ယနေ့ သုံးခွမြို့ ကို ပါတီစည်းရုံးရေးခရီးသွားရောက်ခဲ့စဉ်တွေ့ ရပုံ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI) လာမည့် မတ်လဆန်း ၃၊ ၄ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ စည်းရုံးရေး ခရီးစဉ် အဖြစ်လာရောက်သည့်အခါ ခမ်းနားစွာကြိုဆိုရန် အန်အယ်လ်ဒီပါတီ ထောက်ခံသူများနှင့် မန္တလေးမြို့ခံများ၊က စီစဉ်လျှက်ရှိကြသည်ဟု မန္တလေးမြိ့မှ သတင်းထောက် တဦးကပြောသည်။ ၎င်းက “ထားဝယ်ထက်သာအောင် ကြိုဖို့ပြင်ဆင်နေကြတယ်။ သင်္ကြန်ခါ မြို့မတေးဂီတအဖွဲ့က ငွေငန်းနဲ့ အလှပြယာဉ်ထွက်သလို အခုခွပ်ဒေါင်းရုပ် နဲ့ကြိုဖို့ပြင်နေကြတယ်။ ဟောပြောမယ့်နေရာကတော့ ၅၁ လမ်းနဲ့ ၅၂ လမ်းကြားက မြေကွက်လပ်မှာ ဖြစ်မယ်။ လူ ၇ သောင်းလောက်ဆန့်မယ်လို့ ခန့်မှန်းထားတယ်” ဟုပြောသည်။ မန္တလေးလူထုကဗိုလ်ချုပ်အောင်ဆန်းပုံ ပါသည့် တီရှပ်၊ အန်အလ်လ်ဒီအလံ၊ စသည်တို့ကို ၀ယ်ယူလျှက်ရှိရာ ရောင်းမလောက်အောင် ဖြစ်နေသည်ဟုလည်း မန္တလေးအန်အယ်လ်ဒီပါတီ တာဝန်ရှိသူများက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် မန္တလေး မြိ့ရောက်ရှိစဉ်အတွင်း ၄ ရက်နေ့၌ မဟာမြတ်မုနိဘုရားကြီး ဖူးမြှော်မည်ဖြစ်၍ ၅ ရက်နေ့တွင် တံတားဦး၊ မြင်းခြံ၊ နွားထိုးကြီးတို့သို့ ဆက်လက်ထွက်ခွာကာ ၎င်းနောက်တွင် မိတ္ထီလာ မြို့သို့ဆက်လက်သွားရောက်မည်ဟု သိရှိရသည်။ YPI
3 comments:
ပတ္တ္တမြားမှန်တော့ နွံမနစ်ဘူးနော် . . .ပြည်တန်မက ကမ္ဘာကျော်ပတ္တ္တမြား အမေစု ကုလသမ္မ္မက စကားလေးလို "များစွာဘဲ ၀မ်းသာမိပါတယ်" ခင်ဗျာ။
ပခုက္ကူ မြို့ က လာမဲ့လူတင် တစ်သောင်းလောက်ရှိမယ်လို့ မြို့ခံတွေကပြောတယ်ဗျ ။ အနီးအနားမြို့ကလူတွေကော မန္တလေးမြို့ခံတွေကော ဆိုရင် ကွင်းက ဆံ့မယ်တောင်မထင်ဘူး။
အမေရေ... ကျွန်တော်တို့ရဲ့မန္တလေးမှ အမေ့ကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်... အမေရေ.... လမ်းကြုံတုန်းကြည့်သွားပါဦး ကျွန်တော်တို့မန္တလေးမြို့က တိုင်းရင်းသာတွေ မြန်မာလူမျိုးတွေနေတဲ့မန္တလေးမြို့မဟုတ်တော့ဘူး။ တရုတ်တွေရဲ့သိမ်းပိုက်ခြင်းကိုခံထားရတဲ့ မန္တလေးမြို့ဖြစ်နေပြီအမေ... အမေကယ်တင်မှရမှာမို့ အမေကယ်တင်ပါလို့ပဲ ပြောပါရစေ... အမေရယ် ကျွန်တော်မန္တလေးသားတစ်ယောက်အနေနဲ့ အရမ်းပဲ ရင်နာရတယ်အမေ.... အရမ်းပဲ ဝမ်းနည်းရတယ်... အမေ ကျွန်တော်တို့မြို့ကို ကယ်တင်ပါ.... ကျွန်တော်တို့နိုင်ငံကို ကယ်တင်ပါလို့ပဲ ပြောပါရစေ.....
Post a Comment