ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေး အထူး စဉ်းစားမည်

ဧပြီ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အာဆီယံမှ လေ့လာ စောင့်ကြည့်သူများကို ခွင့်ပြုရန် “အထူးအလေးပေး စဉ်းစား” မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
ဒေါက်တာ ဆူရင် ပစ်ဆူဝမ်အား သမ္မတ ဦးသိန်းစိန်က လက်ဆောင် ပေးအပ်နေစဉ် (ဓာတ်ပုံ - ASEANSEC)
နေပြည်တော်တွင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်နှင့် ယမန်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က “အာဆီယံနဲ့ အာဆီယံအတွင်းရေးမှူးဆီက စောင့်ကြည့်လေ့လာသူတွေ လက်ခံဖို့ ကျနော်တို့ အထူးအလေးပေး စဉ်းစားနေပါတယ်” ဟု ပြောဆိုကြောင် အာဆီယံ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဒေါက်တာ ဆူရင် ပစ်ဆူဝမ်သည် ယမန့်မှစတင်၍ ၄ ရက်ကြာ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများကို အာဏာပိုင်များက သန့်သတ်မှု များပြားသောကြောင့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲမည်ဟု ပြောဆိုခဲ့သည်။
သို့သော် ထိုသတင်းစာရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ခရီးစဉ် ဟောပြောပွဲအား လုံခြုံရေးအကြောင်းပြ ပိတ်ပင်ထားမှုကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ ရက်နေ့များတွင် ကချင်ပြည်နယ်သို့ သွားရောက်ပြီး မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာ၌ ဟောပြောပွဲ ကျင်းပရန် စီစဉ်ထားသည်။
၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလတွင် ဒေသတွင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများကို မြန်မာအာဏာပိုင်များက ဝင်ခွင့်မပြုခဲ့ပေ။ ရွေးချယ်ဖိတ်ကြားထားသော စာနယ်ဇင်းသမားများနှင့် သံတမန်တချို့ကို အာဏာပိုင်များက ၎င်းတို့ စီစဉ်သတ်မှတ်ထားသည့် မဲရုံများသို့ ခေါ်ဆောင်သွားပြီး ကော်မရှင်အဖွဲ့ဝင်များက မဲရေတွက်ပြခြင်းသာ ပြုလုပ်ခဲ့သည်။
ထိုရွေးကောက်ပွဲတွင်  နအဖစစ်အစိုးရ ၀န်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့သည်။
ရွေးကောက်ပွဲတွင် ကြိုတင်မဲများနှင့် မဲသမာမှုများရှိနေကြောင်း မြန်မာအာဏာပိုင်အပေါ် နိုင်ငံတကာက ဝေဖန်ခဲ့ကြပြီး ကြံ့ဖွံ့ပါတီအပေါ် တခြား နိုင်ငံရေးပါတီများက တိုင်တန်းမှုများ၊ တရားစွဲဆိုမှုများလည်း ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက ဧပြီ ကြားဖြတ်ရွေးကောက်ပွဲသို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ၀င်ရောက်ခွင့်ပြုရန် သမ္မတ ဦးသိန်းစိန်အား တိုက်တွန်း ပြောကြားခဲ့သော်လည်း ဦးသိန်းစိန်က တစုံတရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
ဧရာဝတီ
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေး အထူး စဉ်းစားမည် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေး အထူး စဉ်းစားမည် Reviewed by သစ်ထူးလွင် on 16:26 Rating: 5

9 comments:

twttaygn said...

ခွင့်ပြုသင့်ပါတယ်။

may said...

"ဧပြီ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အာဆီယံမှ လေ့လာ စောင့်ကြည့်သူများကို ခွင့်ပြုရန် “အထူးအလေးပေး စဉ်းစား” မည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။"

ဒီပို့စ်ကို ဖတ်ပြီး comment ရေးရမလား မရေးရဘူးလား စဥ်းစား လိုက်တာ အချိန်တော် တော်ကြာသွားတယ်။ ဘာလို့လဲဆိုတော့ သမ္မတကြီး က အထူးအလေးပေးစဥ်းစားနေတယ်ဆိုတော့ သမ္မတကြီး စဥ်းစားပြီးမှ ရေးရမလားလို့လဲ တွေးနေမိတယ်။
ပြောချင်တာက "သမ္မတကြီးရယ် ဒီအခြေအနေမှာ လွတ်လပ်ပြီးတရားမျှတမယ်ဆိုရင် အထူးတောင် စဥ်းစားနေစရာမလိုပါဘူးလို့... အားလုံးမည်သူမဆို စောင့်ကြည့်လို့ရပါတယ်ဆြိုပီး နိုင်ငံတကာကို ဖိတ်ခေါ်လို့ရတာပဲလို့... " ဟုတ် အဲ့ဒါလေးပါပဲ......

may said...

(သွားပြီး......... မရှိတော့ဘူးး.... မျှော်လင့်ချက်တွေပြောပါတယ်...)
သမ္မတကြီးကို အားကိုးနေတာ သမ္မတကြီးကတော့ လွတ်လပ်ပြီး တရားမျှတ မှာကို လိုလားမှာပဲဆြိုပီးတော့လေ ခုကျတော့ သမ္မတကြီးကပါ အထူးစဥ်းစားမယ်ဆိုတဲ့ အဆင့်မှာပဲ ရှိသေးတယ်နော် ... [၀မ်းသာရမှာလား :).... ၀မ်းနည်းရမှာလား:( ]

may said...

(သွားပြီး......... မရှိတော့ဘူးး.... မျှော်လင့်ချက်တွေပြောပါတယ်...)
သမ္မတကြီးကို အားကိုးနေတာ သမ္မတကြီးကတော့ လွတ်လပ်ပြီး တရားမျှတ မှာကို လိုလားမှာပဲဆြိုပီးတော့လေ ခုကျတော့ သမ္မတကြီးကပါ အထူးစဥ်းစားမယ်ဆိုတဲ့ အဆင့်မှာပဲ ရှိသေးတယ်နော် ... [၀မ်းသာရမှာလား :).... ၀မ်းနည်းရမှာလား:(သမ္မတကြီးရေလို့ပဲ မေးချင်ပါတော့တယ် ]

kotawmyo2982@ezweb.ne.jp said...

ဘဲခွင့်ပြုမှာလဲ. မဲခိုးတည့်ဖို့စီစ၌နေလားမှမသိတာ. ဒီလိုမှမလုပ်ရင်ပြည်သူတွေကြံ့ဖွတ်တွေကိုမဲပေးမှာမှမဟုတ်တာ. ဒါကြောင့်အစိုရကရွှေးထားတဲ့သူတွေနဲ့လိုနေတဲ့မဲဖြည့်ဖိုရန်နိုင်ငံတကါစောင့်ကြည့်သူတွေမြင်ကုန်မှာပေါ့. သိတာသိစေမမြင်စေနဲ့တဲ့လေ. အခုလည်းသိန်းစိန်နဲ့အားလုံးမဲခိုးပြီးနိုင်လာတာကိုသိပြေမဲ့မြင်မှမမြင်ကြတာ. အခုတော့သမ္မတကြီးခေါ်နေ

Myo Aung said...

သမတကြီးကိုကြည့်ရတာ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိတယ်။ ဒါကျွန်တော်တို့နိုင်ငံအတွက် ပြည်သူတွေတောင်းတနေတဲ့ နိုင်ငံခေါင်းဆောင်တဦးပါ။ ခွင့်ပြုလိုက်ပါ သမတကြီး။ လူတိုင်းက ဘာလုပ်လုပ်အကောင်းမပြောဘူးဆိုတဲ့အယူအဆတွေက အစွန်းရောက်နေတဲ့ အတိုက်အခံလူတစုရဲ့အမြင်၊ အစွန်းရောက်တဲ့ကောင်းဆောင်တစုရဲ့အယူအဆပါ။ ကျွန်တော်တို့တွေက သာမာန်ပြည်သူတွေဆိုတော့ ကောင်းတာလုပ်တဲ့လူ၊ ကောင်းတာလုပ်တဲ့အဖွဲ့ကို ထောက်ခံတယ်။

2010valentineday said...

ဘယ်လို ဖြစ်တာလဲ သမ္မတကြီးရယ်.... သမ္မတ ကြီးရဲ့ အထက်က တစ်ယောက်ယောက်ကများ ဒီလို လုပ်ဖို့ အမိန့်ပေးထားလို့လား။ သမ္မတကြီးရဲ့ ရင်ထဲက အတိုင်းဆိုရင်တော့ ဒီလိုကိစ္စကို ဒီလောက်ခက်ခဲနေမယ်လို့ မထင်ပါဘူး။ သမ္မတကြီးကို အားကိုးတကြီးနဲ့ယုံကြည်နေကြတဲ့ ပြည်သူလူထုအတွက်တရားမျှတတဲ့ဘက်မှာ ရပ်တည်ပေးစေလိုပါတယ်။

yin win said...

ကိုယ့်ဘက်က မှန်မှန် ကန်ကန်လုပ်ရင် ဘယ်သူလာကြည့်ကြည့် ကြောက်စရာမလိုဘူး..လာကြည့်မယ်ဆိုတာ အလေးပေးစဉ်းစားစရာ လည်းမလိုဘူး..ကိုယ့်ဘက်ကမှန်တယ်ထင်ရင် အစမ်းသတ်ခံနိုင်ရမှာပေါ့..ဒါကိုများ တွေဝေနေတာ..ဟင်းဟင်း..သိနေတယ်နော်..

သက်မောင် said...

ကိုယ်မှန်တာလုပ်ရင် ဘာစဉ်းစားစရာလိုလဲ...
သက်သေပြပေးလိုက်ပါ...
ပိုတောင် အထင်ကြီးသွားဦးမှာ...
ကိုယ်မှန်တယ်ဆိုတာ ကိုယ်သိရုံနဲ့မပြီးဘူး...
အများလက်ခံဦးမှလေ...
ကိုယ်က အမှန်လို့သိထားတာက အမှားဖြစ်နေရင် ဘယ်လိုလုပ်မလဲ...
နေရာတကာမှာ အမှန်တရားအတွက် သက်သေပြဖို့တော့ လိုပါတယ်...

Powered by Blogger.