လက်ပံဖြူပင်တစ်ပင်နှင့်လက်ပံဖြူပွင့်အားတွဲလျက်တွေ့ရစဉ်။
ရိုးရိုးလက်ပံမှာ ပွင့်ဆံအနက်ရောင်အနီရောင်ဖြစ်သော်လည်း
လက်ပံဖြူမှာပွင့်ဆံအဖြူရောင်ဖြစ်သည်။ ဓာတ်ပုံ - အောင်ရှင် |
သံသေသည်ယူဆထားသောလက်ပံဖြူပင်တစ်ပင်ကိုမကွေးတိုင်း ဒေသကြီး၊
ရေစကြိုမြို့နယ်၊
အောက်အိုရွာရှိတောတွင်းတစ်နေရာတွင် တွေ့ရှိရပြီး လေ့လာစမ်းသပ်မှုများအရ သံသေသည်ဟုယူဆရသည့်အဆိုပါလက်ပံဖြူပင်ကိုသိန်းပေါင်းများစွာဖြင့် အရောင်းအ၀ယ် ပြုလုပ်ရန်လူအများစိတ်ဝင်စားနေကြောင်းသိရသည်။
"ဒီလက်ပံဖြူပင် ၀ယ်ဖို့ စိတ်ဝင်စားတဲ့ သူတွေ ခဏခဏလာပြီး စမ်းသပ်ကြတယ်။
အဲဒီထဲက လက်ပံဖြူပင်တစ်ပင်ကို သံရိုက်ပြီး စမ်းသပ်တာ စမ်းသပ်တိုင်း
အောင်တယ်။ သံသေတယ်ပေါ့။ အဲဒါ အနီးအနားရွာတစ်ရွာက လူတစ်ဦးက
အဲဒီလက်ပံဖြူပင်ကို သိန်း ၅၀ ပေးပြီး
ဝယ်ထားတယ်"ဟု အောက်အိုကျေး
ရွာသားတစ်ဦးက ပြောသည်။ အဆိုပါ လက်ပံဖြူပင်မှာ အောက်အို ကျေးရွာမှ နှစ်မိုင်ခန့်ဝေးသော တောတွင်းတစ်နေရာတွင်ရှိပြီး၊ အပင်ပိုင်ရှင် ဖြစ်သူသည် ၀ယ်သူများ မကြာခဏ လာရောက်စမ်းသပ်ခဲ့သော်လည်း တစ်ခါမှ ဈေးမတည့်ခဲ့ရာမှ ပြီးခဲ့သည့်လအတွင်း လူတစ်ဦးမှ ပထမဆုံးအကြိမ်းသိန်းငါးဆယ်ပေး သည့်အတွက် ဈေးအတည် ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
"အပင်သက်တမ်းက နှစ် ၁၀၀ လောက်ရှိရောပေါ့။ ကျွန်တော်ပဲ ဒီတော ၀ိုင်းထဲရောက်တာ နှစ် ၄၀ လောက်ရှိ ပြီ။ ကျွန်တော့မိဘတွေလက်ထက် က တည်းက ဒီလက်ပံဖြူပင်ရှိခဲ့တာ။ အားလုံးလက်ပံဖြူပင် ခုနစ်ပင်ရှိတယ်။ သံရိုက်ပြီးစမ်းသပ်တော့ ဒီတစ်ပင်က အောင်တယ်"ဟု လက်ပံဖြူပင်ပိုင်ရှင်က ပြောသည်။
အတိအကျ မသိရသော်လည်း သံ သေလျှင်အစွမ်းထက်သည်ဟု လူအများ ယုံကြည်ကြသည့်အတွက် သိန်း ၅၀ ဖြင့် ၀ယ်ယူထား သူက ကျပ်သိန်းပေါင်းများ စွာဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျပ်သိန်း ၅၀ ဖြင့် အရောင်းအ၀ယ် တည့်ထားသည့် အဆိုပါလက်ပံဖြူပင်အား နေ့ညအစောင့်များချထားပြီး၊ ကျပ် သိန်းပေါင်း များစွာဖြင့် အရောင်းအ၀ယ် ဖြစ်ရန် ရန်ကုန်နှင့် မန္တလေးမှ လူတချို့ လာရောက် လေ့လာကြည့်ရှုပြီးဖြစ်ကြောင်းလည်း သိရသည်။
ဇန်န၀ါရီလ ၂၅ ရက်နေ့က အဆိုပါလက်ပံဖြူပင်အား သွားရောက်ကြည့်ရှုခဲ့ရာတွင် အပင်ခြေရင်းတွင် အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ပူဇော်ထားသည်ကို တွေ့ခဲ့ရသည်။
ကျပ်သိန်း ၅၀ ဖြင့် ၀ယ်ယူထားသူက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ၏ နာမည်အကြီးဆုံးသူဌေးကြီးတစ်ဦးထံ ဆက်သွယ် ကမ်းလှမ်း ထားကြောင်းလည်း သိရသည်။
"ဒီလက်ပံဖြူပင်က ကြာပြီ။ ဒီအတိုင်း ရှိနေတာ။ လူတွေကလည်းစိတ်ဝင်စား တော့ ခဏခဏလာကြည့်ကြတယ်။ လွန်ခဲ့တဲ့ ၁၄ နှစ် လောက်ကတည်းက လက်ပံဖြူပင် လိုက်ရှာတဲ့သူတွေ ဒီအပင် ကို တွေ့ခဲ့တာ။ လက်ပံဖြူဆိုတဲ့သဘော က အမြဲတမ်းအောင်တာ မဟုတ်ဘူး။ နတ်ကြီးတယ်။ အပင်ကို အမျိုးသမီးထိရင်မကြိုက်ဘူး။ 'သံသေတစ်ဆွေ ပြဒါး သေတစ်ပြည်ဝ' ဆိုတဲ့စကားပုံရှိတယ်။ ဘယ်လောက် အတိအကျအစွမ်းထက် တယ်ဆိုတာတော့ မသိရသေးဘူး"ဟု လက်ပံဖြူပင်စိတ်ဝင်စားသူ ကျေးရွာ သားတစ်ဦးက ပြောသည်။
မြန်မာ့ တိုင်းရင်းဆေးကျမ်းများတွင် လက်ပံဖြူပင်မှာ ရှားပါးအပင်တစ်မျိုးဖြစ် ပြီး လက်ပံဖြူအပွင့်၊ အခေါက်နှင့် အစေးတို့မှာ ဆေးဖက်ဝင်ပြီး အထူးသဖြင့် ဆီးရောဂါနှင့် အမျိုးသမီးများအဖြူဆင်း သည့် ရောဂါများပျောက်ကင်းနိုင်သည် ဟု နေပြည်တော်ရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
"လက်ပံဖြူပင်ဆိုတာ ဆေးဖက်ဝင်တယ်လို့ကြားဖူးတယ်။ စန္ဒကူးတို့၊ ကရမက်တို့လို ရှားပါးအပင်မျိုးပေါ့။ လက်ပံ ပင်တစ်သိန်းမှာ တစ်ပင်တွေ့ရခဲတယ်" ဟု သစ်တောဝန်ထမ်းတစ်ဦးကလည်း ပြောသည်။
အောင်ရှင်(မြန်မာ့တိုင်းမ်)
သံသေသည့် လက်ပံဖြူပင်အရောင်းအ၀ယ်လုပ်ရန် လူအများစိတ်ဝင်စား
Reviewed by သစ်ထူးလွင်
on
06:42
Rating:
14 comments:
ဆီးချိုပျောက်တယ်ဆိုရင် သိန်းတထောင်ပေးမယ်။
သံသေတယ် ၊ ပြဒါးသေတယ် ဆိုတာ ဘယ်လိုမျိုးလည်းမသိလို့ နားလည်သူများ ရှင်းပြပေးလို့ရမလား ခင်ဗျာ။ ကျေးဇူးပါ။
လက်ပံပင် အဖြူပွင့်တာ မျိုးဗီဇပြောင်းတာ၊ ရာသီဥတု၊ မြေဩဇာ ပြောင်းလို့ ရှိမှာ။ ဘာမှ အစွမ်းမရှိဂျပါဘူး။ ဆင်ခြင်ကြပါဗျာ။ အခြေအမြစ် သက်သေမပြနိုင် တဲ့ကျမ်းစာလိုလို တွေကို မယုံကြပါနဲ့။
လက်ပံပင် အဖြူပွင့်တာ မျိုးဗီဇပြောင်းတာ၊ ရာသီဥတု၊ မြေဩဇာ ပြောင်းလို့ ရှိမှာ။ ဘာမှ အစွမ်းမရှိဂျပါဘူး။ ဆင်ခြင်ကြပါဗျာ။ အခြေအမြစ် သက်သေမပြနိုင် တဲ့ကျမ်းစာလိုလို တွေကို မယုံကြပါနဲ့။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီလို ရှားပါးတဲ့ ထူးခြားတဲ့ အပင်မျိုးကို နိုင်ငံတော်ပိုင်အဖြစ်ပဲ စောင့်ရှောက် ထိန်းသိမ်း ထားသင့်ပါတယ်။ ခုတ်လှဲပြစ်လိုက်ရင် နှမြောစရာကြီးပါ ...
သိန်းတစ်သောင်းကွာ.. ။
နေအုံးဗျ...
ရှားပါအပင်မျိုးစိတ်ဆိုတော့ ထိန်းသိမ်းယုံတင်မက မျိုဆက်ပါ ပွားယူနိုင်မှ သင့်တော်မယ်ထင်တယ်
သိန်းတစ်သောင်း+ဦးသန်းရွှေ
ဒီလူဒီလောက်ဈေးခေါ်နေ ဦးသိန်းစိန်ကြိုက်လို့ကတော့ တစ်ပြားမှရမှာ မဟုတ်ဘူး။ သတိလေးထားအုံး။
ရှားပါအပင်ဆိုတော့ခုတ်လှဲပြစ်မယ်ဆိုနှမျှောစရာဗျာ မျိုးဆက်ပွားဖို့အရင်လုပ်သင့်တယ်..
ဟုတ်တယ် ။မျိုးပွားပြီးမှခုတ်လှဲသင့်တယ်။မျိုးအရင်ပွားကြပါအုံး။
not inpositbal
လက်ပံဖြူတွေဘာလဲတော့မသိပါ
မျိုးဗီဇ ဖေါက်ပြန်ပြီး သမင်ဖြူရောဂါ(အရေပြားရောဂါ)ရနေတဲ့ ဆင်များကတော့ပုံမှန်ဆင်များလို နေ့သစ်ဆွဲပြီးညမှာကိုယ့်ဝမ်းကိုယ်ကျောင်းစရာမလိုပါ...စောက်ဘုရင်ရူးသန်းရွှေလက်ထက်မှ ယနေ့ထိတိုင် ဆင်ဖြူတော်များအဖြစ် သာသာယာယာပဲ ကုသိုလ်ကောင်းနေပါသည်။ ထူးပေစွ...
သံသေတဆွေဝ ပြဒါးသေတပြည်ဝ ဆိုပါလား..ကြီးပွားတိုးတက်နေတဲ့ တိုင်းပြည်တိုင်း ဟာ ဒီလက်ပန်ဖြူပင်ကြောင့် မဟုတ်ဘူး လူစွမ်းလူစနဲ့ ကြိုးစားခဲ့ကြလို့ ပါ ငယ်ငယ်ကအဖိုးပြောတာမှတ်မိသေးတယ် ဥရောပနိုင်ငံတွေ သံသေအောင်လုပ်နိုင်ခဲ့ပြီးတဲ့ တို့ အာရှမှာလဲ ဂျပန် အိန္ဒိယ ကိုးရီးယား သံသေအောင်လုပ်နိုင်လာကြပြီတဲ့ သံသေတယ်ဆိုတာ သံကို လိုရာပုံသွင်းပုံဖော် လုပ်နိုင်တာကိုပြောတာ ဘယ်စက်ပစ္စည်းကိုပဲကြည့်ကြည့် သံကိုလိုရာပုံသွင်းပြီး သံကိုယ်ထည်တွေနဲ့ တည်ဆောက်ထားနိုင်တာ အဲဒါမှ သံကိုနိုင်တာ သံသေတယ်လို့ ခေါ်တာ ဒီအပင်ကြီးကသံသေတယ်ဟေ့ဆိုပြီး သံတွေအပင်ရှေ့မှာပုံထား စက်ရုံကြီးဖြစ်အောင်လုပ် စက်ပစ္စည်းတွေဖြစ်အောင်လုပ် ဆိုပြီးလုပ်ခိုင်းကြည့်ဘာမှဖြစ်လာမှာမဟုတ်ဘူး အယူအဆလွဲနေသူတွေကပြောလိမ့်မယ် သိဒ္ဓိဆယ်ပါးပြီးတယ်တို့  ဘာတို့ ညာတို့  အဲဒါတွေလောက်နဲ့  လုံးဝမနှိုင်းယှဉ်လောက်အောင် ဘုန်းတော်/ဥာဏ်တော်/ကံတော်/တန်ခိုးတော် အနန္တ တို့ နဲ့ ပြည့်စုံတော်မူတဲ့ ကျနော်တို့ ရဲ့ အတုမရှိကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ ဘုရားသော်မှ သက်တမ်းကုန်ရင် ပရိနိဗ္ဗာန်စံရသေးတာပဲ သာမန်လူသားတွေအတွက်ဒီလောက်လေး အစွမ်းထက်နိုင်မယ်ဆိုတာလေးက စဉ်းစားဥာဏ်နည်းသူတွေလောက်သာ စိတ်ဖြေမက်မောကြမှာပါ........ ဗုဒ္ဓ ဘုရားကဟောခဲ့တယ် အတ္တာဟိ အတ္တနော နာထော " မိမိ ကိုယ်သာ ကိုးကွယ်ရာ " တဲ့...( သံစိမ်းတူးဖော် သံစိမ်းအရည်ကြို သံရည်ပူကိုလိုရာပုံသွင်း သံထည်ပစ္စည်းတွေစိတ်ကြိုက်ထုတ်လုပ် သံထည်နဲ့  လိုအပ်တဲ့ အသုံးအဆောင် တွေတပ်ဆင်အသုံးပြု ဒီလိုမျိုး သံကိုလိုရာ နိုင်နင်းအောင် လုပ်နိုင် အသုံးပြုနိုင်မှ သံသေတယ်လို့ ခေါ်မှာပါ...ကျနော်တို့ တိုင်းပြည်ကြီးမတိုးတက်နိုင်သေးတာ ဒီလွဲမှားတဲ့ အယူအဆတွေ ဟိုးရှေးကတည်း လက်ဆင့်ကမ်းလာခဲ့ပြီး အခုချိန်ထိ သက်ကြားအိုတွေက လူငယ်တွေကိုလွဲမှားတဲ့ အယူအဆတွေ ရိုက်သွင်းနေတုံးမို့ ပါ ...အနာဂတ် ညီငယ် ညီမငယ်တို့  တိုးတက်နေတဲ့တိုင်းပြည်တွေတိုင်း ဥုံဖွဆိုပြီးဖြစ်လာခဲ့တာမဟုတ်ပါဘူး လူသားအရင်းအမြစ်ကနေ လူစွမ်းလူစတွေ ပေါင်းစပ်ကြိုးစားလုပ်ကိုင်ခဲ့ကြလို့ သာ ဒီနေ့ ဒီအချိန်လိုမျိုး ကြီးပွားတိုးတက်တဲ့နိုင်ငံတွေဖြစ်နေကြရတာပါ... သူတို့ နိုင်ငံရဲ့  အမျှော်အမြင်ကြီးပြီး ကြိုးစားလုပ်ကိုင်ခဲ့တဲ့ အဘိုးအဘွားတွေရဲ့ ကောင်းကျိုးမွေတွေကို အခုလက်ရှိ သူတို့ မြေးမြစ်တွေက ရရှိခံစားနေကြရတာပါ သူတို့ တွေကလဲ ရောင့်ရဲပြီးရပ်တန့် မနေပါဘူး ဆက်လက်ကြိုးစားလုပ်ကိုင်နေကြတုံးပါ ....သံသေတဆွေဝ ပြဒါးသေတပြည်ဝဆိုတဲ့ အယူအဆမှန်ကို နားလည်စေချင်ပါတယ် အနာဂတ်မျိုးဆက်သစ်တို့ ..)
Post a Comment