အားကစားကွင်း ခွင့်မပြုပေမဲ့ နယ်စုံ လူထု လာရောက် အားပေး

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် အန်အယ်လ်ဒီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေ ပြုလုပ်ရာမှာ သောကြာနေ့က ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဧရာဝတီတိုင်း ဖျာပုံမြို့ကို ရေလမ်းခရီးနဲ့ သွားရောက်ခဲ့ ပါတယ်။
ဖျာပုံမြို့စွန်က သဲကွင်းမှာ နယ်စုံက ဒေသခံတွေ စုရုံး ရောက်ရှိ နေစဉ်
ဖျာပုံမြို့စွန်က သဲကွင်းမှာ နယ်စုံက ဒေသခံတွေ စုရုံး ရောက်ရှိ နေစဉ်လမ်းတလျှောက် ကြိုဆို သူတွေ အမြောက် အများ ရှိခဲ့ပြီး မဲဆွယ်ရေး ခရီးစဉ်မှာ လုံခြုံရေး အတွက် လိုက်ပါ လာတဲ့ ကားတန်းကို မြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေး က မှတ်တမ်း ယူတာတွေ ရှိတယ်လို့ ဘိုကလေးမြို့နယ် အန်အယ်ဒီ အဖွဲ့ဝင် ဦးအောင်မြင့် က ဘီဘီစီကို ပြော ပါတယ်။ဟောပြောပွဲ လုပ်ဖို့ မူလက စီစဉ် ထားတဲ့ မြို့နယ် အားကစားကွင်း ကို အာကစား ဝန်ကြီး ဌာနက ခွင့်မပြုတဲ့ အတွက် မြို့စွန်က သဲကွင်းထဲမှာ ပြုလုပ်ခဲ့ ရပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက် ခဲ့တယ်လို့ ဖျာပုံ ဒေသခံ တွေက ပြောပါတယ်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက0x081ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် သွားရောက် ခဲ့တဲ့ လမ်းတလျှောက်မှာ လူတွေ သောင်းသောင်း ဖျဖျ ကြိုဆို ခဲ့ကြ ပါတယ်။
ဖျာပုံ လူထု စုဝေးပွဲမှာ သာမန် လူတွေသာ မက သံဃာတော် တွေလည်း လာရောက် စုရုံးကြ
ဖျာပုံ လူထု စုဝေးပွဲမှာ သာမန် လူတွေသာ မက သံဃာတော် တွေလည်း လာရောက် စုရုံးကြဒေါ်အောင်ဆန်း စုကြည်က ဖျာပုံမြို့ကို ရောက်ရောက်ချင်း အန်အယ်လ်ဒီ ရုံးကို သွားရောက်ပြီး သူ့ကို စောင့်ဆိုင်းနေကြတဲ့ ရပ်မိ ရပ်ဖတွေကို တွေ့ဆုံ နှုတ်ဆက် ပြီး ဖျာပုံမြို့နယ် ကနေ ဝင်ရောက် အရွေးခံမယ် ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေကို ထောက်ခံမဲ ပေးဖို့ တိုက်တွန်း ခဲ့တယ်လို့ အဲဒီမှာ ရှိနေခဲ့တဲ့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ဦးသိန်းဆွေ အပါ အဝင် အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ၄၈ ယောက် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကြေညာ ထားပါတယ်။လောလောဆယ် ဆက်သွယ်လို့ ရသလောက် လူ ၄၀ လောက်တော့ ခွင့်ပြုချက် ရထားပြီးပြီလို့ သိရကြောင်း အန်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မီတီ ခေါင်းဆောင် ဦးဉာဏ်ဝင်း က ပြောပါတယ်။အဲဒီထဲမှာ ဒေါ်အောင်ဆန်း စုကြည် တော့ မပါဝင်သေးပါဘူး။
ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ခွင့်ပြုချက် မကျသေး
ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ခွင့်ပြုချက် မကျသေးဒေါ်အောင်ဆန်း စုကြည် ယှဉ်ပြိုင်မယ့် ကော့မှူး မြို့နယ် ကနေ ဝင်ရောက် အရွေးခံမယ့် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်း စုကြည် ဟာ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် နိုင်ဖို့ အရည် အချင်းနဲ့ ပြည့်စုံခြင်း မရှိဘူး ဆိုပြီး ကန့်ကွက်ထား တဲ့ အတွက် တိုင်း ကော်မရှင် ရုံးရဲ့ အတည်ပြုချက်ကို စောင့်နေ ရတုန်း ဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။ဦးတင်ရီရဲ့ ကန့်ကွက်ချက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် တွေဟာ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အနေနဲ့ မဟုတ်ဘဲ ပါတီ အတွက် မဲဆွယ် တာသာ ဖြစ်တယ်လို့ လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဘီဘီစီ
အားကစားကွင်း ခွင့်မပြုပေမဲ့ နယ်စုံ လူထု လာရောက် အားပေး အားကစားကွင်း ခွင့်မပြုပေမဲ့ နယ်စုံ လူထု လာရောက် အားပေး Reviewed by သစ်ထူးလွင် on 05:55 Rating: 5

7 comments:

မြန်မာပြည်သား said...

ဒီမယ်မတင်ရီ.....နင်ဘာတွေကြောက်နေတာလည်...နိုင်ငံတိုတက်အောင်လုပ်တာနင်ကဘာမနာလိုဖြစ်နေတာလည်...မတင်၇ီနင်က..နိုင်ငံတိုတက်အောင်ဘာများလုပ်စောင်နေလို့  .ကန်လန်လိုက်တိုင်နေရတာလည်...နင်တိုလိုလူမျိုတွေကြောက်ငါတိုနိုင်ငံကအခုထိမတိုတက်နိုင်သေးတာ....

stylekglay said...

ဒီမယ် အခြောက်အကျင့် အခြောက်ညဏ်နဲ့ မတင်ရီ ကိုယ်လဲ မလုပ်နိုင်ဘဲနဲ့ သူများကောင်းရာကောင်းကျိုးလုပ်တာကို ဘာလို့ လိုက်ဖျက်ဆီးချင်နေရတာတုန်း မြန်မာနိုင်ငံသူ/သားတွေရဲ့ တံတွေး ထဲမှာ မျောချင်လို့လား

Violin Angle said...

ဦးတင်ရီရေ....နိုင်ငံတော်ကိုဘာတွေများလုပ်ပေးပြီးပြီလဲ ပြန်စဉ်းစားလိုက်ပါအုံး အမေ့လို နင်က နိုင်ငံရေးသိပ္ပံဘွဲ့ရထားဘူးလို့လား နိုင်ငံရေးအကြောင်းဘာများနားလည်လဲ ငါတို့လဲနားမလည်ပါဘူး ဒါပေမယ့် ဘယ်သူက အမှန်လဲဆိုတာငါတို့ပြည်သူတွေသိတယ်

အောင်တေဇ said...

မြန်မာနိုင်ငံလည်းတိုးတက်အောင်ရင်းစရာရှိရင်းရှင်းစရာရှိရင်း စလုပ်ရပါတော့မယ် တင်ရီရဲ့ လိပ်စာသိချင်ပါတယ် လူပုံစံသိချင်ပါတယ်

NLD Generation said...

တင်ရီသို့..

"ဦးတင်ရီက ဒေါ်အောင်ဆန်း စုကြည် ဟာ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင် နိုင်ဖို့ အရည် အချင်းနဲ့ ပြည့်စုံခြင်း မရှိဘူး ဆိုပြီး ကန့်ကွက်ထား" ဒီလိုပြောတဲ့ ကောင်က အရည်အချင်းဆိုတာ ဘာလဲ မင်းသိလား.. ဘာလဲ မင်းတို့လို ခိုးနည်း၊ ၀ှက်နည်း၊ ပြည်သူတွေဆီက ဂုတ်သွေးစုတ်ယူနည်း၊ မြန်မာပြည် သယံဇာတကို သူများကို ရောင်းစားနည်း၊ မြန်မာကျပ်ငွေနဲ့ ၅၀၀၀ - ၆၀၀၀ တန်တဲ့ ဖုန်းကို သိန်းချီပြီး ရောင်းစားနည်း၊ ပြည်သူလူထုကို ကြောက်အောင် ခြိမ်း ခြောက်နည်း၊ ပြည်သူတွေကို ငတ်ပြတ် ဒုက္ခရောက်အောင် လုပ်နည်း၊ မကောင်းသော နည်းမှန်သမျှ အမေစု မတတ်သေးလို့ အရည်အချင်းမရှိဘူးပြောတာလား (ဒီမှာ တင်ရီ ဒီစာကို မင်းဆိုတဲ့ အသုံးမကျတဲ့ ပြည်သူ့ချဉ်ဖတ် ဖတ်မိပါစေလို့ .. မင်းမှာ ရှိတဲ့ မင်းရဲ့ အရည်အချင်းတွေဆိုတာတွေလဲ ငါသိချင်တယ် ... သစ်ထူးလွင်က တင်လို့ရရင် တင်ပေးလိုက် မရရင် မေးလ်ပို့လိုက်ပေါ့... :):) ngeyoualaye91@gmail.com

tharzaw said...

Violin Angle said... ဦးတင်ရီရေ....နိုင်ငံတော်ကိုဘာတွေများလုပ်ပေးပြီးပြီလဲ ပြန်စဉ်းစားလိုက်ပါအုံး အမေ့လို နင်က နိုင်ငံရေးသိပ္ပံဘွဲ့ရထားဘူးလို့လား နိုင်ငံရေးအကြောင်းဘာများနားလည်လဲ ငါတို့လဲနားမလည်ပါဘူး ဒါပေမယ့် ဘယ်သူက အမှန်လဲဆိုတာငါတို့ပြည်သူတွေသိတယ်။

သေချာတယ်။ ဒီ"ငကြောင်ကွက်" နိုင်ငံတော်အတွက်
ဘာမှလုပ်မပေးသေးတာ။

Anonymous said...

တင်ရီဆိုတဲ့ငကြောင်ကဘယ်ကပေါ်လာတာတုံး.
ကိုယ့်ကြည်တော့၃ယောက်ပေါင်းတောင်၈တန်းမပြည်တဲ့
ကောင်က.ပြောရတယ်ရှိသေး.ကြံ့လပြွတ်ကဘယ်လောက်
ပေးလိုက်လဲမသိဘူး.ဖြစ်နိုင်တာတော့သန်းရွှေခိုင်းတာပဲဖြစ်မယ်.
ဓါတ်ပုံနဲ့လိပ်စာရှိရင်တင်ပေးကြပါဦး.FK ချင်လို့

Powered by Blogger.