ပုဂ္ဂလိက စက်သုံးဆီဆိုင် တစ်ဆိုင်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တစ်ဂါလန်လျှင် ကျပ် ၃၅၅၀ ဖြင့် စတင်ရောင်းချစဉ်
ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စကာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ မှ ဓာတ်ဆီရောင်းဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ထပ်မံ မြင့်တက်သွားကြောင်း သတင်းရရှိပါသည်။
‘‘ကျွန်တော်တို့ ဌာနကနေပြန် တစ်ဆင့်ဝယ်ရတဲ့ဈေး မြင့်တက်သွားလို့ပါ။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကစပြီး ကျပ် ၂၀၀ တက်သွားလို့ အရင်တစ်ဂါလန် ကျပ် ၃၃၅၀ နဲ့ ရောင်းနေတာကနေ အခု ကျပ် ၃၅၅၀ နဲ့ရောင်းရတာပါ’’ဟု ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ယခင်က ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီတစ်ဂါလန် ဆိုင်ထုတ်ဈေးမှာ ကျပ် ၂၅၀၀ ဖြစ်ပြီး ယင်းမှတစ်ဆင့် တစ်ဂါလန် ကျပ် ၃၃၅၀ သို့ လည်းကောင်း ယခုအခါ ကျပ် ၃၅၅၀ သို့ လည်းကောင်း . . . |
‘‘အရင် တစ်ဂါလန်ကျပ်၂၅၀၀ ကနေ လွန်ခဲ့တဲ့လက ကျပ် ၃၃၅၀ ဖြစ်သွားတယ်။ အခုကျပ် ၃၅၅၀ ဆိုတော့ တစ်လကျော်အတွင်းမှာပဲ ဓာတ်ဆီက တစ်ဂါလန်ကျပ် ၁၀၅၀ တက်သွားတဲ့သဘောပေါ့။ တစ်လအတွင်း တစ်ဂါလန်ကျပ် ၁၀၅၀ တက်တယ်ဆိုတဲ့ အားကသေးတော့ မသေးဘူး။ ဓာတ်ဆီမှ မဟုတ်ပါဘူး။ အောက်တိန်းပဲဖြစ်ဖြစ် ဒီဇယ်ဆီပဲဖြစ်ဖြစ် ရောင်းတဲ့ဆိုင်တွေအနေနဲ့ တစ်ကယ်တင်သွင်းတဲ့ ကုန်ကျ စရိတ်ပေါ်မှာ မျှမျှတတရှိဖို့ အရေးကြီးတယ်။ ပြည်ပဈေးကျတဲ့အခါ အမြင့်ဈေးနဲ့ ၀ယ်ထားတာ မကုန်သေးလို့၊ ပြည်ပဈေးတက်တော့ နေ့ချင်း ညချင်း လိုက်တက်ပစ်တဲ့ပုံစံမျိုး မလုပ်ဖို့တော့ လိုပါတယ်။ ဆီကလည်း မှန်မှန်ကန်ကန်၊ ဈေးကလည်း မှန်မှန်ကန်ကန်ဖြစ်ဖို့ အဓိကပါပဲ။ ဓာတ်ဆီကို အောက်တိန်းထဲ ရောရောင်းတာမျိုး မလုပ်ရင်ပြီးတာပဲ။ အောက်တိန်းဆိုလည်း အရည်အသွေးရှိရှိ အောက်တိန်း တကယ်သွင်းကြဖို့လည်း လိုတယ်’’ဟု ကားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
EMG
ဓာတ်ဆီရောင်းဈေး တစ်ဂါလန် ကျပ် ၁၀၅၀ ဈေးမြင့်တက်
Reviewed by သစ်ထူးလွင်
on
23:22
Rating:
2 comments:
Who noticed that the petrol price goes up from 2500 Kyats to 3350 Kyats...Now, it raise up a again as 3550 Kyats...Nobody are telling about the up rising of Foods, Fuel and Living Cost...Authorities are also transferring the way of people difficulties as Car import, Phone Matter, Playing Prices of Land...etc...
Cronies are not empathised over people as well...Only see their profits...
Now, we are going in begins of Democracy...We can not hoped that as all the ways are smooth...
Even we can see that old authorities, they are still trying to stand as team...
All of the channels are weak in our Myanmar...Especially, Education, Health, Labour Problems (low salary paying by Local Companies & Foreign Investments ) and Transportations...
Not only the goods prices are goes up also all prices are in high level already...
The concerned authorities should be care about it...
Please...be careful and act to solve those difficulities as fast as possible for our people...
Royal Prince
ဈေးကွက်နဲ့အညီ နောက်ပိုင်းမှာ နိုင်ငံတကာ ပုံစံနဲ့သွားတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အလေး၊တင်းတောင်းတော့ မှန်ကန်စေချင်ပါတယ်။ မနေ့ကဆီထည့်တာ ၄ဂါလံထည့်တာ ၃ဂါလံခွဲလောက်ဘဲ ပါတယ်။ ဆီဆိုင်နာမည်တော့ မပြောတော့ပါဘူး။ ပေးရတဲ့ ဆီဈေးကို မငြင်းပါဘူး။ ဂါလံပြည့်အောင်တော့ သက်ဆိုင်ရာက ကြီးကြပ်သင့်ပါတယ်။
Post a Comment