တရုတ်ဓါတ်ငွေပိုက်လိုင်းဖြတ်သွားရာ ပြင်ဦးလွင်မြို့ နယ်မှ ရွာသားများလျော်ကြေးမရသေး


ပြင်ဦးလွင်မြို့ နယ်အတွင်းဓါတ်ငွေ့ ပိုက်လိုင်းဖောက်လုပ်နေပုံ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊
ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကြီးကျေးရွာကို  တရုတ်တို့၏

ဓါတ်ငွေ့ထုတ်ယူသည့် ပိုက်လိုင်းဖြတ်သွား၊ထိုပိုက်လိ
ုင်းဖြတ်သွားရာ
လမ်းကြောင်းတစ်လျောက် ကျေးရွာသူ/သားများ၏ နေအိမ်များ၊

ယာမြေများ ပျက်စီးဆုံးရှုံးဖြစ်ပွားခဲ့၊
ထိုသို့ပျက်စီးဆုံးရှုံးခဲ့ခြင်း

အတွက် လျော်ကြေးငွေများ မရရှိသေးဟု
ကျေးရွာသူ/သားများက ပြောဆို၊

တရုတ်ကုမ္ပဏီ မှလျော်ကြေးအတွက်
သက်ဆိုင်ရာလူကြီးများနှင့်ညှိနှု
ိင်းပေးပြီဟုပြောသော်လည်း၊
နောင်ခမ်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး

ဦးနေ၀င်း နှင့် ပြင်ဦးလွင်မြို့နယ် မြေစာရင်းဦးစီးဌာနမှ
ဦးကျော်ဝေဦးတို့မှ ထိုကိစ္စနှင့်ပတ်သက် ရွာသူရွာသားများအား

အသိပေးအကြောင်းမှုတစုံတရာပြုလုပ်
ခဲ့ခြင်းမရှိခဲ့၊ ထို့ကြောင့်
ရွာသူ၊ရွာသားများမှာနစ်နာဆုံးရှု
ံးမှုများနှင့်အတူ အလုပ်လက်မဲ့ဖြစ်လျက်ရှိ၊
 အထက်ပါကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ တိုင်ကြားမှုများကို
ကျေးရွာသူ၊ကျေးရွာသားများက  ILO နှင့်ဆက်သွယ်ကူညီဆောင်ရွက်သူမျ
ားကွန်ယက်
(အထက်ဗမာပြည်) ကွန်ယက်တာဝန်ခံဖြစ်သူ  ဦးအေးသိန်း၏ထံအကူအညီ တောင်းခံပြီး

ဆက်လက်ဆောင်ရွက်နေကြောင်းကိုသိ
ရှိရသည်။
MNN
တရုတ်ဓါတ်ငွေပိုက်လိုင်းဖြတ်သွားရာ ပြင်ဦးလွင်မြို့ နယ်မှ ရွာသားများလျော်ကြေးမရသေး တရုတ်ဓါတ်ငွေပိုက်လိုင်းဖြတ်သွားရာ ပြင်ဦးလွင်မြို့ နယ်မှ ရွာသားများလျော်ကြေးမရသေး Reviewed by သစ်ထူးလွင် on 06:16 Rating: 5

3 comments:

Anonymous said...

အလုပ်လက်မဲ့ဦးေ၇ နည်းနေလို့ တိုးပွားအောင် လုပ်နေသလားဗျိုး

htoo aung said...

ဘာ့ကြောင့်များ ကိုယ့်လူမျိုးကိုနှိမ်ပြီး တိုင်းတပါးသားအတွက် မျက်နှာလိုမျက်နှာရ လုပ်နေကြတာလဲ ခင်ဗျားတို့ အိမ်တွေ ယာတွေထဲက ပျက်စီးမယ်ဆိုရင် ခင်ဗျားတို့ လက်ခံနိုင်ကြမလား၊ ခင်ဗျားတို့ ငယ်ငယ်တုံးက တော်လှန်ရေးရုပ်ရှင်ကားတွေကြည့်ဖူးကြမှာပါ အဲ့ဒီတုန်းကဆိုရင် ဂျပန်နဲ့ အင်္ဂလိပ်ကိုအားပေးကြမှာမဟုတ်ဘူး ကိုယ့်တော်လှန်ရေးတပ်သားတွေဘက်ကပဲအားပေးခဲ့ ကြမှာပေါ့ဗျာ။ ကဲခု တရုတ်နဲ့ မြန်မာပြည်သူ ခင်ဗျားတို့ နည်းနည်းလေးမှ မျိုးချစ်စိတ်ဓာတ်မထားနိုင်ကြတော့ဘူးလား.... မထားနိုင်ဘူးဆိုရင် ခင်ဗျားတို့ ငယ်ငယ်တုန်းက ဆဲဆိုပြော ခဲ့တဲ့ အင်္ဂလိပ်၊ဂျပန်နဲ့ အလိုတော်ရိ မြန်မာ သစ္စာဖောက်တွေကို ဆဲဆိုခဲ့သလို ခင်ဗျားတို့ကိုယ်တိုင် အရှက်မရှိဆဲခဲ့တာ ခင်ဗျားတိုပြန်ရရှိနေပြီ ဆိုတာ နားလည်သင့်တယ်...။

san san said...

တရုပ်ဘာလုပ်လုပ်ကြည့်နေတာလား။ဒါမြန်မာပြည်။တရုပ်ပြည်ဖြစ်တော့မယ်။တရုပ်ဘဲရှိတယ်။မြန်မာ မှတ်ပုံတင်နဲ့နေ နေကြတာ။ရမ်းပြောတာမှုတ်ဘူး တကယ်တရုပ်အစစ်တွေ မြန်မာမှတ်ပုံတင်ကို ပိုက်ဆံပေးပြီးလုပ်ထားကြတာ။

Powered by Blogger.