ကချင်ပြည်နယ် စည်းရုံးရေး ၃ရက်ကြာခရီး ဒေါ်အောင်ဆန်းစုကြည် သွားမည်

ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၂၊ YPI

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်းနှင့် ဗန်းမော်မြို့များသို့ ၃ ရက်ကြာ စည်းရုံးရေးနှင့် မဲအောင်နိုင်ရေး ခရီးစဉ် သွားရောက်မည်ဟု မြစ်ကြီးနားမြို့ အန်အယ်လ်ဒီရုံးမှ ပြောသည်။

ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် လေယာဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ယင်းနေ့တွင် မိုးကောင်းမြို့သို့ နေ့ချင်းပြန် သွားရောက်မည် ဖြစ်သည်။

၂၄ ရက်နေ့ည မြစ်ကြီးနားမြို့တွင် ညအိပ်မည်ဖြစ်ပြီး ယင်း ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ မနောကွင်း၌ လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

ယင်းနောက် ဗန်းမော်မြို့သို့ ခရီးဆက်ကာ ဗန်းမော်မြို့မှ ၂၅ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရန် စီစဉ်ထားရှိသည်ဟု မြစ်ကြီးနား အန်လယ်လ်ဒီ ရုံးမှ ပြောဆိုချက်အရ သိရှိရသည်။
(Yangon Press International)
ကချင်ပြည်နယ် စည်းရုံးရေး ၃ရက်ကြာခရီး ဒေါ်အောင်ဆန်းစုကြည် သွားမည် ကချင်ပြည်နယ် စည်းရုံးရေး ၃ရက်ကြာခရီး ဒေါ်အောင်ဆန်းစုကြည် သွားမည် Reviewed by သစ်ထူးလွင် on 19:19 Rating: 5

6 comments:

Anonymous said...

လုံခြုံရေးအထူးသတိထားပါ.အမေ
KIA လွဲချပီးစစ်တပ်ကသောက်ကျင့်ရုတ်နိုင်တယ်.

မေတ္တာရှင် said...

အမေစု လုံခြုံရေးအတွတ် ဒေသခံ ပြည်သူများနှင့် တခြား အဖွဲ့ အစည်းများကို ကြိုတင် မေတ္တာ ရပ်ခံပါတယ်။ သတိရှိရှိ ဆောင်ရွတ်ပေးကြပါခင်ဗျား။

lin lin said...

အမေစုကို မနောမြေမှ လှိုက်လှဲစွာကြိုဆိုပါသသည်။
အမေစု LONG LIVE & BLESS YOU

tharzaw said...

အမေစုရဲ့လုံခြုံရေး ကူညီပေးကြပါဗျာ။

NLD Generation said...

ဟာ ဒီသတင်းကို ကြားတော့ အမေ့ကို အရမ်းကို စိုးရိမ်ပါတယ်
အမေကလဲ ဒီလောက် အဝေးကြီးကို အပေါ်က တယောက်ပြောထားတာ
ဟုတ်တယ်နော် အမေ အကျင့်တွေက တယောက်မှ ကောင်းတဲ့ ကောင် မပါဘူး နော် သူများလုပ်တယ်ဆိုပြီး အမေ့ကို သူတို့ ရန်ရှာမှာစိုးရပါတယ်။ သူတို့ကို ပြည်တွင်းက ပြည်သူကရော ပြည်ပ နိုင်ငံတကာက ရော သူတို့ စိတ်ဓါတ်တွေ မကောင်းဘူးဆိုတာ အားလုံးသိနေတယ်ဆိုတာ ကို အဲ့ဒိ မကောင်းတဲ့ ကောင်တွေ သိတယ်နော် အဲံ့ဒိတော့လေ သူတို့အတွက် မထူးဘူးဆိုပြီး အမေ့ကို တခုခု လုပ်ကြံမှာ စိုးပါတယ် အမေရယ်
အမေက ဘယ်သူတွေ ဘာပြောပြော သားသမီးတွေ စိုးရိမ်နေလဲ အမေ သွားရမှာပဲနော်.. အမေ့ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို အမေရော အမေ့ပတ်ဝန်းကျင်က အမေ့ကို စောက်ရှောက်နေတဲ့သူတွေက အမေ့ကို အထူး ဂရုစိုက်ကြပါနော်...
အမေဘယ်နေရာ ဘယ်သွားသွား ခလုတ်မထိ စူးမညိပါစေနဲ့ အမေရယ်...

2010valentineday said...

{အမေ ဒေါ်အောင်ဆန်းစုကြည်ကိုကာကွယ် စောင့်ရှောက်ကြရမည်။}

အမေ့ကို ၀ိုင်းဝန်း ကာကွယ်ပေးကြပါ။ ပန်းစည်း- ပန်းကုံး၊ ကား။ လက်ဆောင်၊ ပါဆယ်၊စာအိတ်တို့ ကို အထုး သတိပြုပါ။ ညဖက် အိမ်တွင်လည်း နေ့ စဉ် အခန်းပြောင်း အိပ်စေလိုပါသည်။ အမေစု ဘေးကင်း ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အမေဘ၀နှင့်ထပ်တူ ချစ်မြတ်နိုးသော ပြည်သူများအတွက်-မြန်မာနိုင်ငံ အတွက် တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့ သလိုက်ပါသည်။”

Powered by Blogger.