တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မျက်များ တင်ပို့ရောင်းချရာတွင် ယခင်က တရုတ်နိုင်ငံဘက်မှ အခွန်ကင်း လွတ်ခွင့်ပြုထားခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံမှ ၎င်း အခွန်ကင်းလွတ်ခွင့်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီး အခွန်နှုန်းထားအား ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည့် အတွက် မြန်မာ့သတ္တုကဏ္ဍတွင် ယခင်ထက် ကန်ဒေါ်လာ သန်း ရာကျော် အရောင်းကျဆင်းသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် သတ္တုတွင်းကဏ္ဍ၌ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၀၂ ဘီလီယံ ရှိခဲ့ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မကုန်မီကာလအတွင်းတွင် ယခင် ဘဏ္ဍာရေးနှစ်ထက် ပိုမိုလျော့ကျသွားခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့သတ္တုတွင်း ကဏ္ဍကဲ့သို့ သစ်တောထွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှု များမှာလည်း ဒေါ်လာသန်းချီကာ ရှုံးနိမ့်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍ အားကောင်းခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၅ ဒဿမ ၂ ဘီလီယံရှိခဲ့ပြီး ယခုနှစ် ဘဏ္ဍာနှစ်တွင်မူ သွင်းကုန်ကဏ္ဍသာ အားကောင်းလျက်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု မှာ ၁၅ ဒဿမ ၁ ဘီလီယံသာရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။
Ref:Popular News
တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ Reviewed by သစ်ထူးလွင် on 05:07 Rating: 5

6 comments:

san san said...

တရုတ်တော့ သူ့ဇာတိရုပ် ကိုဖေါ်နေပြီး။တရုတ် ဘယ်လောက်ယုတ်မာသလဲဆိုတာ မသိဘူးလား။တတ်နိုင်ရင် တရုတ်တွေနဲ့ကင်းကင်းနေကြပါ။ တရုတ်က အမြတ်မရှိရင် ခြင်တောင် မရိုက်ဘူး။ဒေါ်အောင်ဆန်းစုကြည် ကတောင် တရုတ်ကိုပြောနေပြီး ။တရုတ်နဲ့ကင်းကင်းနေကြပါ။

minlu said...

တရုတ်ဆိုတဲ့အမျိုးက ကိုယ့်အကျိုးစီးပွားအတွက်ပဲ ကြည့်တတ်တာလေ၊ သူ့ အတွက်အကျိုးမရှိရင် ဘာမှမလုပ်ဘူး၊ ဒါကို တို့မြန်မာတွေသိထားရမယ်လေ။.

Anonymous said...

ပြည်တွင်းတရုပ်တွေအကုန်မောင်းထုပ်ပြစ်ကွာ.

tharzaw said...

ကဲ ... ဦးဇော်မင်း တို့ တွေ့လား? ကိုယ့်ကောင်းကျိုးကိုပဲ
ကြည့်တဲ့တရုတ်။
အေးလေ ... အချင်းချင်းတွေပဲဟာကို။

Anonymous said...

ဒီတရုတ်တွေကတော့..တော်တော် ရုတ်တဲ့ကောင်တွေပဲ...
လိုတစ်မျိုး မလိုတစ်မျိုးပဲ...နောက်ဆုံးတော့ ဒင်းတို့လည်း အနောက်အုပ်စုနဲ့ တူတူပါပဲလေ.. နိုင်ငံသားတွေ စည်းလုံးကြဖို့တော့ အချိန်တန်ပြီထင်တယ်နော့

မျိုးမင်းမိုး said...

အဲလိုတော့ မလုပ်ကြပါနဲ့။ကျွန်တော်က ကင်းလို့ မရဘူးဗျ။ကျွန်တော် ကမြန်မာတရုတ်မယူထားတော့ ကင်းလို့မရဘူးဗျ။ဘယ်လိုလုပ်ရမလည်း။ကင်းကင်းနေဆိုတော့

Powered by Blogger.