မန္တလေးတိုင်းဒေသကြီးဟာ
အမျိုးသားဒီိမိုကရေစ်ီအဖွဲ့ချုပ်ပါတီ NLD အနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ
အခက်အခဲဆုံး၊ သတိအထားရဆုံးနဲ့ ယှဉ်ပြိုင်ရမယ့်နေရာဖြစ်တယ်လို့NLD ပါတီ
နာယကဦးဝင်းတင်က မန္တလေးမြို့ကို ခတ္တရောက်ရှိစဉ်ပြောပါတယ်။
ဧပြီ ၁ ရက်မှာပြုလုပ်မယ့်
ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့မဲဆန္ဒနယ် ၄၈
နေရာရှိပါတယ်။ အဲဒီအထဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၁၀ နေရာလစ်လပ်နေပြီး
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေနဲ့ လစ်လပ်နေရာနှိုင်းယှဉ်ရင်အများဆုံးဖြစ်ပါတယ်။
နေပြည်တော် ၄ နေရာနဲ့
အခြားမြို့နယ်တွေမှာ ၆ နေရာပါ။ နာယကဦးဝင်းတင်က ´´လစ်လပ်နေတဲ့ရှိသမျှဒေသတွေထဲကမှ
မန္တလေးတိုင်းဒေသကြီး အတွင်းက ဒေသတွေဟာ ယှဉ်ပြိုင်ဖို့ အခက်အခဲဆုံးဖြစ်လိမ့်မယ်လို့
ခန့်မှန်းတယ်။ နေရာတွေပြောပါဆိုရင် နေပြည်တော်နေရာတွေ ပြောရမှာပါ၊
အလွန်ခက်ခဲမယ့်နေရာတွေလည်းဖြစ်နိုင်ပါတယ်´´လို့ ပြောပါတယ်။
အလွန်ခက်ခဲမယ့်နေရာတွေလည်းဖြစ်နိုင်ပါတယ်´´လို့ ပြောပါတယ်။
နေပြည်တော်ဒေသက
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေထဲမှာ ဒေသခံနဲ့ အစိုးရ၀န်ထမ်းဆိုပြီး
အုပ်စုနှစ်စုခွဲနိုင်ပြီး ကိုယ်စားလှယ်လောင်းတွေအတွက် မဲရဖို့၊
စည်းရုံးနိုင်ဖို့အတွက်ဟာ ကြီးလေးတဲ့တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။
NLD ပါတီရဲ့ မဟာအောင်မြေမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအုန်းကြိုင်က´´ အခက်အခဲတွေ မည်မျှ
ရှိစေကာမူ (NLD ) ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ လူငယ်၊ အမျိုးသမီး၊
တိုင်းရင်းသားတွေပါဝင်တာမို့ လစ်လပ် ၄၈ နေရာစလုံး အနိုင်ရမယ်လို့
ယုံကြည်ကြောင်း´´လို့ ပြောပါတယ်။
NLD ပါတီနည်းတူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(USDP ) ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ
မန္တလေးတိုင်းဒေသကြီးအတွင်းက လစ်လပ် ၁၀
နေရာစလုံး ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးဝင်းမောင်ကပြောပါ တယ်။
နေရာစလုံး ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးဝင်းမောင်ကပြောပါ တယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း
လစ်လပ်မဲဆန္ဒနယ် ၁၀ နေရာနဲ့ ကိုယ်စားလှယ်လောင်းတွေကိုဖော်ပြလိုက်ပါတယ်။
စဉ် မဲဆန္ဒနယ် USDP NLD
၁။ ဇမ္ဗူသီရိ ဦးဝင်းဌေး ဒေါ်စန္ဒာမင်း
၂။ ပုဗ္ဗသီရိ ဦးသာဌေး ဦးဇေယျာသော်
၃။ ဒဏ္ခိသီရိ ဦးမောင်ရှိန်း ဦးနိုင်ငံလင်း
၎။ ဥတ္တသီရိ ဦးလှသိန်းဆွေ ဦးမင်းသူ
၅။ ကျောက်ပန်းတောင်း ဦးအောင်ဝင်းကြည် ဒေါက်တာဇော်မြင့်မောင်
၆။ နွားထိုးကြီး ဦးစိုးနိုင်ဝင်း ဦးပေါခင်
၇။ မဟာအောင်မြေ ဦးသန်းထွန်း ဦးအုန်းကြိုင်
၈။ တံတားဦး ဦးအောင်မွန် ဒေါ်ခင်သန္တာ
၉။ မိတ္ထီလာ ဦးလှမြင့် ဦးဝင်းထိန်
၁၀။ ပြင်ဦးလွင် ဦးခင်မောင်ဝင်း ဦးကျော်သီဟ
စဉ် မဲဆန္ဒနယ် USDP NLD
၁။ ဇမ္ဗူသီရိ ဦးဝင်းဌေး ဒေါ်စန္ဒာမင်း
၂။ ပုဗ္ဗသီရိ ဦးသာဌေး ဦးဇေယျာသော်
၃။ ဒဏ္ခိသီရိ ဦးမောင်ရှိန်း ဦးနိုင်ငံလင်း
၎။ ဥတ္တသီရိ ဦးလှသိန်းဆွေ ဦးမင်းသူ
၅။ ကျောက်ပန်းတောင်း ဦးအောင်ဝင်းကြည် ဒေါက်တာဇော်မြင့်မောင်
၆။ နွားထိုးကြီး ဦးစိုးနိုင်ဝင်း ဦးပေါခင်
၇။ မဟာအောင်မြေ ဦးသန်းထွန်း ဦးအုန်းကြိုင်
၈။ တံတားဦး ဦးအောင်မွန် ဒေါ်ခင်သန္တာ
၉။ မိတ္ထီလာ ဦးလှမြင့် ဦးဝင်းထိန်
၁၀။ ပြင်ဦးလွင် ဦးခင်မောင်ဝင်း ဦးကျော်သီဟ
စန်းယု( မော်ဒန်သတင်းဂျာနယ်)
မန္တလေးတိုင်းဒေသကြီးဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အကြိတ်အနယ်အရှိဆုံး နေရာတွေဖြစ်နိုင်ဟုဆို
Reviewed by သစ်ထူးလွင်
on
12:07
Rating:
No comments:
Post a Comment