ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကနေ မိုးကောင်းမြို့ သို့ ဦးတည်ထွက်ခွါ ဒေသခံများ လှိုက်လှိုက်လှဲလှဲကြိုဆို

ဖေဖေါ်ဝါရီ ၂၄၊ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ် YPI

ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှ ထွက်ခွာလာပြီး ပမ္မတီးလမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။ အန်အယ်လ်ဒီပါတီဝင်များ အပါအ၀င် ကားအစီးရေ ၃၀ ကျော်ပါရှိသည့် ကားတန်းရှေ့တွင် ဆိုင်ကယ် အစီးရေ ၂၀ ကျော်နှင့် သွားရောက်လျှက်ရှိကြောင်းသိရသည်။

လမ်းဘေးဝဲယာမှ လူထုပရိတ်သတ်က သောင်းသောင်းဖျဖျကြိုဆိုလျှက်ရှိရာမှာ စာသင်ကျောင်းအချို့မှ ကလေးငယ်များလည်း ထွက်ကြိုဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ကချင်လုံချည် ငှက်ခါးရောင် အပေါ်အောက် ၀မ်းဆက်နှင့် ပုသိမ်ထီးဆောင်းလျှက် ပရိသတ်ကို နှုတ်ဆက်လျှက်ရှိသည်ဟု မြစ်ကြီးနားမှ YPI သတင်းထောက်က သတင်းပေးပို့သည်။ 
 ကားတန်းမှာ မြစ်ကြီးနားမြို့ ကနေ မိုးကောင်းမြို့သို့ ဦးတည်လျှက်ရှိရာ လမ်းခရီး နမ္မတီးတွင် ၄၅ မိနစ်ကြာ လူထုအား ဟောပြောမည်ဟု စီစဉ်ထားရှိသည်။
မြစ်ကြီးနားလေဆိပ်ကို လာရောက်ကြိုဆိုသူများကလည်း
“ဒီမိုကရေစီ အောင်ရမည်၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟုကြွေးကြော်ကာ ကြိုဆိုခဲ့ကြသည်။
ကြိုဆိုကြသူများအနက် အန်အယ်လ်ဒီပါတီ ၀င်များ၊ လူထုပရိသတ်၊ ဂျီတီစီနှင့် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၊ တိုင်းရင်းသား မျိုးနွယ်စု တိုင်းရင်းသား ၀တ်စုံများဖြင့် လာရောက်ကြိုဆိုသူများကို တွေ့ရသည်။

ပရိသတ်ထဲတွင် တရုတ်နှင့် ပန်ချာပီခေါင်းပေါင်းဖြင့် လာကြိုသူများလည်း တွေ့ရသည်။
YPI
 
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကနေ မိုးကောင်းမြို့ သို့ ဦးတည်ထွက်ခွါ ဒေသခံများ လှိုက်လှိုက်လှဲလှဲကြိုဆို ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကနေ မိုးကောင်းမြို့ သို့ ဦးတည်ထွက်ခွါ ဒေသခံများ လှိုက်လှိုက်လှဲလှဲကြိုဆို Reviewed by သစ်ထူးလွင် on 12:48 Rating: 5

5 comments:

may said...

ကိုသစ်ထူးရေ
ကျေးဇူးပဲ
ဒီနေ့ အမေသွားမယ့် ခရီးစဉ် ရှိရဲ့သားနဲ့ သတင်းတက်မလာလို့ စိတ်ပူနေတာ
အမေ့ကို မြင်လိုက်ရမှပဲ ရင်ထဲက အလုံးကြီးကျတော့တယ်

min yar zar said...

အမေစုကို သွားလေရာ ချစ်ကြတာချည်းပဲလေ..

yoothar said...

ပြည်သူချစ်သော အမေစုကို ပြည်သူများက အာဏာပိုင်များဘယ်လိုတားတား ရအောင်တွေ့ကြတာ၊ ကြိုဆိုထောက်ခံကြတာဟာ ပြည်သူတွေရဲ့သဘောထားအမှန်ကို တနည်းနည်းနဲ့ ထုတ်ဖော်နေခြင်းသာ ဖြစ်ပါတယ်၊ အားပေးထောက်ခံလျက်ပါ၊ အမေစုခရီးစဉ် ချောချောမောမောနဲ့ အဆင်ပြေပါစေ

ladyjune said...

ဟုတ်ပါတယ်.သစ်ထူးလွင်ရေ.အန်တီစု ခရီးစဉ် ရှိရဲ့သားနဲ့ သတင်းတွေက နေ့လယ်ပိုင်းအထိ တက်မလာလို့ အရမ်းကို စိတ်ပူနေခဲ့တာ.အန်တီမျက်နှာမြင်ရမှပဲ.အလုံးကြီးကျသွားတော့တယ်..
ကျေးဇူးအထူးတင်ပါတယ်..မိုးကောင်းမှ ဓါတ်ပုံတွေ လဲဆက်တင်ပေးပါအုံးနော်.

WTN said...

Very Good.......Cheers
We Kachins fully support DASSK and NLD for her coming to the Kachin land and her political campaign in Kachin areas.
We believe you and NLD will implement and materialize tha PINLONG treaty what your father Bogyoke Aung San did together with our etnic Kachin leaders at Pinlong, Shan State.
Keep going till achievement of genuine federal Union of Burma/Myanmar.
Thank you very much

Powered by Blogger.