၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဟင်္သာတမြို့ကို
ဒီနေ့ရောက်ရှိရာမှာ လမ်းတလျှောက် လူရာထောင်ချီ ကြိုဆိုကြပြီး
မြို့ခံ ဒီမိုကရေစီ လိုလားသူတွေနဲ့ ဆွေးနွေးပွဲ တခုကို
ပြုလုပ်ပါတယ်။
မွန်းလွဲ ၁
နာရီက ဟင်္သာတမြို့နယ် ဦးအောင်မြတ်ကျော် ပြည်လုံးချမ်းသာ ခန်းမမှာ
မြို့ခံလူထုနဲ့ တွေ့ဆုံရာ လူငါးထောင်ကျော်ဆန့်တဲ့ ခန်းမတခုလုံး
ပြည့်လျှံသွားရုံတင်မကဘဲ အပြင်မှာလည်း လူတွေ စောင့်ဆိုင်း
နားထောင်နေကြတယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။
ဒီပွဲမှာ
ကိုမင်းကိုနိုင်က “ဒီလို ကျက်သရေ မင်္ဂလာရှိတဲ့ ခန်းမကြီးထဲမှာ၊
မီးရောင်စုံအောက်မှာ၊ ဒီကင်မရာ မီးရောင်တွေ တဖျပ်ဖျပ်ရှေ့မှာ
မတ်တပ်ရပ်ပြီးတော့ ပြောနိုင်တယ်ဆိုတာ တကယ်လို့ ကျနော်တို့က
အဖူးအပွင့်တွေဆိုရင် ကျနော်တို့မှာ ပင်စည်ရှိပါတယ်။ ရေသောက်မြစ်တွေ
ရှိပါတယ်။ ဘယ်ပန်းမှ အမြစ်မရှိဘဲ ပွင့်လို့မရပါဘူး။ အဲဒီတော့
နောက်ဆုံး ဂုဏ်ပြုခံနေရတဲ့ ဘဝ။ ပန်းတွေနဲ့ ဝေနေတဲ့
ဒီပုဂ္ဂိုလ်တွေရဲ့ တကယ့် အရင်းအမြစ်ကို ကြည့်လိုက်ရင် ပြည်သူလူထုပါ။
ပြည်သူလူထု မရှိဘဲနဲ့ ဘယ်အောင်ပွဲမှလည်း မရှိဘူး။ ပြည်သူလူထု
လက်မခံရင်လည်း ဘယ်အာဏာရှင်မှ ကြာကြာမခံဘူးဆိုတာ သမိုင်းမှာ
သက်သေများစွာ ပြခဲ့ပါပြီ” လို့ ပြောပါတယ်။
ကိုမင်းကိုနိုင် မိန့်ခွန်းအပြီးမှာ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့လည်း မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပါတယ်။
ကိုမင်း
ကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဌေးကြွယ်တို့ဟာ ၁၉၈၈ ခုနှစ်က
ဒီမိုကရေစီတောင်းဆိုတဲ့ သမိုင်းဝင် လူထုအုံကြွမှုကို အကြမ်းဖက်
ဖြိုခွင်းခံရပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီး
ဒီနှစ်ဆန်းကမှ ပြန်လွတ်လာကြတာပါ။
ဒေါ်
အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ပြီးရင် ဒီခရီးစဉ်ဟာ လူထုအများဆုံး
လာရောက်အားပေးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ မျက်မြင်တွေနဲ့ အကဲခတ်သူတွေက
ပြောပါတယ်။
ဟင်္သာတကို
အသွား လမ်းတလျှောက် ကြိုဆိုပုံကို ယာဉ်တန်းနဲ့ လိုက်ပါလာသူ
မျက်မြင်တဦးက “ကျနော်က မြို့ကနေ သွားကြိုတာ။ ဇလွန်မြို့နယ်၊
ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်က အန်အယ်လ်ဒီ လူငယ်တွေရော၊
ဒီမိုကရေစီကို မြတ်နိုးတဲ့သူတွေရော၊ ၈၈ အရေးတော်ပုံမှာ
အားတက်သရော ပါဝင်ခဲ့တဲ့ လူကြီးတွေ၊ လူငယ်တွေ သွားကြိုတယ်။
ကားအစီးရေ ၂၀ ကျော်ပေါ့။ လောလောဆယ် ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာပါ”
လို့ ပြောပါတယ်။
၈၈
မျိုးဆက်ကျောင်းသားတွေဟာ ပရဟိတဆောင်ရွက်တဲ့ ဘုန်းတော်ကြီး၊
လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ခရီးစဉ်မှာပါတဲ့ အကြောင်းနဲ့
ညနေကျရင် သရက်မြို့နဲ့ ဇလွန်ဘက်တွေကလည်း ဖိတ်ကြားထားတယ်လို့
သိရပါတယ်။
ဒီဗွီဘီ
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဟင်္သာတတွင် မိန့်ခွန်းပြော
Reviewed by သစ်ထူးလွင်
on
17:07
Rating:
2 comments:
ကိုမင်းကိုနိုင်တို့ရေ ပရဟိတ ဆောင်ရွက်တဲ့ ဘုန်းတော်ကြီးတွေနဲ့ သွားတွေ့ တာတော့ တွေ့တာပေါ့ ။ တော်ကြာ..ဟင်္သာတက ဘုန်းတော်ကြီးတွေ မှော်ဘီ ကြွနေရအုံးမယ်နော။(စိုးရိမ်လို့ပါဗျာ)
ကြွရတော့ ဘာဖြစ်လဲကွ cosy ရ.
Post a Comment