မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ

မြန်မာ့တပ်မတော်မှစမ်းသပ်ပျံသန်းနေသည့်မောင်းသူမဲ့ လေယာဉ်
နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ္စည်းများ စီမံထိန်းသိမ်းရေး သုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်နေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
နျူးကလီးယားဆိုင်ရာ သုတေသနသနလုပ်ငန်းများအနေဖြင့် ဓာတ် ရောင်ခြည်တိုင်းတာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နျူကလီးယား စက်ကိရိယာပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများ Non Destructive Testing  သုတေသနလုပ်ငန်းများ၊ အစားအစာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများအနေနဲ့ကတော့ နိုင်ငံတော် အကျိုးပြုလုပ်ငန်းတွေမှာ ဘက်စုံအသုံးပြုနိုင်မယ့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ တည်ဆောက်ပြီးတဲ့လေယာဉ်တွေကိုလည်း အလိုအလျောက် ပျံသန်းမှုစနစ်နဲ့ ထိန်းကျောင်းပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ထိန်းချုပ်မှုစနစ်တွေကိုလည်း သုတေသနပြုဆောင်ရွက် လျက်ရှိပါတယ်''ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများအဖြစ် ဇီဝနည်းပညာသုတေသန လုပ်ငန်းများ၊ နာနိုနည်းပညာ သုတေသနလုပ်ငန်းများ၊ Computer Numerical Control Machine သုတေသန လုပ်ငန်းများ၊ အင်ဂျင်ထုတ် လုပ်ရေး သုတေသနလုပ်ငန်းများ၊ ရေအားလျှပ်စစ် တာဘိုင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးနှင့် အသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုတေသနလုပ်ငန်းများ၊ ဒြပ်ပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မောင်းသူမဲ့လေယာဉ် သုတေသနလုပ်ငန်းများ၊ ကွန်ပျူတာဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ ကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများကို ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် သဘာဝပတ်ဝန်းကျင် ရှိ အန္တရာယ်ရှိနိုင်သော ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်စစ်ဆေးခြင်းစသည့် လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ခေတ်မီဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးနိုင်မည့် အမျိုးသားဓာတ်ခွဲခန်းကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖြည့်တင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
EMG
မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ Reviewed by သစ်ထူးလွင် on 17:01 Rating: 5

10 comments:

yenaung said...

ကောင်းပါတယ်။နိုင်ငံကိုကာကွယ်ဖိုဆိုတာ
လက်နက်အင်းအားတောင့်တင်းမှပါ။
ကျွန်တော်တို့မြန်မာတွေ အများကြီးကြိုးစားရအုံးမယ်။

ရာရာ said...

မြန်မာနိုင်ငံမှ စမ်းသတ်တီထွင်ထားသောမောင်းသူမဲ့လေယာဉ် မှာ စက္ကူဖြင့်ပြုလုပ်ထားပြီး ပေါက်ကွဲစေနိုင်သောဗျောက်အိုး လေးလုံးအထိတင်ဆောင်နိုင်ကြောင်း၊ အင်ဂျင်လုံးဝမပါရှိသဖြင့် မည်သည့်လောင်စာဆီမှအသုံးပြုရန်မလိုကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမှာ ဇီးရိုးပါဆင့်ဖြစ်ကြောင်း၊ လုံးဝ အသံတိတ်ဖြစ်ကြောင်း၊ ရေဒါထောက်လှမ်းမှုကိုလည်း လုံးဝရှောင်ကွင်းနိုင်ကြောင်း လေယာဉ်အားမပစ်လွှတ်မှီ လေယာဉ်၏ ဖင်ပိုင်းကို လေဖြင့်တစ်ချက်မျှမှုတ်ပေးရုံဖြင့်လုံလောက်ကြောင်း အသေးစိတ်အချက်အလက်များ သိရှိရပါသည်။

maungtar said...

မောင်းသူမဲ့ဆိုတာ လေတံခွန်လို ကြိုးနဲ့ ဆွဲရတာလား ဟင်

taung tha thar said...
This comment has been removed by the author.
ကဗာတာ said...

တန်ရာတန်ရာမပြောဘူး။အဲလိုမျိုးမတတ်ရင်ကာ သောက်ပြောတွေကြောင့်
သူများအထင်သေးတာ။အင်တာနက်လိုင်းကိုပဲမြန်အောင်လုပ်ပါအုံး။ပုဆိုးကဖင်ပေါက်...ပြောနေတာကဘိသိက်စကား..ထွီ..................

စိုးလွင်ဥိး said...

မင်းတို့ ကလည်းကွာပြောရပြီးရောမပြောပါနဲ့ မြန်မာဆိုတာရောက်လေရာနိုင်ငံတိုင်းမှာဦးနှောက်နဲ့ ပါတ်သက်ရင်နိမ့် ကျတယ်ဆိုတာတွေ့ ဘူးလို့ လား။မြန်မာတိုင်း၇ဲ့ ပင်ကိုယ်ဥာဏ်နိမ့် မကျပါဘူး။ဒီဥစ္စာကိုငါတော့ ယုံတယ်။

philosophermgmyathar said...

အထက်ပါ ကို ရာရာ ၏ ကွန့်မန့်မှတ်ချက်မှာ တိကျမှန်ကန်သောအဖြေဖြစ်
ကြောင်းမြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးက ထပ်လောင်းပြောကြားလိုက်
သည်ဟုသတင်းရရှိပါသည်..

wai htun said...

အော်...တို့မြန်မာနိုင်ငံက မောင်းသူမဲ့ လေယာဉ် စမ်းသပ်ပျံသန်းနေတာကို မြင်ဖူးချင်လိုက်တာ....အရင်က မောင်းသူမဲ့ နွားလှည်း စမ်းသပ်တာကို မြင်ဖူးတယ် တဖက်(အတိုင်)က သန်းရွှေ နဲ့ တဖက်(အလှည့်)က မောင်အေး။

sawkofan said...

အထက်က တချို.လူတွေကိုပြောချင်ပါတယ် မြန်မာဆိုတာ အညံကြီးထဲမပါပါဘူး အင်တာနတ်နည်းတယ်ဆိုတာလည်း တမင်သက်သက်လုပ်တာဆို ဘယ်နှယ်လုပ်မလဲ စစ်တပ်ကသုံးတဲ.အင်တာနတ်တို. ဆက်သွယ်လမ်းကြောင်း နှေးတာ ပြတ်တာ ဘယ်တုန်းကြားဖူးလဲ
ပြောရပြီးရောဆိုပြီး မပြောကြပါနဲ. စည်းလုံးရမယ့်အချိန်ရောက်နေပါပြီ

rain said...

ဘယ်နိုင်ငံသာဖြစ်ြဖစ် မီမီနိုင်ငံနဲ.လူမျီုးကိုချစ်ကြရလိမ်.မယ်..ကိုယ်နိုင်ငံနဲ.လူမျီုးကိုကိုယ်ကစပြီ အထင်သေးရင်ဘယ်သူကအထင်ကြီးမှာလဲ...at thailand koh samui island .we have a lot of myanmar people. we are all people is can speak english..very good all country say me .so this is our myanmar.hw have to save for our country toghter. all be happy.

Powered by Blogger.