ရွှေည၀ါဆရာတော်အားနှုတ်ဆက်ပူဇော်ပွဲ

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန) ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျောင်းတိုက်ကနေ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဦးပညာသီဟ ရဲ့ နောက်ဆုံးနှုတ်ဆက်တရားပွဲ နဲ့  ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တနင်္ဂနွေ နေ့ မနက် ၉ နာရီကနေ ၁၀ နာရီခွဲ အထိ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်ရှိ သာဓုကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီနှုတ်ဆက်ပူဇော်ပွဲကို ဆရာတော်ကို လေးစားကြည်ညိုတဲ့ ဒကာ၊ဒကာမတွေ၊ စာသင်သားရဟန်းတော်တွေ၊မယ်သီလရှင်တွေ၊နိုင်ငံရေး အကျဉ်းသားဟောင်းရဟန်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းမှ ပရိတ်သတ်ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားအတွင်းမှာ ရွှေည၀ါဆရာတော်က တရားချီးမြင့်ခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျ တို့ မှ နှုတ်ဆက်ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။ ရွှေည၀ါဆရာတော်က အခုလို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ လိုက်လျောခဲ့ရတာဟာ လက်ရှိစာသင်သား သံဃာတော်တွေရဲ့ ပညာရေးကို မထိခိုက်စေလိုတာနဲ့ ၊လက်ရှိသွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာထိပ်တိုက်တွေ့ ဆုံမှုတွေ မဖြစ်စေလိုတာ တွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဆရာသံဃာကို တပည့်ဒကာဒကာမတွေကသာ ပိုင်ဆိုင်ပြီး ဖိတ်ကြားသည့်သူ ရှိသည့်နေရာသို့ သွားရောက်ခဲ့ရသည့် အပေါ်တွင် မဟန အဖွဲ့ ၏ ဆုံးဖြတ်ချက် မှာ တရားမျှတမှုမရှိကြောင်း ဆရာတော်က ပြောကြားခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကလည်း ဆရာတော်မှာထောင်သွင်း အကျဉ်းကျ ခံရဖူးပြီး မိမိတို့ လို နိုင်ငံရေးအကျဉ်းသားဟောင်း ဘ၀တူပင် ဖြစ်ကြောင်း၊ယခုလို အဖြစ်မျိုးထပ်မံကြုံတွေ့ ရသည့် အပေါ်တွင် ၀မ်းနည်းမိရကြောင်း ပြောကြားခဲ့ပါတယ်။ သာဓုကျောင်းတိုက်ကနေ ယနေ့ တနင်္ဂနွေ နေ့ မှာ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဟာ မှော်ဘီ ရှိ ခြံဝန်းတခုမှာ ခေတ္တယာယီသွားရောက် သွားရောက် သီတင်းသုံးနေထိုင်မယ်လို့ သိရပါတယ်။ 

ဘားမားဗီဂျေ
ရွှေည၀ါဆရာတော်အားနှုတ်ဆက်ပူဇော်ပွဲ ရွှေည၀ါဆရာတော်အားနှုတ်ဆက်ပူဇော်ပွဲ Reviewed by သစ်ထူးလွင် on 11:38 Rating: 5

8 comments:

ဘကြီးမောင် said...

အဲ့ဒါဆို သုံးလောက ထွဋ်ထားမြတ်စွာဘုရားကို NLD က ပင့်လို့ တရားသွားဟောမယ်ဆိုရင် ကော မဟန က ဘုရားရှင်ကို ဇေတ၀န်ကျောင်းတော်ကိုနေ ထွက်ခွာခိုင်းအုံးမှာလား ဆိုတာကို အတွေးခေါင် စွာတွေးနေမိပါသည်။

အမြင်သစ် said...

ကဲ ဆရာတော်ကြီးရေ ဗုဒ္ဒဘာသာဝင်တွေထဲမှာ လည်း ဂိုဏ်းဂနတွေကလည်း အမျိုးမျိုး ကွဲပြားလေတော့ မှတ်ချက်တွေကလဲ အမျိုးမျိုးပါဘဲဘုရား။ တပည့်တော်တို့ ကတော့ ဆရာတော်ကြီးရဲ့နောက်မှာ အမြဲရပ်တည်နေမှာပါ။ တချို့က ဗုဒ္ဒဘာသာဝင်သံဃာတော်တွေဆိုရင် ဆိတ်ဆိတ်နေ၊ ဖြစ်ပျက်တရားကိုများများမှတ်၊ ခန္တီစတရားကိုလက်ကိုင်ထား၊ ၀ိပသနာအလုပ်တွေဘဲများများလုပ်၊
ဖြစ်နိုင်ရင်တောထွက်ပြီး သံသရာလွတ်ကြောင်းကျင့်ကြံနေမှ သံဃာတော် အစစ်အမှန်ဖြစ်တယ်လို့ထင်နေကြတဲ့ သူတွေကလဲ တပုံတပင်ပါဘဲဘုရား။ ဆရာတော်ကြီးတို့လို သံဃာတော်တွေကို စာတတ်ပေတတ်တွေဖြစ်အောင်စာသင်စာချလုပ်၊ ကြည်ညိုကြတဲ့ ဒကါ၊ဒကါမတွေတပုံတပင်နဲ့ သာသနာအကျိုးကို တတ်နိုင်တဲ့ဘက်ကသယ်ပိုးနေတဲ့ ဆရာတော်ကြီးတွေဆိုရင် မျက်စိ စပါးမွှေးစူးတတ်ကြတယ်ထင်ပါရဲ့ဘုရား။ ဘုရားဟောဝိနည်းနဲ့ မညီဘူးဆိုလား ၊ သံဃာ့မဟာနာယက အဖွဲ့ကြီးရဲ့ စည်းကမ်းနဲ့မကိုက်ဘူးဆိုလား၊ လူ့အကျိုးပြုအဖွဲ့အစည်းတွေက ဒကါ။ဒကါမတွေတရုံးရုံးနဲ့မို့ နိုင်ငံရေးသမားတွေရဲ့ အသုံးချခံမဖြစ်စေနဲ့ ဆိုလား၊(ဆိုလား၊ဆိုလား) စွဲချက်တွေကတော့ အများကြီးပါဘဲဘုရား။(အဲဒီအချိန်က ဆရာတော်ကြီးသာ ကြံ့ဖွတ်ပါတီက ဆွမ်းစားပင့်လို့ တရားပေးရင်းနဲ့ NLD မကောင်းကြောင်းလေးများ တရားထဲနည်းနည်းပါးပါးထည့်ပြောလိုက်မိရင် ခုဆို အခုဆရာတော်ကြွမယ့်မှော်ဘီက ခြံဝင်းကြီးထဲမှာ ရွှေကျောင်းကြီးတစ်ဆောင်များ လှူုဒါန်းကြမလားမသိနိုင်ဘူးဘုရာ့)

AUSTIN said...

ဆရာတော်သံဃာတော်တွေကိုမဟနနဲ့တိုက်လိုက်၊နိုင်ငံရေးအကျဉ်းသားတွေနဲ့ NLD ကိုကြံ့ဖွတ်စွမ်းအားရှင်ဆိုတဲ့ကောင်တွေနဲ့တိုက်လိုက်နဲ့ခင်ဗျားတို့
တွေဆူပူအုံကြွမှူတွေဖန်တီးနေတာလား..?ပြည်သူလူထုကတော့ခင်ဗျားတုအကွက်တွေသိနေပြီ..ပြည်သူတွေသည်းခံကြပါ..ကြံ့ဖွတ်ဆိုတဲ့ကောင်တွေကမစားရတဲ့အမဲသဲနဲ့ပတ်မဲ့ကောင်တွေ...အခုပဲကြည့်ဒီကောင်တွေစည်းရုံးရေးထွက်ရဲလား..?အမေစုစည်းရုံးရေးခရီးထွက်သလောက်ထောက်ခံမဲ့သူ မရှိမှာကိုကြောက်နေကြပြီ...

အမြင်သစ် said...

ရွှေည၀ါ ဆရာတော်ကို သူပိုင်ဆိုင်တဲ့ ကျောင်းကြီးကနေ ဖယ်ရှား ထွက်ခွာပေးရမယ်တဲ့။ ‘မဟန’ လို့ ခေါ်တဲ့ သံဃမဟာနာယကအဖွဲ့က အမိန့်ချမှတ်တာ။ အပြစ်က တရားဟောလို့တဲ့။ ဟောမိတာက မန္တလေးတိုင်း NLD ရုံးမှာ ...။ ဆွမ်းကျွေးပြီး တရားပေးတဲ့ သာဓုအနုမောဒနာ ပေးတာလို့ ဆရာတော်က ပြောတယ်။ တရားဟောခွင့် တနှစ် အပိတ်ခံထားရတဲ့ ရွှေည၀ါဆရာတော် ဆွမ်းကျွေးမှာ သာဓုအနုမောဒနာ တရားရေအေး တိုက်ကျွေးမိတာ အပြစ်လား။ထေရ၀ါဒဗုဒ္ဓဘာသာမှာ တောင်းပန်ရင် ကျေအေးခွင့်လွှတ်ရတယ်တဲ့။ ဒါကြောင့် ရွှေည၀ါ ဆရာတော်က အသနားခံ စာတင်ပြီး တကြိမ်တခါ မှားခဲ့ရင် ခွင့်လွှတ်စေချင်ကြောင်း တောင်းပန်စာ ရေးခဲ့တယ်။ ဒါပေမယ့် ‘မဟန’ က ခွင့်မလွှတ်ဘူးဆိုပဲ။
တလပြည့်ရင် သာဓုကျောင်းတိုက်က ထွက်ခွာပေးရမယ်။ ဖယ်ပေးရမယ်ဆိုတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တလပြည့်မယ်လေ။ တကယ်တော့ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ သာဓုကျောင်းတိုက်မှာ NLD က အခမ်းအနားတွေ လုပ်ခဲ့တာ၊ နိုင်ငံရေးအင်အားစုတွေ စုစည်းကြတာကို အပြစ်မြင်နေတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ခရိုင်သာသနာရေးအရာရှိက နိုင်ငံရေးသမားတွေရဲ့ အသုံးချခံ မဖြစ်စေနဲ့ဆိုပြီး လာလျှောက်ထားတယ် မဟုတ်လား။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆိုတာကလည်း နိုင်ငံရေးသမားတွေ မဟုတ်ဘူးလား။ အဲဒီလူတွေက တိုင်းပြည်ဘဏ္ဍာ မယူဘဲ စေတနာ့ဝန်ထမ်း လုပ်နေတဲ့ အဖွဲ့လား။ မင်းကိုနိုင်တို့အဖွဲ့ ၀န်းရံနေတာ၊ ဆွမ်းခံလိုက်ပြီး ဝေယျာဝစ္စ လုပ်ပေးနေတာတွေကို မရှုစိမ့်နိုင်လို့၊ NLD နဲ့ ပတ်သက်ပြီး အားပေးမှုတွေ လုပ်တယ်လို့ အထင်ရှိနေလို့ ရွှေည၀ါ ဆရာတော်ကြီးကို ပြဿနာရှာတာ။
“ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာတော်များကို ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံရတာတောင် ‘မဟန’ က ဘာဝင်ပြောဖူးလို့လဲ။ ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ လုပ်ပါဆိုတာလည်း မဟန ဆရာတော်တွေက မပြောခဲ့ဘူး။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်က ပြောခိုင်းခဲ့ပေမယ့် မကွေးဆရာတော် အပါအ၀င် မဟန ဆရာတော်တွေက ပြောဖို့ ငြင်းဆိုခဲ့တယ်လို့ အတွင်းသိတယောက်က ပြောဖူးတယ်။”
ဘာပဲဖြစ်ဖြစ် ရွှေည၀ါ ဆရာတော်ကြီးရဲ့ ပရိယတ္တိစာသင်သားတွေက အများကြီးနော်။ တထောင်ကျော်တယ်။ အဲဒီ စာသင်သားတွေအတွက် ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းတွေ လုပ်ပေးနေတာ။ အစဉ်အလာကောင်းတဲ့ ဆရာတော်ကြီးတပါးကို လုပ်ရက်တဲ့ တရားခံဟာ ဘယ်သူလဲ။ မဟန တော့ မဖြစ်နိုင်ဘူး။ မဟန ဆိုတာခုတုံးလုပ်အသုံးချခံရတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာတော်များကို ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံရတာတောင် ‘မဟန’ က ဘာဝင်ပြောဘူးလို့လဲ။ ဓမ္မစက်နဲ့ မရရင် အာဏာစက်နဲ့ လုပ်ပါဆိုတာလည်း မဟန ဆရာတော်တွေက မပြောခဲ့ဘူး။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်က ပြောခိုင်းခဲ့ပေမယ့် မကွေးဆရာတော် အပါအ၀င် မဟန ဆရာတော်တွေက ပြောဖို့ ငြင်းဆိုခဲ့တယ်လို့ အတွင်းသိတယောက်က ပြောဖူးတယ်။
အဲဒီတော့ ခုကိစ္စမှာလည်း မဟန မပါဘူးဆိုတာ သေချာတယ်။ ဘာပြုလဲဆိုတော့ မဟန ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က တံဆိပ်တုံးရိုက် လက်မှတ်ထိုးပြီး ရွှေည၀ါ ဆရာတော်ကို တရားဟောခွင့်ပိတ်တဲ့ တနှစ်ပြည့်နေ့မှာ တာချီလိတ် တရားပွဲ ဟောခွင့်ပြုခဲ့တယ်။ အဲဒါကို သာသနာရေးဋ္ဌာနက တရားမ၀င်ဘူးတဲ့။ ဥက္ကဋ္ဌ ဆရာတော် လက်မှတ် တံဆိပ်တုံးနဲ့ စာကို သာသနာရေးအရာရှိက တရားမ၀င်ဘူးလို့ ဘာကြောင့် ပြောရဲတာလဲ။ အဲဒါကိုပဲ စဉ်းစားကြ။ နောက် မကြာဘူး၊ ရွှေည၀ါ ဆရာတော်ကို တရားဟောခွင့် ထပ်ပိတ်လိုက်တယ်လို့ ပြောကြပြန်ရော။ ဗန်းမော် ဆရာတော်ကို ကျော်ပြီး အမိန့်ပေးတာ ဘယ်သူလဲ။ စဉ်းစားကြ။ အဲဒါ တရားခံပဲ။
နောက်ပြီး အရှင်ဂမ္ဘီရကို မနက်လင်းအားကြီး အချိန်မတော် လာခေါ်တာ ရိုးသားရဲ့လား။ စဉ်းစား၊ စဉ်းစား၊ နေစရာမရှိလို့ သူများကျောင်းမှာ သွားနေတာ အပြစ်ကြီးသတဲ့လား။ လုပ်ပေါက်တွေက မရိုးသားဘူး၊ ဥပဒေမဲ့လွန်းတယ်၊ ချိပ်ပိတ်မှ ချိပ်ဖွင့်ပြီး ပြန်နေခိုင်းတယ်။ ဘာသဘောလဲ စဉ်းစားကြ။
အခု ဒီမိုကရေစီဆိုတဲ့ စကားတွေ တွင်တွင်ပြောနေကြပြီ။ ကြားရတာ နားခါးလှတယ်။ ရွှေည၀ါ ဆရာတော်ကြီးကိစ္စ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီလို့လား။ ကန့်သတ်တာတွေ၊ ချုပ်ကိုင်တာတွေ၊ ထင်ရာလုပ်နေတာတွေက ဒီမိုကရေစီတဲ့လား၊ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ရွေးကောက်ပွဲကြောင့် အစိုးရဖြစ်လာတဲ့ လူတွေက ကျန်တဲ့ နိုင်ငံရေးသမားတွေကို စော်ကားနေတာ၊ ရှုတ်ချနေတာ၊ အပြစ်ပြောနေတာ ဘာကြောင့်လဲ။ စဉ်းစား၊ စဉ်းစား၊ တရားခံ ဘယ်သူလဲ။

chitphyolay said...

မတရားဘူးလုံးဝကိုမတားရားဘူး ဘုန်းကြီးတွေဆိုတာ မြတ်စွာ ဘုရားရှင်ရဲ့ သားတော်တွေပါပဲ မြတ်စွာဘုရားရှင်တော်တောင်မှ ကမ္ဘာလုံး အေးချမ်း ဖို့အတွက် တရားရေအေးတွေ တိုက်ကျွေး ပြီးလူသားတွေရဲ့ နှလုံးသားကို ငြိမ်းချမ်းစေတာလေ အခုလည်း ရွှေည၀ါ ဆရာတော်က တရားဟောပြီး သာဓု အနုမောဒနာပေးတာ အပြစ်တဲ့လားဗျာ ဒါဆိုရင် မြတ်စွာ ဘုရားရှင်ထားခဲ့တဲ့တရားတော်တွေကိုဘယ်သူတွေကဟောမှာလဲ (မဟန)

Ashin Vannasiri said...

အထက်ကဝေဖန်ရေးလေကန်ရေးလုပ်နေတဲ့ပုဂ္ဂိုလ်တွေ နှစ်ဘက်လုံးကိုသေသေချာချာလေ့လာပြီးမှဝေဖန်ရေး လေကန်ရေးလုပ်ရင်ကောင်းမည်ဟုထင်ပါသည်၊ ဘာကြောင့်လဲစိုတော့ အထက်ကတစ်ချို့ရေးသားချက်တွေမမှန်ပါ ၈၈ မျိုးဆက်သစ်ခေါင်းဆောင်များက ဦးပညာသီဟ ထောင်ကျခံရတယ်လို့ပြောပါတယ် အဲ့ဒါမမှန်ပါဘူး ဦးပညာသီဟ တစ်ခါမှထောင်မကျဘူးပါဘူး ၈၈ အရေးခင်းဖြစ်စဉ်ပြီးတဲ့နောက် အခုပုလဲကွန်ဒိုလို့ခေါ်တဲ့စပ်ရွှေသိုက်ခြံကြီးထဲမှာ ခေါ်ပြီးအစစ်ဆေးခံရဘူးပါတယ် အကျယ်ချုပ်အနေနဲ့ အာနာသိမ်းစစ်အစိုးရ(ဦးစောမောင်လက်ထက်)စစ်ဆေးမှုပြုခဲ့ဘူးတာဘဲရှိပါတယ်၊ရွှေည၀ါလို့အမည်ရတာသူ့ကြောင့်မဟုတ်ပါဘူး သေသေချာချာလေ့လာပါ၊ စုံစမ်းပါ ရမ်းပြီးမဝေဖန်ပါနဲ့ ည၀ါကိုသူကိုယ်တိုင်ချပေးနိုင်တာလားစိုတာကိုသေသေချာချာလေ့လာစုံစမ်းပြီးမှဝေဖန်ပါ အမှန်ကိုသိစေခြင်လို့ပါ။

hlwannyein said...

ကွန်မန့်ပေးတဲ့ပုဂ္ဂိုလ်တွေ သတ္တိရှိရှိနဲ့ မိမိအမြင်ကို ပွင့်လင်းစွာ ပြောဆိုရေးသားနိုင်ပါသည်။ သို့သော် သူတစ်ပါးနာမည်ကို အသုံးချ၍
ပြောဆိုရေးသားခြင်းမှာ မိမိ၏မရိုးသားမှု သူရဲဘောကြောင်မှုကို ပြသရာရောက်ပါသည်။ မှန်တယ်ဟု မိမိကိုယ်တိုင် ထင်မြင်ယူဆထားသော အမြင်အား ရိုးရိုးသားသား သတ္တိရှိရှိ ပြောဆိုရေးသားနိုင်ကြပါစေ။ လူတူ နာမည်တူ မရှားဟုဆိုသော်လည်း တိုက်ဆိုင်လွန်းစွာ တူညီနေပါက သူရဲဘောကြောင်သူ၏ မရိုးမသားလုပ်ရပ်ကြောင့်
အသုံးချခံပုဂ္ဂိုလ်မှာ ပြည်သူလူထု၏ တံတွေးခွက်ထဲသို့ မျောနိုင်ပါသည်။ ဆင်ခြင်ပါ သတ္တိရှိပါ ။

အမြင်သစ် said...

မြန်မာ့ နိုင်ငံရေးသမိုင်းတလျောက်၌ ဘုန်းတော်ကြီးများအနေနဲ့ မလွဲမရှောင်သာ ပါဝင်ခဲ့ရသော်လည်း ပြည်သူများ၏ ရပိုင်ခွင့် တရားမျှတမှုအတွက်သာ ပါဝင်ခဲ့သည်၊ တစ်စုံတစ်ရာ ရာထူးအာဏာ ရဖို့ရန်မဟုတ်၊ အာဏာရရင် ဘုန်းတော်ကြီးများအနေနဲ့ မည်သည့်ဝန်ကြီးရာထူးနေရာစသည်ကို ယူထားမည်ဟူ၍ အကြံအစည် မရှိခဲ့၊ နောက်ပြီး နိုင်ငံရေးဆောင်ရွက်ရာ၌ ရန်သူကို သတ်ကြ၊ ဖြတ်ကြ၊ တိုက်ကြ၊ ခိုက်ကြ ဟူသော ကြမ်းတမ်းသော စကားများမပြောဆိုသည်ကိုလည်း သတိပြုပါ၊ ဒါကြောင့် ဘုန်းတော်ကြီးများ၏ နိုင်ငံရေးဟူသည် “ အာဏာတလွဲသုံးကာ ပြည်သူများအပေါ် အနိုင်အထက်ပြုသော အစိုးရတို့ လက်ထက်၌သာလျင် ပြည်သူများ၏ တရားမျှတရေးအတွက် အစိုးရအနေဖြင့် မင်းကျင့်တရားနဲ့ အညီကျင့်ကြံရန် တိုက်တွန်း တောင်းဆိုသော အဆင့်မျှသာ ရှိသည်” ဟုမှတ်ပါ။
လက်နက်ကိုင်တို့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆောင်ရွက်ရာ၌ ဘုန်းတော်ကြီးများ ကြားဝင် ဖြန်ဖြေခြင်းသည် အင်မတန်ကောင်းသော လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် ဘုန်းတော်ကြီးများ အနေနဲ့ ငြိမ်းချမ်းရေးအတွက် ပြေလည်ရာ ပြေလည်ကြောင်းကိုသာ ပြောမည်ဖြစ်ပြီး တိုက်ကြ ခိုက်ကြ ဟူသော သဘောမျိုး လုံးဝ ပြောဆိုမည် မဟုတ်သောကြောင့် ဖြစ်သည်၊ မြတ်စွာဘုရားကိုယ်တိုင်ပင် စစ်ပွဲများရပ်တန့်ဖို့ ပါဝင်ခဲ့ရသလို အရှင်ဒိသာပါမောက္ခသည်လည်း တရုတ်နဲ့ ငြိမ်းချမ်းရေးအတွက် သမိုင်းတွင်လောက်အောင် စွမ်းဆောင်ခဲ့သည်ကို သတိပြုပါ

Powered by Blogger.