မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ
မလွှတ်မချင်း အမေရိကန်ရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားမှာ မဟုတ်ဘူးလို့
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က
ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း
လူရွှင်တော် ကိုဇာဂနာ၊ NLDပါတီက ဒေါ်ခင်သန်းမြင့်နဲ့ NDFပါတီက
ကချင်လူ့အခွင့်အရေး ဆောင်ရွက်နေသူ ဒေါ်ဘောက်ဂျာတို့ဟာ ဖေဖော်ဝါရီ ၈ ရက်က
Mrs. Clinton နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့စဉ်
ခုလို ပြောလိုက်တယ်လို့ ကိုဇာဂနာက အာအက်ဖ်အေကို ပြောပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ် အကြွေးမချန်ပဲ
ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတွက် အမေရိကန်အနေနဲ့ ဘယ်လို ကြားဝင်
ဆောင်ရွက်နိုင်မလဲဆိုတဲ့ကိစ္စ၊ အမျိုးသမီး အခွင့်အရေးနဲ့ လွတ်လပ်စွာ
အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်
ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေကို အမေရိကန်အနေနဲ့ ဘယ်လိုအကူညီ ပေးနိုင်မလဲ
ဆိုတာကိုပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ကိုဇာဂနာတို့ သုံးဦးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton
အပြင် အာရှပိစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Kurt
Campbell၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner တို့နဲ့လည်း သီးခြားစီ တွေ့ဆုံ
ဆွေးနွေးခဲ့ပါတယ်။
RFA
RFA
ကျန်နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ရင် ပိတ်ဆို့မှု ရုပ်မှာမဟုတ်
Reviewed by သစ်ထူးလွင်
on
23:33
Rating:
1 comment:
ကိုသူရကြီး လေးစားတယ်ဗျာ အကို့လိုလူတွေ ကျနော်တို့နိုင်ငံမှာ အများကြီုးလိုတယ်လို့ကျနော်ထင်တယ် နိုင်ငံကောင်းဘို့ အနုပညာနည်းနဲ့ ထောက်ပြခဲ့တာကို အနာပေါ်တုတ်ကျသလို မခံစားနိုင်တဲ့ လူနည်းစုအာဏာရှင်တစ်စုကြောင့် ဒုက္ခတွေခံခဲ့ ရတာကိုစိတ်မကောင်းပါဘူး အားပေးတယ်ဗျာ
Post a Comment