သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရ

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေး ဖွံ့ဖြိုးမှုမရှိခင်မှာ တိုင်းပြည် တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
Credit: AFP Photo/Roslan Rahman
သမ္မတ ဦးသိန်းစိန် (၀ဲ) နှင့် စင်္ကာပူ သမ္မတ တိုနီတန် (ယာ) တို့ကို စင်္ကာပူ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်။
စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်က Straits Times သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ အခုလို ပြောကြား ခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီလွှတ်ပေးခဲ့တာ၊ သတင်းမီဒီယာ ထိန်းချုပ်မှု လျှော့ချပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေ အပါအ၀င် ပြုပြင် ပြောင်းလဲမှုတွေ သိသိသာသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ အနေနဲ့ မြောက်ကိုရီးယားထံက နျူကလီးယား လက်နက်ရရှိဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့လည်း ဦးသိန်းစိန်က ငြင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ Mt. Elizabeth ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၆ နှစ်ရှိပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရတယ်လို့ ဆိုပါတယ်။
RFA
သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရ သမ္မတ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစလို့ နှလုံးခုန်စက် တပ်ဆင် ထားရ Reviewed by သစ်ထူးလွင် on 07:51 Rating: 5

19 comments:

NLD Generation said...

အော်! အခုလို သိလိုက်ရတော့ သမ္မတကြီး နဲ့ မြန်မာနိုင်ငံ အတွက် တွေးပြီးတော့ ဝမ်းနည်းမိပါတယ်။ မြန်မာနိုင်ငံကို တိုးတက်ပြောင်းလဲအောင်လုပ်ပေးနေတဲ့ ဒီိလိုလူမျိုးတွေကိုမှ ဖြစ်ရတယ်လို့ (ဖြစ်သင့် ဖြစ်ထိုက်တဲ့
ဟို လူကြီးကျတော့ ဘာလို့ မဖြစ်တာလဲ) သမ္မတကြီး သက်တော်ရာကျော် ရှည်ပါစေ လို့ ဆုတောင်းပေးပါတယ်။

NLD Generation said...

သမ္မတကြီး နဲ့ အမေစု တို့က မြန်မာနိုင်ငံအတွက် မရှိမဖြစ်ပါ။ သမ္မတကြီး နဲ့ အမေစု ကျန်းမာရေးကို ဂရုစိုက်ပေးပါ နော်။မြန်မာနိုင်ငံ နဲ့ မြန်မာပြည်သူပြည်သားတွေ အတွက်ပါ။

Unknown said...

နိုင်ငံရဲ့ပြောင်းလဲမှုတွေကို အစဉ်တစိုက်လုပ်ဆောင်ပေးနေတဲ့ သမ္မတကြီး ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။

Android Myanmar said...

အမေစု နဲ့ သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်တို့ တိုင်းပြည်မှ လိုအပ်ပါသည်။ ကျန်းမာပါစေ လို့ ဆုတောင်းအပ်ပါသည်။

lin said...

အမေစု နဲ့ သမ္မတကြီးဦးသိန်းစိန်တို့က ကျွန်တော်တို့လို ပြည်သူတွေ အတွက် မရှိမဖြစ်တဲ့သူတွေပါ...ဒါကြောင့် အမေနဲ့ သမ္မတကြီး တို့ ကျန်းမာ လန်းဖြာစေဖို့ ဆုတောင်းပေးပါတယ် ဗျာ......

Anonymous said...

ဟိုလူကြီး မဟုတ်ဘူးလေ ဟိုလူကြီးတွေ

ကျော်သူစိုး said...

သမ္မတကြီးကျန်းမာပါစေဗျာ။ ဆုတောင်းပေးပါတယ်။ တိုင်းပြည်အတွက်ရှားရှားပါးပါးပေါ်ပေါက်ခဲ့တဲ့သမတတယောက်ပါ

honey said...

မသေခင်ပြည်သူ့အချစ်ကိုခံယူသွားပေးပါ။
ပြည်သူအတွက်စေတနာစစ်စစ်ထားပြီးလက်တွဲသင့်တာအမေစုနဲ့ပါ။
သမ္မတကြီးသိစေချင်တာပြည်ခိုင်ဖြိုးပါတီတွေထဲမှာ
အတ္တတွေလောကဘတွေနဲ့ကိုယ်ကျိုးကြည့်ချမ်းသာဖို့လုပ်နေတဲ့သူတွေ
နဲ့ဖွဲ့စည်းထားတာမို့သေချာစီစစ်ပေးစေချင်တယ်။
သူတို့နဲ့လက်တွဲရင်နာမည်ဆိုးနဲ့ကျော်ကြားသွားမယ်လို့
သတိပေးချင်ပါတယ်။နိုင်ငံတော်ရဲကအခွင့်ရေးတွေကိုယူပြီး
ကိုယ်ကျိုးများများကြည့်ပြည်သူတွေအတွက်အဖြစ်သဘောနဲ့လုပ်ဆောင်
နေကြတာတနေ့တော့သိလာလိမ့်မယ်။

ဇော်မိုးဝင်း said...

သမတကြီးကျန်းမာပါစေ။

Theodo said...

ဟိုသေနိုင်ခဲတဲ့ခွေးသူတောင်းစားကြီးကျတော့မဖြစ်ဘဲသမ္မတကြီး
ကျမှလာဖြစ်ရတယ်လို. :-(

မဒမ်ကိုး said...

သမ္မတကြီး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်ပါစေ ..

tat said...

ူုtat:
God bless you U Thein Sein.

aung san lin said...

သမ္မတကြီး ကျန်းမာရေးဂရုစိုက်ပါဗျာ ....
သမ္မတကြီးကို ပြည်သူတွေအားထားနေရတာပါ......
နလုံးရောဂါ အကြောင်းပြပြီး သမ္မတကြီး ရာထူးကို မစွန့်လွှတ်လိုက်ပါနဲ့အုံး
မကောင်းတဲ့ အဖွဲ့ သားတွေကိုလဲ အမြန် စီစစ် ဖယ်ရှားပေးပါအုံး ဥပမာ......
ဆန်ကုန်မြေလေး
တမတ်တောင်မပြည့်တဲ့ ကျော်ဆန်း၊ ခင်ရွှေ တို့လို ပညာမတတ် ပြည်သူတွေကို ညှင်းပန်းနှိပ်ဆက် ဂုတ်သွေးစုပ်နေတဲ့ငချွတ် ချွတ်ကလီး ချစ်တီးတို့တတွေ ကို ဖြုတ်ထုတ်ညှစ် လုပ်ပေးစေချင်ပါတယ် ......
ဖြုတ်.....ရာထူးက တရားဝင်ဖြုတ်ချခြင်း၊
ထုတ်.....တိုင်းပြည်ကပါနှင်ထုတ်ခြင်း၊
ညှစ်.......သူတို့ပိုင်ဆိုင်မှု့တွေအားလုံး လည်ပင်းညှစ် တပြားမကျန်ပြည်သူပိုင်သိမ်းပစ်ခြင်း၊
တို့ကိုပြုလုပ်ပေးစေချင်သည်။

အောင်တေဇ said...

aung san lin ရေဖြုတ်သင်တာတော့လွတ်တော် ၂ရပ်လုံးကအခုလူတွေနဲ့တိုင်းဝန်ကြီးချုပ်တွေနဲ့ပြည်ထောင်စုဝန်ကြီးတွေ အားလုံးပဲ အစိုးသစ်တက်တာ ဘယ်လောက်ရှိပြီလဲ တိုင်းဝန်ချုပ်တွေ ဘာတွေတိုင်းအတွင်းတိုးတက်အောင်လုပ်ဆောင်ပြီးပလဲ............ ဘာအစီအစဉ်တွေရှိလဲ ပြည်သူကိုပြည်သူ လို့ အပြင်မှာဆက်ဆံနေပြီလား.................

ပေါက်ပေါက်ဆုပ် said...

သဘောထားပျော့ပျောင်းတဲ့သူလက်ထဲ နိုင်ငံတော်အာဏာရောက်လို့ ကျွန်တော်တို့တတွေလည်း အသက်ရှုချောင်နေတာနော်..ဦးသိန်းစိန်သာအခုချိန် တခုခု ဖြစ်ကြည့်လိုက် အာဏာသိမ်းပွဲတွေက ပြန်ဖြစ်နိုင်တယ် သူ့ဘေးပတ်လည်မှာက ယုံကြည်ထိုက်တဲ့သူက လက်ငါးချောင်းမပြည့်ဘူး..အမေစု မြန်မြန်လွှတ်တော်ထဲရောက်..ဦးသိန်းစိန်နဲ့ လက်တွဲလုပ်ပြီး တယောက်စိတ်ထား တယောက်သိသွားရင် နိုင်ငံတော်အတွက် စိတ်ချရပြီ

Anonymous said...

သေခြင်းတရားကို မည်သူမှ မလွန်ဆန်နိုင်ပါ။
အဓိက အရေးကြီးတာက ကျန်ရှိနေသေးသည့်အချိန်၊ လုပ်ဆောင်နိုင်သေးသည့်အချိန်၊ လုပ်ပိုင်ခွင့်အာဏာရှိနေသေးချိန်တို့ တွင် ပြည်သူ့ ကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးသယ်ပိုးနိုင်ပါစေ။ ။
မေတ္တာဖြင့်

ပုဂံစစ်သည် said...

အေးပေါ့လေ ဦးသန်းရွှေတပည့်ဆိုတော့ နှလုံးခုံရင်တုံမှာပေါ့။ မဆန်းပါဘူး ဒီသတင်းက၊

WELCOME TO SUNSET INN IN KOHSAMUI said...

မြန်မာနိုင်ငံကပဲ လူကောင်းတွေနှင့် မထိုက်တန်တာလား၊ ဒါမှမဟုတ် လူကောင်းတွေကိုပဲ နေရာမပေးတာလား ဒီလိုကြားရတာ ၀မ်းနည်းစရာပါပဲ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ကြီးကို လူသတ်သမားတွေ လက်ထဲ ပြန်မရောက်ရင် ဖြေသိမ့်လို့ရပါပြီ။

micromyo said...

အမေစု နဲ့ သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်တို့ တိုင်းပြည်မှ လိုအပ်ပါသည်။သမ္မတကြီး ကျန်းမာရေးဂရုစိုက်ပါဗျာ ....
သမ္မတကြီးကို ပြည်သူတွေအားထားနေရတာပါသမ္မတကြီး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်ပါစေ ..

Powered by Blogger.