ပုသိမ်နည်းပညာကျောင်းသား၊ကျောင်းသူများ ကြိုဆိုရေးကားပေါ်မှ NLD ပါတီဝင်တစ်ဦးကပုသိမ်နည်းပညာတက္ကသိုလ်ကျေားသား၊ ကျောင်းသူများအားခွပ်ဒေါင်းအလံအားဝှေ့ယမ်း၍နှုတ်ဆက်နေစဉ်။ (ဓါတ်ပုံ-မက်စင်ဂျာဂျာနယ်) ဖေဖေါ်ဝါရီ ၇ ရက်၊ နံနက် ၉နာရီ ၅၀ မိနစ် (YPI ) ဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်မြို့မှ ကြိုဆိုနေသည့်ပရိသတ် အလွန်များပြားလှကြောင်း၊ လမ်းဘေးနှစ်ဘက်နှစ်ချက်တွင် အပြည့်နီးပါး ဖြစ်နေသည်ဟု ပုသိမ်မြို့အထွက် ကိုးဆူတွင် စောင့်ဆိုင်းနေသည့် ပုသိမ်မြို့ခံ ဦးမြင့်ဦးက ပြောသည်။ ယင်းနေရာမှ ပရိသတ်နှင့် အတူ အန်အယ်လ်ဒီ သဘာပတိ အဖွဲ့နာယက ဦးတင်ဦးလည်း လာရောက်စောင့်ဆိုင်းလျှက်ရှိသည်ဟု သိရသည်။ နံနက် ၉နာရီ ၄၀ ၀န်းကျင်ထိ ဒေါ်အောင်ဆန်းစုကြည် ကိုးဆူသို့ ရောက်ရှိမလာသေးကြောင်း၊ ကိုးသိန်းအားကစားကွင်းသို့ ၁၀ နာရီကျော်မှ ရောက်မည်ဟု ၎င်းက ခန့်မှန်းပြောကြားသည်။ YPI
10 comments:
အားလုံးပဲ အဓိက က အမေစု ရဲ့ လုံခြုံရေးကို ဂရုစိုက်ကြပါ။။။
မသမာတဲ့ လူတစုမှာ ဂျိုပါတာ မဟုတ်တော့ မမြင်နိုင်ပါ။။။
Go.Go!!!:)Pathein!
cheerssss...!
ပုသိမ်မပြန်ဖြစ်လို့ သတင်းပဲစောင့်ဖတ်နေရတယ်။ ဖတ်ရင်းနဲ့ရင်တွေခုန်လာပြီး ချက်ချင်းထပြန်၊ ကြိုချင်စိတ်ပေါက်လာတယ်။
ကျောင်းသားတွေ ကြိုတာကို ကြည့်ပြီးတော့ အားရလိုက်တာဗျာ. အရင်တုန်းက ကျောင်းတွေကို လူကြီးတစ်ယောက်ယောက်လာမယ်ဆိုရင် ကြိုရမယ်နော် ဘာညာ ကွိကွနဲ့ မကြိုရင် roll call မပေးဘူးဆိုတာမျိုးတွေ ကြုံခဲ့ရဖူးတယ်.. ကျောင်းသားတချို့က မကြိုချင်လို့တောင် roll call မယူတာမျိုးတွေရှိတယ်ဗျ. အခု အမေစုကိုတော့ စာမေးပွဲတောင် ဖျက်ပြီး လာကြိုတယ်ဆိုတော့ နည်းတဲ့ သတ္တိနဲ့ စိတ်ဓါတ်မဟုတ်ဘူးပဲ.. ချီးကျူးတယ်ဗျို့..ချီးကျူးတယ်.
အသဲကြားက မဲတစ်ပြားဆိုတာ ဒိမျိုးကွ ဖွတ်ကြီးတွေရ...။
ပုသိမ်သားတယောက်အနေနဲ့  အမေစုကိုကြိုဆိုတဲ့အထဲမပါတာကိုဝမ်းနဲမိတယ် ဒါပေမယ့် ပုသိမ်လူထုရဲ့  အမေစုကို ယုံကြည်လေးစားတန်ဖိုးထားကာ ဘယ်သူတွေဘာပဲ ယုတ်ယုတ် ညီညွတ်လှတဲ့ အင်အားကို ဝေးတမြေမှလှမ်းမြင်ရလို့  ဒီဝမ်းနဲမှုဟာ ပီတိမျက်ရည်တွေပါ ။။။။။ ပုသိမ်မြေမှာ ဒေါင်းအလံဝေခဲ့ပြီ အိုးဝေသံတွေတွန်ကျူး ခဲ့လို့ ကြည်နူးနေရပါတယ်
အမေစုကအရမ်းချစ်ဖို.ကောင်းတာဘဲ
ကျက်သရေရှိပြီးခန်.တယ်နော်
အသံလဲနားထောင်လို.ကောင်းတယ်
ကျောင်းသူ ကျောင်းသားတွေဟာ တိုင်းပြည်ရဲ့ အနာဂါတ် မျိုးဆက်တွေ အမျိုးဖျက်တာက ယနေ့ အာဏာရူးနေတဲ့ ဗိုလ်နှာဘူးတွေပါ ။ မတရားတဲ့ စည်းကမ်း မမှန်တဲ့လမ်းစဉ်တွေ တွန်းလှန်ကာ ဖယ်ရှားလို့ အမေစု ဆီကိုချီတက်ခဲ့တဲ့ ညီငယ် ညီမငယ်တွေအတွက် လေးစားဂုဏ်ယူတယ်ဟေ့ ။။
ဒါမှ ဧရာဝတီသားကွ ။။။။။ ဧရာဝတီရဲ့ သတ္တိကို ကမ်ဘာက ယနေ့ မြင်တွေ့ ရပြီ ။။ ဧရာဝတီရဲ့ စိတ်ဓါတ် ဧရာဝတီရဲ့ အင်အား ဧရာဝတီရဲ့ ညီညွတ်မှုကို နတ်လူသာဓုခေါ်စေသောဝ်။။။။
ပုသိမ်သားတယောက်အနေနဲ့  အမေစုကိုကြိုဆိုတဲ့အထဲမပါတာကိုဝမ်းနဲမိတယ် ဒါပေမယ့် ပုသိမ်လူထုရဲ့  အမေစုကို ယုံကြည်လေးစားတန်ဖိုးထားကာ ဘယ်သူတွေဘာပဲ ယုတ်ယုတ် ညီညွတ်လှတဲ့ အင်အားကို ဝေးတမြေမှလှမ်းမြင်ရလို့  ဒီဝမ်းနဲမှုဟာ ပီတိမျက်ရည်တွေပါ ။။။။။ ပုသိမ်မြေမှာ ဒေါင်းအလံဝေခဲ့ပြီ အိုးဝေသံတွေတွန်ကျူး ခဲ့လို့ ကြည်နူးနေရပါတယ်
ပုသိမ်သားတယောက်ဖြစ်ပြီး အမေစုကိုကြိုဆိုကြတဲ့အထဲမှာမပါဝင်ရလို့ ဝမ်းနည်းနေရပါတယ်။။။ ဒါပေမယ့် ဝေးတမြေကနေ ပုသိမ်သူ ပုသိမ်သားတွေရဲ့  ရဲရင့်တဲ့စိတ်ဓါတ်တွေကိုတွေ့ ရလို့ ပျော်မဆုံးမော်မဆုံးပါ။ ဧရာဝတီရဲ့စိတ်ဓါတ် ဧရာဝတီရဲ့ ရဲရင့်မှု ဧရာဝတီရဲ့ စည်းလုံးညီညွတ်မှုကို တကမ်ဘာလုံးကအံ့သြောခဲ့ရပြီ။။ အထူးအားဖြင့် ကျောင်းသား/သူတွေရဲ့ မတရားတာကို အာခံရဲတဲ့သတ္တိဟာ အာဇာနည်တို့ စိတ်ဓါတ်ဖြစ်လို့ နှစ်ထောင်းအားရလှပါပြီ။။။။ မြို့ ရွှေပုသိမ်ကောင်းကင်ယံတခွင် ဒေါင်းအလံလွင် ခွင့်ရခဲ့ပြီ။။။။
Post a Comment