လွတ်လပ်စွာစည်းရုံးမဲဆွယ်ခွင့်ကို ထိခိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

ဓါတ်ပုံ (The Voice)
လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်အား ကန့်သပ်ခြင်းသည် ညွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အနှောက်ယှက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၇ရက်နေ့ ဖျာပုံမြို့တွင် ပြောကြားလိုက်သည်။
“လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေမဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း အနှောက် အယှက်ဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဖျာပုံမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောရန်အတွက် ဖျာပုံမြို့အားကစားကွင်းတွင် ပြင်ဆင်ထားသော်လည်း သက်ဆိုင်ရာမှ တားမြစ် လိုက်သည့်အတွက် ဖျာပုံမြို့အဝင် လယ်တောထဲသို့ ပြောင်းရွှေ့စီစဉ်လိုက်ရကြောင်း NLD ဖျာပုံကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက ပြောကြားသည်။
အလားတူ မန္တလေးမြို့၌လည်း အားကစားကွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့်မရလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ယင်းအကြောင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရွေးကောက်ပွဲကော်မရှင်သို့ စာတင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးခရီးစဉ်၌လည်း ဟောပြောမည့်အားကစားကွင်းကို ဟောပြောခွင့်မပြုသည့်အတွက် ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲကော်မရှင်ကို အသိပေးလိုက်ခြင်းကြောင့်သာ ဟောပြောခွင့် ပြန်လည်ရရှိကြောင်း NLD လှည်းကူးကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ဥပဒေစိုးမိုးရေးကို ယုံကြည်တာနဲ့အလျောက် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်မတို့ကလုပ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုခဲ့သည်။
၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်က မလိုအပ်သည့် ကန့်သပ်ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးရန်နှင့် အထောက်အကူဖြစ်မည့် စည်းမျဉ်း စည်းကမ်းများကိုလည်း အကောင်အထည်ဖော်ပေးရမည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်စသည့် အခြေခံ လူ့အခွင့်အရေးများကို လေးစားလိုက်နာရမည် ဟု ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲတိုင်းအတွက် အရေးကြီးတာကတော့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ပါပဲ။ အဲဒီမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်တို့လည်း ပါပါတယ်။ ကျွန်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ပြီး ဒီအကြောင်းတွေကို ဆွေးနွေးခဲ့သေးတယ်”ဟု  Ojea Quintana က ဆိုသည်။
ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံ အနှံ့အပြားရှိ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဝိုင်းဝန်း ကူညီရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ဖူးသည်။
လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတရန် နိုင်ငံတကာကဖိအားပေးသည့်အပြင် အမေရိကန်နိုင်ငံနှင့် ဥရောပ နိုင်ငံများက ပိတ်ဆို့ထားမှုများဖြေလျှော့ရေးအတွက် ယင်းအချက်သည်လည်း အရေးပါကြောင်း ပြောကြားထားသည်။
Peace Press
လွတ်လပ်စွာစည်းရုံးမဲဆွယ်ခွင့်ကို ထိခိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ လွတ်လပ်စွာစည်းရုံးမဲဆွယ်ခွင့်ကို ထိခိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ Reviewed by သစ်ထူးလွင် on 06:09 Rating: 5

11 comments:

မြန်မာပြည်သား said...

ကြည်လုပ်ပါအုန်း..ဦးသူရရွှေမန်ရယ်.....အခုမှစိန်အောင်မင်ပြောသလို့ ဖြစ်နေမယ်နော်...အပြောကတော့ရွှေမန်ပဲ...အကကျမှချိုမိုင်မိုင်ချိုချို..စြေ်နေပီ....
ကိုမွှေးတဲ့မျောက်..ကိုမနိုင်ဘူးလား......အနှောက်အ၇ှက်လုပ်တဲ့သူတွေကို...ထိရောက်စွာအရေးယူပေးစေချင်ပါတယ်....သတိရှိရှိ..မှန်မှန်ကန်ကန်ရှင်ပြိုင်သင့်ပါတယ်....

Violin Angle said...

သြော် လူတွေများ ဘယ်လောက်ပိတ်ပိတ် ပြည်သူတွေရဲ့ ဆန္ဒကို ပိတ်လို့ရမတဲ့လား နင်တို့တွေ ဘာတွေပဲလုပ်လုပ် ပြည်သူတွေအကုန်သိတယ် အရင်ကလိုမဟုတ်တော့ဘူးကွယ်

ladyjune said...

ဦးရွှေမန်းရယ်..လွှတ်တော်ကနေပဲ ထိုင်ပြီးပြောမနေပါနဲ့အုံး.ကွင်းဆင်းပြီး ခင်များရဲ့ သူတွေ ပြောတဲ့အတိုင်းလုပ်ရဲ့လားလို့လဲ စစ်ဆေးကြည့်ပါအုံး.အဲဒါမှမအားရင်လဲ..connection အင်မတန်ကောင်းတဲ့ u တို့ရဲ့နေပြည်တော်မှာ.website လေးဘာလေးကြည့်ပေါ.ဟွန်း.အပြောကတော့ ရွှေမန်းပဲနော်.

အောင်တေဇ said...

အားလုံးက လူအများရှေ့မှာ လူစကားပြောပြီး နောက်ကွယ်ကတော့ မြေခွေးလိုယုတ်မာနေတာ ဘောင်းဘီချုတ်အားလုံးပဲ

tharzaw said...

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်စေရန်အတွက်
မန်မာနိုင်ငံ အနှံ့အပြားရှိ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဝိုင်းဝန်း ကူညီရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ဖူးသည်။
သြော် .... ပြောခဲ့ဖူးသလားဟင်?

Toe Gyi said...

အန်တီစု လွှတ်တော်ထဲ ရောက် လာမှာကို သိပ့်ကြောက် နေလား ကြောက်မယ်ဆိုလည်း ကြောက်လောက် ပါတယ်။ ရောက်လေရာ ဒေသတိုင်းရဲ့ ပြည်သူတွေရဲ့ ထောက်ခံ အားပေးမှုကလည်း ကြောက်စရာ ကောင်းလှတာပါကလား။

Anonymous said...

အခြေခံ အခွင့်ရေးတွေကိုတောင် လိုက်နှောက်ယှက်နေမှတော့ တကယ့်အခွင့်ရေးတွေ ကို ဒီထက် ပိုဆိုးအောင် လုပ်မှာသေချာပါတယ်။ အော် တကယ့် အာဂ လူမိုက်တွေပါလား။

Anonymous said...

အခြေခံ အခွင့်ရေးတွေကိုတောင် နှောက်ယှက်နေရင် အာဏာရှင်ဒီမိုကရေစီ ဘဲ့ဖြစ်နေအုံးမယ်။ တိုင်းပြည်ကို ချစ်တယ် ချစ်တယ် ပြောပြောပြီး တိုင်းပြည်ကို နစ်နေကြတယ်။ အဓိက စိတ်ဓါတ်တွေ အကျင့်စရိုက်တွေ ပြင်လိုက်ရင် အခု မြေကြီးက ရွှေပဒေသာပင် ပေါက်လာမယ်ဆိုတာ မြေကြီးလက်ခက်မလွှဲ ဘူး။ အသိတရားတွေ မခေါင်ပါနဲ့တော့။ ဝလုံးပေါက်မှာ လမသာပါနဲ့တော့။ ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးလေးဖြစ်နေပြီး။

Unknown said...

One a soldier, always a soldier...
We shouldn't trust all what they promised..
They are still under the shadow of former leader..
Please think more than twice before you try about politic...
Actually, they don't want to make any changes but they haven't choice anymore ...
Aunty Su also know very well because she was a genius leader and please don't forgot she have got Ph.D from political science.

lulusgndp@gmail.com said...

အဟွတ်ငါမှာသာကာလကိုပြုပြင်ပြောင်းလဲနိုင်တဲ့စွမ်းအားရှိယင်သူ့ကိုအနိုင်ပေးလိုက်တယ်
မျက်စိရှုပ်လွန်းလို့။

lulusgndp@gmail.com said...

အဟွတ်ငါမှာသာကာလကိုပြုပြင်ပြောင်းလဲနိုင်တဲ့စွမ်းအားရှိယင်သူ့ကိုအနိုင်ပေးလိုက်တယ်
မျက်စိရှုပ်လွန်းလို့။

Powered by Blogger.