငံလုံး ထပ်မံပိတ်လိုက်သည် ဆိုပြီးတော့ တခြားနေရာကနေ မိတ္တူလေး ကျုပ်ဆီ လာပို့လို့ ကျုပ်လက်ထဲ ရောက်တယ်လေ။ တနေ့က ညက ရပါတယ်။ မိတ္တူတော့ ရပြီးပြီ" ဟု ဆရာတော်က မိန့်သည်။
ဤသို့ ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂ ရက်နေ့များတွင် တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များအတွင်း ခင်ဦး မြို့များတွင် ဟောပြောရန် စီစဉ်ထားသည့် တရားပွဲများလည်း ပျက်ပြယ်သွားခဲ့ရသည်။
ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝေါဟာရ၊ အသုံးအနှုန်းများကို တရားပွဲများအတွင် ထည့်သွင်းဟောကြားသည် ဟူသည့် စွပ်စွဲချက်များဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့အထိ တနှစ်တာ တရားဟောခွင့် ပိတ်ပင်ခံရပြီးဖြစ်သည်။
ယခုကဲ့သို့ တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ ‘ဆိုဆုံးမ၍ မရသူ’အဖြစ် သတ်မှတ်ခံရခြင်းကြောင့်ဟုလည်း ရွှေညဝါ ဆရာတော်က မဇ္ဈိမကို ဆက်လက်မိန့်ကြားသည်။
ဆရာတော်သည် ပထမတနှစ် တရားပွဲ ပိတ်ပင်ခံနေရစဉ် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အတွင်း မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲကာ သံဃာ့ဆိုဆုံးမှုမကို မနာခံသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန်လည်း မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။
အဆိုပါ ညွှန်ကြားချက်ကြောင့် ဆရာတော်သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် သာဓုကျောင်းတိုက်အတွင်းမှ ထွက်ခွာပေးရန် လက်မှတ်ထိုးထားရပြီး ‘ဆိုဆုံးမ၍ မရသူ’ဟု သတ်မှတ်ခံရမှုနှင့် ပတ်သက်၍ "ဝန်ခံကတိ လက်မှတ် လည်း ထိုးခဲ့တယ်။ အဲဒီအတိုင်းအတာအထိ လုပ်ပေးခဲ့ပြီးပြီ။ နောက်ထပ်ဘာများ လုပ်ပေးရဦးမှာလဲ။ နောက်ထပ် ဘာလုပ်ပေးမှ အဲဒီ စကားလုံး အသုံးအနှုန်းက ပျက်ပြယ်မှာလဲ။ စဉ်းစားလို့မရအောင် ဖြစ်နေပါတယ်။ " ဟု မဇ္ဈိမကို မိန့်ကြားသည်။
ဖေဖေါ်ဝါရီလ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များရှိ ဒါယိကာ၊ ဒါယကာမများကို နှုတ်ဆက်သည့်အနေဖြင့် ဆွမ်းခံထွက်မည်ဟုလည်း သိရသည်။
သာဓု ကျောင်းတိုက်မှ ထွက်ရမည်နှင့် ပတ်သက်၍ ဆရာတော်က "၁၉ ရက်နေ့ကျတော့ အချိန်တန်ရင် ကျုပ်ထွက်သွားမှာပါ။ လွမ်းစရာမရှိပါဘူးဗျာ။ လောကကြီးမှာ ပြီးရင် အားလုံးက ထားခဲ့ရမှာပါ" ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။
ချင်းမိုင် (မဇ္ဈိမ) ။ ။

ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်
Reviewed by သစ်ထူးလွင်
on
06:10
Rating:
16 comments:
ဆရာတော်ရဲ့မျက်ဝန်းထဲမှာ ၀မ်းနည်းရိပ်တွေတွေ့နေရပါတယ်။ နဲနဲတော့တရားလွန်လာကြပြီလို့ ထင်တယ်ဗျာ။
ဒီလိုပုံစံမျိုးတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ ပါးစပ်တွေနဲ့ ဘယ်လိုမှမကိုက်ညီပါဘူး။
ဘာတွေလုပ်နေကြတာလဲ။ မဟန ဆိုတာကလဲ ဘာရည်ရွယ်ချက်တွေရှိသလဲ။အရင်တုန်းကပုံစံတွေအတိုင်းပါဘဲ။ ဘာမှ မပြောင်းလဲပါဘူး။ ပြောင်းလဲချင်ယောင်ဆောင်နေကြတာပါ။နှစ်လေးဆယ်လောက်စိမ့်ဝင်ခံထားရတဲ့ ညဉ်ဆိုးတွေ လွယ်လွယ်နဲ့ မဖျောက်နိုင်ကြသေးပါဘူး။ နှစ် ၂၀ လောက် ဘီလူးဆိုင်းတီးပီး ဘီလူးကကခဲ့တဲ့ လူတွေက အကွက်ကျကျ အစီအမံတွေနဲ့ သေသေချာချာဇာတ်ညွှန်းရေး၊လိုက်ကာအတင်အချ၊ ဆလိုက်မီးအပိတ်အဖွင့်ကအစ အသေးစိတ် ညွှန်ကြားပြီး ရွှေသမင်ယောင်ဆောင် ကပြတဲ့ ဇာတ်ဝင်ခန်းလိုပါဘဲ။ စည်းဝိုင်းအပြင်ထွက်ပြီး ရွှေသမင်နဲ့ လိုက်တမ်းပြေးတမ်း ကစားရတာ အနရ္တယ်တော့များ လှသဗျာ။
ဘုန်းကြီးတွေကို (NLD နဲ့ဝေးဝေးနေ ။ မ ပတ်သက်ကြနဲ့ ။ နိုင်ငံရေးဆိုတာ ဘုန်းကြီးတွေနဲ့ မသက်ဆိုင်ဘူး။ သာသနာတော်ကိုရောင်မဆိုးကြနဲ့။ ) လို့သွယ်ဝိုက်ပြီး သတိပေးလိုက်တာပေါ့ဗျာ။ကျွန်တော်တို့နိုင်ငံက သင်ရိုးညွှန်းတမ်းတွေ၊စာသင်ကျောင်းပြဌာန်းဘာသာရပ်စာပေတွေကို တဖြည်းဖြည်းပြောင်းလဲယူဖို့ကောင်းတယ်ဗျာ။ အဲဒါတွေကိုခုတုံးလုပ်ပြီး ဘီလူးတွေလူသားစားနေကြတယ်။
နိုင်ငံတော် သံဃာ့မဟာနာယက လွမ်းစရာမရှိထွက်သွားပါ
ဆရာတော်ကိုစိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာပါ.......စိတ်ညစ်ပြီးမြန်မာပြည်မှာမနေနိုင်အောင်လုပ်နေတာလို့ ယူဆရမှာပဲ....
လွန်သွားပြီ...ဘယ်သူလုပ်တယ်ဆိုတာတော့မသိ...ဒါပေမယ့် ဗုဒ္ဓဘာသာနိုင်ငံမှာ...ဗုဒ္ဓဘာသာဘုန်းကြီးကို တရာမဟောရဘူးဆိုတာကတော့ တော်တော်ရုပ်ပျက်တဲ့ ကိစ္စပဲ...
လွန်လွန်းအားကြီးပါတယ်။ အပြစ်ပေးတယ်ဆိုရင်လည်း တော်ယုံဘဲကောင်းပါတယ်။ ဒီအဖြစ်အပျက်တွေကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေကို တကယ့်စိတ်ဆန္ဒနဲ့လုပ်နေတာမဟုတ်ဘဲ ၊ ဗျောင်ကျကျစစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ရာမှ တဖက်လှည့်နဲ့ ဒီမိုကရေစီစနစ်ကူးပြောင်းဟန်ဆောင်ပြီး နိုင်ငံတကာမှအကူအညီများကို လိမ်ညာရယူရန်ကြိုးစားနေခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံ ၊ မြန်မာလူမျိုး ၊ မြန်မာစာပေ နှင့် ထေရဝါဒဗုဒ္ဓဘာသာဧ။် ဂုဏ်ကျက်သရေ မှေးမှိန်ပြီး နိုင်ငံတကာတွင်များစွာမျက်နှာငယ်ရပါသည်။ တိုင်းပြည်အုပ်ချုပ်သည့်ခေါင်းဆောင်ကိုယ်တိုင်က သိက္ခာမရှိပလောင်းပလဲလုပ်နေမှတော့ မြန်မာနိုင်ငံသားအားလုံးမည်သို့ ရင်မော့ခေါင်းကော့နိုင်ပါမည်နည်း။ နိုင်ငံခြားတွင်တချို့ဘဏ်များသည် မြန်မာလူမျိုးဆိုလျှင် ဘဏ်စာရင်းပေးမဖွင့်ပါ။ မယုံကြည်သောကြောင့်ဖြစ်ပါသည်။ ထိုဘဏ်စာရင်းဖွင့်ချင်သောပုဂ္ဂိုလ်ကို ဘဏ်အနေဖြင့်ပုဂ္ဂိုလ်ရေးအရမယုံကြည်စရာအကြောင်းမရှိပါ။ ကျောင်းသားသော်လည်းကောင်း ၊ အလုပ်သမားသော်လည်းကောင်း တရားဝင်နေထိုင်ပြီး နာမည်ပျက်မရှိပါက ထိုပုဂ္ဂိုလ်အား မယုံချင်စရာဘာအကြောင်းမှမရှိပေ။ မြန်မာပြည်နိုင်ငံရေးအခြေအနေ နှင့် အုပ်ချုပ်သူအစိုးရကြောင့် မြန်မာလူမျိုးများမျက်နှာငယ်ရခြင်းဖြစ်သည်။ ယခုလိုကမ္ဘာသိ ဆရာတော်တပါးကို ကျောင်းမှနှင်ထုတ်ပြီး တရားဟောခွင့်ပိတ်သည်ဆိုထဲက ဗုဒ္ဓဘာသာအနေဖြင့် ဘာသာရေးသိက္ခာလွန်စွာကျဆင်းပါသည်။
ဆရာတော် မန်တလေးက NLD ရုံးမှာ မိန့်ခွန်းပြောလို့ဆိုပီးစတာဗျာ...
မန်းက NLD နေရာမှာ ကြံ့ဖွဲ့ရုံးဆိုရင် ဒီလောက်ကြီးဖြစ်လာမှာမဟုတ်ဘူး
ဖြစ်လာစရာအကြောင်းကိုမရှိတာပါ...မခံနိုင်လွန်းလို့ပါ..
တပည့်တော်တို့ကတော့ ဘာတတ်နိုင်မှာလဲ စိတ်မကောင်းရုံကလွဲပီးတော့ပေါ့
ဒါပေမယ့် အရေးကြုံလာရင်တော့ အဆင်သင့်ပဲ
မ ဟ န သို့ ရည်ရွယ်သည်
ရွှေည၀ါဆရာတော် ဘယ်လောက်ထိ အပြစ်ရှိသည် ဘာတွေလုပ်ထားသည် ဘာကြောင့် တရားဟောခွင့် ပိတ်ပင်သည်ဆိုတာ ပြည်သူလူထုကို ချပြပါ ဒီမိုကရေစီဆိုတာ ပြည်သူက ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ယူဆရင်ပေါ့ ပြည်သူကို ရင်ဆိုင်ရဲမယ်ဆိုရင်ပေါ့....
ဘယ်သူတွေဘယ်လိုပဲမှတ်ချက်ပေးနေပေးနေ သူတို့ကတော့လုပ်မြဲ လုပ်နေမှာပဲ ငါတို့မှတ်ချက်ပေးနေလဲအပိုပဲ ဒါပေမဲ့လဲ ငါတို့ကလဲမှတ်ချက်
ပေးရုံကလွဲးပြီ ဘာမှမတက်နိုင်ဘူးလေ
မှားနေပြီ တော်တော်ကြီးကိုလွဲမှားနေပြီ....ရိုးရိုးလေးပဲမြင်ကြည့်မိတယ်.. သေချာစဉ်းစားတတ်မယ်ဆိုရင်၊သေချာစဉ်းစားကြည့်မယ်ဆိုရင် ဆရာတော် က နိုင်ငံရေးတရားတွေ ဟောနေတာ မဟုတ်ပါဘူး အမျိုးသားရေး အကြောင်း အရာတွေလူတိုင်းနားလည်သဘောပေါက်လွယ်အောင်ပြာနေတာပါ ၀ိနည်းလွတ်ပါတယ် ဘာဖြစ်လို့ ဆရာတော်က အမျိုးသားရေး ကို ပြောနေရလဲ ....ဆရာတော်သည် နိုင်ငံသားတယောက်ဖြစ်နေသောကြောင့် နိုင်ငံသားတို့ အရေး တိုင်းပြည်အရေး အမျိုးသားအရေးတို့ ကို နိုင်ငံသားတယောက် အခွင့်အရေးနဲ့ အညီပြောပြဆိုဆုံးမနေတာပါ...ဟောပြညွှန်ကြားနေခြင်းသာ ...ဆရာတော်၏ အမြင်ကရိုးရှင်းပါသည် ဆရာတော်သည် ဘက်လိုက်၍ဟောပြောနေခြင်းမဟုတ်ပါ NLD ဘက် လိုက်၍ပြောနေခြင်းမဖြစ်နိုင်ပါ ကောင်းတာလုပ်နေသောသူကို ကောင်းတဲ့အမြင်ဖြင့် ရိုးရှင်းစွာမြင်ခြင်းသာဖြစ်ပါမည် ...NLD နှင့်ပတ်သက်ပြီး ဆရာတော်အားအမြင်စောင်းသည်ဆိုလျှင် မကောင်းပါ သက်ဆိုင်ရာ အစိုးရအဖွဲ့ မကောင်းကြောင်း တဘက်သတ်ပြောဆိုဟောပြောနေခြင်းလဲမဟုတ်ပါ NLD အဖွဲ့ လိုအပ်ချက်ရှိလျှင် မှားယွင်းချွတ်ချော်မှုရှိလျှင် ဆရာတော်သည် ပြောဆိုဆုံးမမည်သာဖြစ်ပါသည်... လိုအပ်ချက်ရှိသည့်မည်သည့်အဖွဲ့ အစည်းကိုမဆို ဆရာတော်က ပြောပြဆုံးမနေမည်သာ ....အမှန်တကယ်ကောင်းမွန်ကြမည်ဆိုလျှင်ဆရာတော့် အနေဖြင့်၎င်း အခြားသော သံဃာတော်များအနေဖြင့်လဲ အမျိုးသားရေးကိစ္စများတွင် ပါဝင် ပြောဆိုဆုံးမခြင်းများလုပ်ကြမည်မဟုတ်ပါ ...ဘာသာရေးတွင်နိုင်ငံရေးမရောယှက်ရန် ဆရာတော်ကို တားပါသည် အမျိုးသာရေးကိစ္စတွင်တော့ နိုင်ငံသားတိုင်းပါဝင်လုပ်ဆောင်သင့်ပါသည် ... အမျိုးသားရေး ဆိုသည်မှာတိုင်းသူပြည်သားတို့ အရေး တိုင်းပြည်အရေး တို့ ကို အမျိုးသားရေးစိတ်ဓါတ် နိုးကြားတက်ကြွစွာလုပ်ကိုင်ဆောင်ရွက် ကြခြင်းဖြစ်ပါသည် ...မကောင်းတာလေး မသင့်တော်တာလေး ပြင်သင့်တာလေးတွေ့ လို့  ပြောမိခြင်းကို စိတ်မဆိုးသင့်ပဲ လက်ခံနာယူပြီးပြင်လိုက်ပါက ကိစ္စအားလုံးတို့ အေးဆေးစွာအောင်မြင် ပြီးဆုံးသွားပါမည် ..ထိုသို့ မဟုတ်ပဲ လိုအပ်ချက်ရှိနေ၍ အပြောခံ အဆုံးမခံရသူက အကောင်းမမြင်ဘဲ အငြိုးထား၍အကြောင်းပြချက်ရှာ ပြန်လည်တုံ့ ပြန် ခြင်းပြု လုပ်ပါ က ယခုကဲ့သို့ ပင် ဆရာတော်မှာ ဟိုတနေ့ ကပဲ တရးဟောခွင့်ရ သည်ဟုကြားရပြီး ..ဒီနေ့ ရောက်ပြန်တော့ တရးဟောခွင့် ပိတ်လိုက်ပြန်ပြီ ဆိုတော့ မကောင်းပါဟူ၍သာ ရိုးရှင်းစွာမြင်မိပါသည် ...
သြော်.......တရားပွဲပိတ်တဲ့သူတွေသနားပါတယ်နော်အပိတ်ခံရတဲ့သူကဘာမှမဖြစ်ဘူး။မဟောရရုံပဲရှိတယ်ပိတ်တဲ့သူရဲ့သံသရာကတော့မတွေးရဲစရာပဲ။
ဆရာတော်ကို တစ်ရစ်ပြီး တစ်ရပ် ဆက်ဆက်ပြီး အနေကြပ်အောင် လုပ်နေတာပါ။ မဟန အမည်ခံပြီး ဘယ်လိုကောင်စားတွေ နောက်ကွယ်က ချယ်လှယ်နေကြတယ် ဆိုတာ လူတိုင်း စဉ်းစားလို့ရတယ်။ ဆရာတော်အနေနဲ့ ဒီထက် ပိုသာတဲ့ နေရာကို သွားလို့ရပေမယ့် သာသနာ့တက္ကသိုလ်လို စာသင်သားတွေနဲ့ သာသနာအတွက် ကြံ့ကြံ့ခံနေတာ မြင်သာ ထင်သာပါတယ်။ ကျွန်တော်တော့ အံ့ဩတယ်ဗျာ..... မြန်မာပြည်မှာ အာဏာစနစ်တစ်ခုဟာ မိမိတို့ ကိုးကွယ်ရာ ဘုရားသာသနာကိုတောင် ထိခိုက်ဖျက်ဆီး လုပ်နေကြတာကိုပါ။ ဒီလူတွေနှယ် ကိုယ့်ကိုကိုယ် လုံလှပြီ ထင်နေကြတယ်...... ဘယ်သူမှ မသိဘူးဆိုရင်တောင်မှ ဘုရားသိတယ် ဆိုတာ မေ့နေပုံရတယ်.....။ သာသနာဖျက်တဲ့ လူတွေအတွက် ဘုရား ရိုက်မှာပါ.......
နောင်ဘဝလူဖြစ်ရင် မြန်မာပြည်သား ဗမာ လူမျိုးမဖြစ်ပါစေနဲ့ဘုရား မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှု အောက်မှာ လူမဖြစ်ပါစေနဲ့
ဘုရား
ငရဲ က ပြေးမလွတ်ပါဘူး... အ၀ီစိခြောက်ထပ်မှာ ချိုးကပ်မယ့် သူတွေပါ... ဘာပဲပဲ ဖြစ်ဖြစ် ဆရာတော် တရားဟောခွင့်မရတဲ့အတွက် ၀မ်းနည်းပါတယ် ဘုရား... ဆရာတော် ဘုရားအသက်ရှည်ကျန်းမာပါစေ ဘုရား..
Will democracy continue OR TURN BACK??? What did it mean?
Post a Comment