မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည်

မီးလောင်ပြင်သို့သွားသော မီးသတ်ယာဉ်များအား လမ်း ဖယ်မပေးဘဲ ပိတ်ဆို့ပြိုင်ဆိုင်မောင်းနှင်သော ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အရေးယူဖမ်းဆီးသွားတော့ မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးသတ်ဦးစီးဌာနမှ အရာရှိ တစ်ဦးက ''မီးသတ်ယာဉ်တွေ အနေနဲ့ မီးငြှိမ်းသတ်ဖို့ မီး လောင်ပြင်ကို သွားတဲ့အခါ လမ်းတစ်လျှောက် အရေးပေါ် ဥသြဆွဲပေမယ့် တချို့ယာဉ် တွေက လမ်းဖယ်မပေးဘဲ လမ်း ကို ပိတ်ဆို့မောင်းနှင်တာမျိုး၊ မီးသတ်ကားနဲ့ အပြိုင်မောင်းတာ မျိုးနဲ့ မီးလောင်ပြင်ကို အချိန် နောက်ကျပြီးမှရောက်အောင် နှောင့်ယှက်တဲ့သဘောနဲ့ မောင်း နေတာမျိုးတွေကို မကြာခဏ ဆိုသလို ကြုံတွေ့နေရတဲ့အ တွက် တိုင်းဒေသကြီးအစိုးရကို အရေးယူပေးဖို့ တင်ပြခဲ့တယ်။ ဒီလိုတင်ပြမှုအပေါ် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ယာဉ်ထိန်း ရုံးကို အခုလို အမိန့်ထုတ်ထား တယ်''ဟု ဆိုသည်။ထိုသို့သော ယာဉ်များအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များမှ မှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ မှတ်သား အရေးယူသွားမည်ဖြစ်ပြီး ၄င်းတို့ အား ယာဉ်စည်းကမ်းလမ်းစည်း ကမ်းဥပဒေ၊ မော်တော်ယာဉ် ဥပဒေတို့အပြင် ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် တရားစွဲဆို၍ ထိ ရောက်စွာအရေးယူသွားမည် ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် ထိုသို့မီးသတ် ကားများလမ်းဖယ်မပေးဘဲ ပိတ် ဆို့၍ အပြိုင်မောင်းနှင်သော ၁၇၆ အထူးယာဉ်လိုင်းမှ ခရီး သည်တင် ယာဉ်နှစ်စီးအား မီး သတ်ဦးစီးဌာနမှ တင်ပြတိုင်တန်း လာသည့်အတွက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ၄င်း က ပြောသည်။
ပေါ်ပြူလာဂျာနယ်
မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည် မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားများကိုလမ်းမဖယ်သော ယာဉ်များအား အရေးယူမည် Reviewed by သစ်ထူးလွင် on 12:06 Rating: 5

7 comments:

Anonymous said...

လူနာတင်ယာဉ်..မီးသတ်ယာဉ်...အသုဘကား နှင့် တခြား VIP အရေးတကြီး ယာဉ်များအား.. ယာဉ်မောင်းသူများအနေဖြင့် အတတ်နိုင်ဆုံး ဦးစားပေးရမည် ဖြစ်ပါသည်။ စည်းကမ်းလိုက်နာဘို့... ဘာဖြစ်လို့ ထိုယာဉ်များကို ဦးစားပေးသင့်သည်များကို ဦးစွာ နားလည်သဘောပေါက်စေဘို့ အသိပညာပေး ရမှာဖြစ်ပါတယ်...ဒုတိယ အဆင့်ကတော့ မလိုက်နာသည့် ယာဉ်မောင်းများအား ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်..
ဘာဖြစ်လို့ အရေးယူလိုက်သည်ကိုလဲ ပြည်သူပြည်သားများအား ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြခြင်းဖြင့်လဲ အသိပညာပေးရာ ရောက်ပါသည်...

Anonymous said...

To
MNN readers,
Almost in all the foreign country,the governments give priority to the civilians what they want in every section.In Myanmar,the local should be able to get the opportunity as much as they need.

Sofar Away Fromu said...

နည်းနည်းတော့ စဉ်းစားစရာတွေများတယ်
ရေမပါဘဲ လာတဲ့မီးသတ်ကားတွေ က
ပြန်အသံကောင်းဟစ်နေတယ်...
တကယ်တော့ ဥသြမဆွဲဘဲ
လာတာတွေလည်းရှိတယ်
ကိုယ်တိုင်ကိုမြင်လိုက်ရတယ်
မနေ့က လှိုင်သာယာမှာလောင်တုန်းက....

Anonymous said...

ယာဉ်စည်းကမ်းကိုလိုက်နာတက်ချင်ရင် ကားမောင်းလိုင်စင် ကို သေသေချာချာစိစစ် ဖြေဆိုခိုင်းရတယ်။ ဥရောပမှာ ဆိုရင် ယာဉ်စည်းကမ်းကို စာမေးပွဲစစ်တယ် အောင်မှ အမောင်းဖြေရတယ်။ ယာဉ်စည်းကမ်း ထဲမှာ အရေးပေါ်ယာဉ်များ လာပါက လွတ်ရာနေရာကို အမြန်ဘေးကပ် လမ်းဖယ်ပေးရပါတယ်။ မလုပ်ဆောင်ပါက အပြစ်ပေးအရေးယူမှုခံရပါတယ်။ ဒါတွေကို ယာဉ်စည်းကမ်း နှင့် အမောင်းသင်ကတည်းက အရေးတကြီး လိုက်နာရမယ့်အချက်ဖြစ် လေ့လာသင်ယူထားရတယ်။

Anonymous said...

ဖယ်မပေးတဲ့ကားတွေကမင်းတို့စစ်ဗိုလ်သားသမီးတွေ
ရဲ့ကားတွေပဲ.ဖိုးလပြည့်လိုကောင်မျိုးတွေပဲ

komyo said...

ကဲပါစကားတွေအများကြီးပြောမနေတော့ ပါဘူး ဒီက္စိကိုလဲ
အကောင်းဘက်ကမြင်ပါတယ် စီးကမ်းရှိဖို့ စနစ်ကျဖို့ ကိုတော့ 
သေချာလုပ်ပါဖြစ်သင့် တယ်လို့ တော့ မြင်ပါတယ်။

Bravo said...

လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားမှန်မှန်ကန်ကန်လုပ်။
မလုပ်သင့် မလုပ်ထိုက်တာကို ရဲရဲဝင့်ဝင့် အရေးယူ။
အဲဒါဆိုပြည်သူကြည်ညိုတဲ့ အစိုးရဖြစ်မှာ အမှန်ပဲ။

Powered by Blogger.