၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်များ​ ဟင်္သာတတွင် မိန့်​ခွန်း​ပြော

၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်နဲ့​ အဖွဲ့​ဟာ ဟင်္သာတမြို့​ကို ဒီ​နေ့​ရောက်ရှိရာမှာ လမ်း​တ​လျှောက် လူရာ​ထောင်ချီ ကြိုဆိုကြပြီး​ မြို့​ခံ ဒီမိုက​ရေစီ လိုလား​သူ​တွေနဲ့​ ​ဆွေး​နွေး​ပွဲ တခုကို ပြုလုပ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပစဉ်
မွန်း​လွဲ ၁ နာရီက ဟင်္သာတမြို့​နယ် ဦး​အောင်မြတ်​ကျော် ပြည်လုံး​ချမ်း​သာ ခန်း​မမှာ မြို့​ခံလူထုနဲ့​ ​တွေ့​ဆုံရာ လူငါး​ထောင်​ကျော်ဆန့်​တဲ့​ ခန်း​မတခုလုံး​ ပြည့်​လျှံသွား​ရုံတင်မကဘဲ အပြင်မှာလည်း​ လူ​တွေ ​စောင့်​ဆိုင်း​ နား​ထောင်​နေကြတယ်လို့​ အခမ်း​အနား​ စီစဉ်သူ​တွေက ​ပြောပါတယ်။
ဒီပွဲမှာ ကိုမင်း​ကိုနိုင်က “ဒီလို ကျက်သ​ရေ မင်္ဂလာရှိတဲ့​ ခန်း​မကြီး​ထဲမှာ၊​ မီး​ရောင်စုံ​အောက်မှာ၊​ ဒီကင်မရာ မီး​ရောင်​တွေ တဖျပ်ဖျပ်​ရှေ့​မှာ မတ်တပ်ရပ်ပြီး​တော့​ ​ပြောနိုင်တယ်ဆိုတာ တကယ်လို့​ ကျ​နော်တို့​က အဖူး​အပွင့်​တွေဆိုရင် ကျ​နော်တို့​မှာ ပင်စည်ရှိပါတယ်။ ​ရေ​သောက်မြစ်​တွေ ရှိပါတယ်။ ဘယ်ပန်း​မှ အမြစ်မရှိဘဲ ပွင့်​လို့​မရပါဘူး​။ အဲဒီ​တော့​ ​နောက်ဆုံး​ ဂုဏ်ပြုခံ​နေရတဲ့​ ဘဝ။ ပန်း​တွေနဲ့​ ​ဝေ​နေတဲ့​ ဒီပုဂ္ဂိုလ်​တွေရဲ့​ တကယ့်​ အရင်း​အမြစ်ကို ကြည့်​လိုက်ရင် ပြည်သူလူထုပါ။ ပြည်သူလူထု မရှိဘဲနဲ့​ ဘယ်​အောင်ပွဲမှလည်း​ မရှိဘူး​။ ပြည်သူလူထု လက်မခံရင်လည်း​ ဘယ်အာဏာရှင်မှ ကြာကြာမခံဘူး​ဆိုတာ သမိုင်း​မှာ သက်​သေများ​စွာ ပြခဲ့​ပါပြီ” လို့​ ​ပြောပါတယ်။
ကိုမင်း​ကိုနိုင် မိန့်​ခွန်း​အပြီး​မှာ ကိုကိုကြီး​၊​ ကို​ဌေး​ကြွယ်တို့​လည်း​ မိန့်​ခွန်း​အသီး​သီး​ ​ပြောကြား​ခဲ့​ကြပါတယ်။
ကိုမင်း​ ကိုနိုင်၊​ ကိုကိုကြီး​နဲ့​ ကို​ဌေး​ကြွယ်တို့​ဟာ ၁၉၈၈ ခုနှစ်က ဒီမိုက​ရေစီ​တောင်း​ဆိုတဲ့​ သမိုင်း​ဝင် လူထုအုံကြွမှုကို အကြမ်း​ဖက် ဖြိုခွင်း​ခံရပြီး​နောက် နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ခံရပြီး​ ဒီနှစ်ဆန်း​ကမှ ပြန်လွတ်လာကြတာပါ။
ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ ခရီး​စဉ်ပြီး​ရင် ဒီခရီး​စဉ်ဟာ လူထုအများ​ဆုံး​ လာ​ရောက်အား​ပေး​တဲ့​ ခရီး​စဉ်ဖြစ်တယ်လို့​ မျက်မြင်​တွေနဲ့​ အကဲခတ်သူ​တွေက ​ပြောပါတယ်။
ဟင်္သာတကို အသွား​ လမ်း​တ​လျှောက် ကြိုဆိုပုံကို ယာဉ်တန်း​နဲ့​ လိုက်ပါလာသူ မျက်မြင်တဦး​က “ကျ​နော်က မြို့​က​နေ သွား​ကြိုတာ။ ဇလွန်မြို့​နယ်၊​ ဟင်္သာတမြို့​နယ်၊​ ကျုံ​ပျော်မြို့​နယ်က အန်အယ်လ်ဒီ လူငယ်​တွေ​ရော၊​ ဒီမိုက​ရေစီကို မြတ်နိုး​တဲ့​သူ​တွေ​ရော၊​ ၈၈ အ​ရေး​တော်ပုံမှာ အား​တက်သ​ရော ပါဝင်ခဲ့​တဲ့​ လူကြီး​တွေ၊​ လူငယ်​တွေ သွား​ကြိုတယ်။ ကား​အစီး​ရေ ၂၀ ​ကျော်​ပေါ့​။ ​လော​လောဆယ် ဗိုလ်မြတ်ထွန်း​လမ်း​ပေါ်မှာပါ” လို့​ ​ပြောပါတယ်။
၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ပရဟိတ​ဆောင်ရွက်တဲ့​ ဘုန်း​တော်ကြီး​၊​ လူပုဂ္ဂိုလ်​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ ခရီး​စဉ်မှာပါတဲ့​ အ​ကြောင်း​နဲ့​ ည​နေကျရင် သရက်မြို့​နဲ့​ ဇလွန်ဘက်​တွေကလည်း​ ဖိတ်ကြား​ထား​တယ်လို့​ သိရပါတယ်။ 
ဒီဗွီဘီ
၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်များ​ ဟင်္သာတတွင် မိန့်​ခွန်း​ပြော ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်များ​ ဟင်္သာတတွင် မိန့်​ခွန်း​ပြော Reviewed by သစ်ထူးလွင် on 17:07 Rating: 5

2 comments:

အမြင်သစ် said...

ကိုမင်းကိုနိုင်တို့ရေ ပရဟိတ ဆောင်ရွက်တဲ့ ဘုန်းတော်ကြီးတွေနဲ့ သွားတွေ့ တာတော့ တွေ့တာပေါ့ ။ တော်ကြာ..ဟင်္သာတက ဘုန်းတော်ကြီးတွေ မှော်ဘီ ကြွနေရအုံးမယ်နော။(စိုးရိမ်လို့ပါဗျာ)

su said...

ကြွရတော့ ဘာဖြစ်လဲကွ cosy ရ.

Powered by Blogger.