ဂျာနယ်လောကတွင်တစ်ဖက်သတ်ရေးသားမှုများ ပျောက်ကွယ် သွားရေး မေးခွန်းကို ပြည်ခိုင်ဖြိုးပါတီမှကိုယ်စားလှယ်မေးမြန်း
ဂျာနယ်လောကတွင် တစ်ဖက်သတ်လိုက်၍ ရေးသားသော အရေးအသားများ
ပြည်သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားရေး မေးခွန်းကို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးတင်မောင်ဦးက မေးမြန်းခဲ့သည်။
ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် “နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်ဘက်လိုက်၍ အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်သွားရေး၊ ပြည်သူ့လိုအင်ဆန္ဒ အမှန်အမှားကို သမာသမတ်ကျကျ၊ သိက္ခာရှိရှိ မျှတစွာ ရေးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များ ထွက်ပေါ်လာရေး၊ ၀ါသနာအရင်းခံပြီး ၀င်ရောက်လုပ်ကိုင်သောယုံကြည်ချက်၊ ခံယူချက်ရှိသည့်သူများ စိတ်အေးချမ်းသာစွာ သင့်တင့်သော အရင်းအနှီးဖြင့် ဂျာနယ်များ ထုတ်ဝေရပ်တည် နိုင်ရေးအတွက် စည်းကမ်းမဲ့ငွေရှာ၊ စီးပွားရှာသူများ လျော့နည်းပပျောက်လာရေးနဲ့ ဂျာနယ်လောကမှ လူငယ် သတင်းထောက်များ ယခုထက်ပိုမို အရည်အသွေးမြင့်မားလာရေး တို့အတွက် မည်သို့အကာအကွယ်ပေး ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက “မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်လိုက်၍ ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်သွားရေး အတွက် ယခုနိုင်ငံတော် အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန် မှစ၍ ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိသော၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားရှိ သောစာပေနှင့် စာနယ်ဇင်းသမားများ ဖြစ်လာစေရန် တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ဆောင်ရွက်ကြရန် စာပေစိစစ်ရေးမူများ သတ်မှတ်၍ စစ်ဆေး ကြပ်မတ်လျက်ရှိကြောင်း၊ အနာဂတ် တွင် ပုံနှိပ်ဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် Press Council ကဲ့သို့ အဖွဲ့အစည်းမျိုးဖြင့် ဆက်လက်ထိန်း ကျောင်းသွားမည် ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးသည် ဗိုလ်မှူးကြီး အငြိမ်းစားဖြစ်ကာ ခလရ(၁၄)၊ ခလရ(၂၇)၊ ရကတ၊ ခလရ(၉၉)၊ ခမရ(၄၃၅)၊ ရကတ၊ ခလရ(၂၉)၊ ခလရ(၈၄)၊ နပခနှင့် တမခ(၅)တို့ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းမေးမြန်းချက်နှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေးများတွင် သတင်းယူနေသည့် ဂျာနယ်လစ်အ ချို့က လွှတ်တော်အတွင်း နိုင်ငံအတွက် အရေးကြီးသည့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများကို ပြည်သူအကျိုးရှိမည့် ဥပဒေများဖြစ်လာစေရန် ဆွေးနွေးကြရမည့်အချိန်တွင် ယခုကဲ့သို့ မေးမြန်းခဲ့မှုအပေါ် ဝေဖန်ခဲ့ကြကြောင်း သိရသည်။
“အခုထက်ထိ censorshipက ရှိနေသေးတယ်။ ပုဂ္ဂလိက သတင်းစာဆိုတာလည်း ခုထက်ထိမရှိသေး ဘူး။ Electronic Media ကိုလည်း အစိုးရနဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကပဲ လုပ်ကိုင်ခွင့် ရထားတယ်။ ကျွန်တော်တို့လွတ်လပ် စွာလုပ်ပိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်ကလည်း ကောင်းကောင်းမရသေးဘူး။ နိုင်ငံတကာစံနှုန်းနဲ့ဆို တခြားစီပဲ။ ဒီအခြေအနေမျိုးမှာ သတင်းမီဒီယာ ကို ချုပ်ကိုင်တဲ့ ဥပဒေမျိုး လွှတ်တော် က ဇွတ်အတင်း ပြဌာန်းမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက် သွားမယ်။ ဒီဥပဒေနဲ့ ပတ်သက်တဲ့ Eleven Media Group ရဲ့သဘောထား ကြေညာချက်ကို မကြာခင် ကျွန်တော်တို့ ထုတ်ပြန်သွားမယ်။ စတုတ္ထ မဏ္ဍိုင်စစ်စစ် ဖြစ်ပေါ်ရေးကို လိုလားတဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်ထွန်းရေးကို လိုလားတဲ့သူအားလုံး ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
EMG

Reviewed by သစ်ထူးလွင်
on
19:47
Rating:

5 comments:
ကိုတင်မောင်အူး...တော် ဘာတွေ လျှောက်မေးနေတာလဲ..သူများ မြှောက်ပေးတိုင်း ပေါကြောင်ကြောင် လျှောက်လုပ်မနေနဲ့..
ဟုတ်ပါတယ်ဗျာ....အမတ်မင်းဦးတင်မောင်ဦး ပြောတာ သိပ်မှန်တာပဲ..။ အဲ...တစ်ခုတော့ရှိတယ်ဗျ။ ကျွန်တော်သတိထားမိသလောက်ဆိုရင် မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီ၊ ရတနာပုံ စတဲ့သတင်းစာတွေမှာ အစိုးရရဲ့ အားနည်းချက်တွေကို ထောက်ပြတာတွေ၊ ဝေဖန်တာတွေ မတွေ့မိပါဘူးဗျာ။ ပြီးခဲ့တဲ့ တပ်မတော်အစိုးရ တို့၊ လက်ရှိဒီမိုကရေစီအစိုးရတို့မှာ တကယ်ပဲ ထောက်ပြစရာ အားနည်းချက်တို့ အမှားအယွင်းတို့ မရှိရော့လေသလားပဲ။ တကယ်လို့သာ ထောက်ပြဝေဖန်စရာ အားနည်းချက်တို့ အမှားအယွင်းတို့ ရှိခဲ့ ရင် အထက်မှာ ဖော်ပြခဲ့တဲ့ သတင်းစာတွေက ဘာဖြစ်လို့များထောက်မပြကြတာပါလိမ့်။ လွတ်တော်အမတ်မင်း ဦးတင်မောင်ဦး ပြောသလို တစ်ဘက်သက် ဘက်လိုက်များ ရေးကြလေသလား။ အဲ...အခုမှ သတိရတယ်ဗျာ...။ အမတ်မင်း စကားထဲမှာ တစ်ခုပဲပြောဖို့ကျန်ခဲ့တယ်။ ဘာလဲဆိုတော့ အထက်က ဖော်ပြခဲ့တဲ့ သတင်းစာတွေကို နာမည်ထည့် မပြောတာပဲ..။ အမတ်မင်း ဦးတင်မောင်ဦး ခင်များ..။ နောင်တစ်ခါ ပြောခွင့်ကြုံရင် သတင်းစာ နာမည်လေးတွေပါ ထည့်ပြီး မေးမြန်းပေးပါဗျာ..။
လွှတ်တော်အမတ်မင်း ဦးတင်မောင်ဦး ပြောတာ သိပ်မှန်ပါတယ်ခင်ဗျာ။ သတင်းစာ၊ ဂျာနယ်တွေလောကမှာ တစ်ဘက်သက် လိုက်ရေးတဲ့ အရေးအသားတွေ ပျောက်ကွယ်သင့်လှပါတယ်။ အဲ...တစ်ခုတော့ ရှိတယ်ဗျ။ ကျနော်သတိထားမိသလောက်ဆိုရင်လေ အခု မြန်မာနိုင်ငံမှာထုတ်ဝေနေတဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီ၊ ရတနာပုံ စတဲ့ သတင်းစာတွေမှာ ဟိုအရင် တပ်မတော်အစိုးရ နှင့် ယခုလက်ရှိ ဒီမိုကရေစီ အစိုးရတို့ကို ထောက်ပြဝေဖန်တာ၊ အမှားအယွင်းကို ပြောတာဆိုတာ တစ်ခါမှ မတွေ့မိဘူးပါ။ အစိုးရက တကယ်ပဲ အမှားအယွင်း မရှိတာပဲလား...၊ အမှားအယွင်းရှိရဲ့သားနဲ့ တမင် အစိုးရဘက်ကနေပြီး ဘက်လိုက်ရေးတာလားတော့ အမတ်မင်း ဦးတင်မောင်ဦးတော့ပဲ ပိုသိမှာပေါ့။ အခုလို လွှတ်တော်ထဲမှာ မေးမြန်းတာကို ကျေးဇူးတင်လှပါပြီ။ ဟဲ..ဟဲ...တစ်ခုတော့ အမတ်မင်း လို သွားတယ်ဗျ။ ဘာလဲ ဆိုတော့ အထက်က သတင်းစာ နာမည်တွေထည့်ပြီ မမေး လိုက်တာပဲ..။
အမတ်မင်းဦးတင်မောင်ဦးတို့ရန်ကုန်တိုင်းနဲ့ရွှေပြည်သာမှာဘာတွေလုပ်နေ တယ်ဆိုတာဘက်မလိုက်ပဲရေးလိုက်မယ်ဆိုရင်ဘက်မလိုက်ပဲထည့်ပေးမယ့် ဂျာနယ်ကိုတော့စိတ်မဆိုးပါနဲ့နော်
မီဒီယာလောက ဘယ်ကစပြင်ရမလဲဆိုရင်...
ဂျာနယ်မှာထုတ်ဝေနေတဲ့ စောင်ရေဘယ်လောက်ဆိုတာကို တစ်ချို့ဂျာနယ်တွေဟာ နိုင်ငံတော်အခွန်ရှောင်ချင်တာနဲ့
သူတို့ထုတ်တဲ့စောင်ရေတွေကို လျှော့ပြီးဖော်ပြထားပါတယ်အခုထိတွေ့နေရ တယ်..
နည်းနည်းဖြစ် အစိုးရကိုချည်း လက်ညှိးမထိုးပါနဲ့ ဂျာနယ်တိုက်ပိုင်ရှင်များခင်ဗျာ...
ခင်ဗျားတို့ကိုလည်း စိတ်ကုန်တယ်...
Post a Comment