ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်သော HIV/AIDS ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ |
ပါဝင်ပြီး ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲကို ကိုမင်းကိုနိုင် အပါအဝင် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောက်တွေ ၂၀၀၇မျိုးဆက်ကျောင်းသား ခေါင်းဆောင်
တက်ရောက် လာခဲ့ကြပါတယ်။ ရန်ကုန်မြို့ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဒီပွဲမှာ နာမည်ကြီး အဆိုတော် ၁၀၀ ကျော် နဲ့ နာမည်ကြီး
တီးဝိုင်း ၁၅ ခုက ပါဝင် ကူညီ တီးခတ်ခဲ့ကြပြီး ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲမှာ ရေးစပ်ထားတဲ့ ကျနော့်မေရီ ဆိုတဲ့ သီချင်းကို
ရွေသံစဉ် အဖွဲ့နဲ့ ဘော်ဘီက သီဆိုမယ် ဆိုတာကြောင့် တက်ရောက်လာတဲ့ ပွဲပရိသတ်ကြီးက အလှူငွေ ၃ သိန်းကျော် ပေးလှူ ခဲ့ကြသလို ကိုမြအေး
အကျဉ်းကျစဉ်က ရေးစပ်ထားတဲ့ တေးသီချင်း တစ်ပုဒ်ကိုလည်း ကျပ်ငွေတစ်သိန်းနဲ့ ပရိသတ်ထဲက ဝယ်ယူ သွားပါတယ်။ ဒီရန်ပုံငွေ ရှာပွဲမှာ ရန်ပုံငွေကျပ်
၂၀၉ သိန်း ရရှိတယ်လို့ သိရပါတယ်။
ဘားမားဗီဂျေ
မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ဂီတ ဖျော်ဖြေပွဲကြီး (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
03:17
Rating:
No comments:
Post a Comment