ဒေါ်အောင်ဆန်းစုကြည်၏
ကျိုက်ထော်-ဒေးဒရဲ-ဖျာပုံ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ယခုလ ၁၇ရက်နေ့
နံနက် ခြောက်နာရီနှင့် ၇ နာရီကြားတွင် လမ်းမတော်မြို့နယ်၊ အမှတ်(၂)
လှည်းတန်းဆိပ်ကမ်းမှ ရှပ်ပြေးရေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း
သတင်းရရှိသည်။ 7Day News Journal
(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ တွင် ဧရာဝတီတိုင်း ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ်
အားကစားကွင်း (ဘောလုံးကွင်း) အား အသုံးပြုခွင့်မရရှိသဖြင့်၊
ဟောပြောပွဲမပျက်စေရန် မြို့ပြင်လယ်ကွင်းများထဲတွင် အခမ်းအနားကျင်းပရန်အတွက်
ပင်ပန်းဆင်းရဲစွာကြိုးစား နေကြရသော ဖျာပုံမြို့နယ် NLD အဖွဲ့ဝင်များနှင့်
ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံ အားပေးသူများ--
Bryan Adams (ဖေ့စ်ဘုတ်)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ သို့  စည်းရုံးရေးခရီးစဉ်သွားရောက်မည်
Reviewed by
သစ်ထူးလွင်
on
06:48
Rating:
5
3 comments:
ကြိုးစားထားညီအစ်ကိုတို့ရေ။ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ပေးဆပ်မှုတွေဟာ ဘယ်တော့မှတန်ဖိုးမဲ့ ဖြစ်မသွားဘူး။ အထိုက်တန်ဆုံး အောင်မြင်မှုတွေ ပြန်လည်ရရှိစေမှာ သေချာပါတယ်ခင်ဗျား။
ပြည်သူ့အတွက်အလုပ် လုပ်နေတဲ့အမေစု လျှောက်နေတဲ့လမ်းမှာသွားလမ်းသာလို့လာလမ်းဖြောင့်အောင်အမေသာခွင့်ပြုရင် ကျောခင်းပေးချင်တယ်...
ဘယ်လိုလဲ လွှတ်တော် အမတ်တွေရဲ့ ဒီမိုကရေစီဆို ကြားလိုက်ရရင် ဟိုကွင်းမသုံးရ ဒီကွင်းမသုံးရ ပိတ်ပင်လိုက်ကြတာ တားဆီးလို့မရတော့ဘူးလား ဒါမှမဟုတ် အမတ်တွေက အလိုတူအလိုပါ ပိတ်ပင်ခိုင်းနေတာလား (ထမီဝတ်တဲ့ အမျိုးသမီးကို တော်တော်ပဲ လူထုက အားပေးမှာကို မနာလိုရှိလိုက်ကြတာ အဲ့လိုလုပ်လေ လေ အဲ့လို ပိတ်ပင်လေလေ ပြည်သူလူထုက ဘယ်သူ့ဆီကို ရောက်လေလေဆိုတာ စဥ်းစားတတ်ရင်တော့ ကောင်းမယ်) ဗထူးကွင်းတုန်းကကျတော့ မန္တလေးမှာ အဲ့ကွင်း က အကောင်းဆုံးမလို့ပါ တဲ့ ပျက်စီးမှာစိုးရိမ်တဲ့ အကြောင်းပြချက်နဲ့ ခုကျတော့လဲ ပိတ်တဲ့လူက ပိတ်လိုက် နာမည်ကောင်း ယူပြီး ပြန်ဖွင့်ပေးပါတယ်လို့ ကြေငြာတဲ့လူက ကြေ ငြာလိုက်နဲ့ ဟောခုလဲ လာပြန်ပြီ ဖျာပုံမှာ ပိတ်ပြန်ပြီတဲ့ မကောင်းတဲ့ အကျင့်စာရိတ္တတွေ မပြင်ကြတော့ဘူးလား ပြည်သူတွေရဲ့ ပြည်သူ့ချဉ်ဖတ်ဖြစ်နေပြီဆိုတာရောသိကြရဲ့လား ။။
ထမီဝတ်တဲ့ အမျိုးသမီးကိုတောင် လူထုစီးရုံးဖို့ မယှဉ်ရဲပဲနဲ့ ကျန်တာဘာကိုများ ပိုင်ဆိုင်ချင်နေကြတာလဲ ။။။ အဲ့ဒိ ပိတ်ပင်တဲ့ ကောင်တွေ ဘယ်လိုပြောမှ အရှက်ရှိမယ့် ကောင်တွေလဲမသိဘူး။။ ပိတ်ပင်တဲ့ ကောင်တွေရဲ့ မျိုးဆက်တွေတော့ သွားပြီ ပြည်သူလူထုရဲ့ မေတ္တာစူးပြီလို့ မှတ်လိုက်တော့ ။။ ပိတ်ပင်သောလူအများ ယခုဘ၀မှာလဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာမနေရပါစေနဲ့၊ အပူများစွာတွေ့ပါစေ၊ နေ့ရော ညပါ စိုးရိမ်စိတ်တွေနဲ့ အတူ ရှိကြပါစေ... နောက်ဘ၀မကူးခင် ကိုယ်ချင်းစာစိတ်ရှိသွားအောင် သူတို့ကိုလဲ ပိတ်ပင်မယ့်သူနဲ့ တွေ့ပါစေ ... (ယခုရေးထားသောစာများကို ပိတ်ပင်သူများ ဖတ်မိကြပါစေ)
Post a Comment