ကဒါဖီ၏သွေးစွန်းအင်္ကျီနှင့် လက်ထပ်လက်စွပ်အား ဒေါ်လာနှစ်သန်းလေလံ ဈေးခေါ်ယူထား


လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီးကဒါဖီ၏ ယခင်နှစ်အောက်တိုဘာလအတွင်း သူပုန်များလုပ်ကြံခံခဲ့ရစဉ်အတွင်း ၀တ်ဆင်ခဲ့သောသွေးစွန်းနေသောအင်္ကျီနှင့် လက်တွင်ဝတ်ဆင်ခဲ့သော ငွေသားလက်ထပ်လက်စွပ်အား အမေရိကန်ဒေါ်လာနှစ်သန်းနှင့် ရောင်းချရန် လေလံဈေးခေါ်ယူထားသည်။ ၄င်းလက်စွပ်အား( Arabs ) အသိပေး ၀က်ဘ်ဆိုက်တွင်ဖော်ပြထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၀ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဇနီးသည်ဖြစ်သူ ဆာဖီယာနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
ကြမ်းခင်းလေလံဈေးကို လစ်ဗျားအမျိုးသားကောင်စီမှ အာမက်ဝါဇာလီ( Ahmed Warfali )က တောင်းဆိုထားခြင်းဖြစ်ပြီး၊ ၄င်းအနေနှင့် ဥရောပဘက်မှ ဈေးနှုန်းပိုမိုမြင့်မားစွာရှိလာနိုင်ကြောင်း မျှော်လင့်လျက်ရှိသည်။ ကဒါဖီသည် ၄င်း၏ဇာတိမြို့ဖြစ်သော ဆာတီ( Sirte ) ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး မသေဆုံးမှီရိုက်နှက်ပစ်သတ်ခြင်းခံခဲ့ရသည်။ ကဒါဖီကွယ်လွန်ရခြင်းနှင့်ပတ်သက်၍ လစ်ဗျားအသွင်ကူးပြောင်းရေးကောင်စီဘက်မှ သူပုန်များက တရားလက်လွတ်ပြုမူကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းအနောက်နိုင်ငံများမှ ဝေဖန်ပြစ်တင်မှု ပြုခဲ့သည်။
the ladies news journal 
ကဒါဖီ၏သွေးစွန်းအင်္ကျီနှင့် လက်ထပ်လက်စွပ်အား ဒေါ်လာနှစ်သန်းလေလံ ဈေးခေါ်ယူထား ကဒါဖီ၏သွေးစွန်းအင်္ကျီနှင့် လက်ထပ်လက်စွပ်အား ဒေါ်လာနှစ်သန်းလေလံ ဈေးခေါ်ယူထား Reviewed by သစ်ထူးလွင် on 01:33 Rating: 5

5 comments:

Anonymous said...

တို့တိုင်းပြည်မှာလဲသန်းရွှေလက်စွပ်ကိုလေလံတင်ရမယ်.
ဈေးကတော့.လုံးဝမလျှော့ဘူး.ချီးပုန်းတစ်ပုံးဆိုရပီ.
သန်းရွှေအိမ်အရောက်ပို့ပေးရမယ်.

Bravo said...

ဇေကမ္ဘာခင်ရွှေရေ..အမြင့်ဆုံးဈေးပေးပြီးဝယ်ဝတ်ပါ

Anonymous said...

ဒီလို တန်ဖိုးကြီး အင်္ကျီမျိုးမှ တို့ဗိုလ်___မှုးကြီးက ၀တ်ချင်ပုံရတယ်...

Anonymous said...

အရူးတွေ...

ဘုတလင်သားလေး said...

ဦးသန်းရွှေ ကိုလဲ ကဒါဖီလို တံစို့ထိုးပြီးကင်ချင်တယ်ဗျာ

Powered by Blogger.