လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီးကဒါဖီ၏ ယခင်နှစ်အောက်တိုဘာလအတွင်း
သူပုန်များလုပ်ကြံခံခဲ့ရစဉ်အတွင်း ၀တ်ဆင်ခဲ့သောသွေးစွန်းနေသောအင်္ကျီနှင့်
လက်တွင်ဝတ်ဆင်ခဲ့သော ငွေသားလက်ထပ်လက်စွပ်အား အမေရိကန်ဒေါ်လာနှစ်သန်းနှင့်
ရောင်းချရန် လေလံဈေးခေါ်ယူထားသည်။ ၄င်းလက်စွပ်အား( Arabs ) အသိပေး
ဝက်ဘ်ဆိုက်တွင်ဖော်ပြထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၀ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က
ဇနီးသည်ဖြစ်သူ ဆာဖီယာနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
ကြမ်းခင်းလေလံဈေးကို
လစ်ဗျားအမျိုးသားကောင်စီမှ အာမက်ဝါဇာလီ( Ahmed Warfali )က
တောင်းဆိုထားခြင်းဖြစ်ပြီး၊ ၄င်းအနေနှင့် ဥရောပဘက်မှ
ဈေးနှုန်းပိုမိုမြင့်မားစွာရှိလာနိုင်ကြောင်း မျှော်လင့်လျက်ရှိသည်။ ကဒါဖီသည်
၎င်း၏ဇာတိမြို့ဖြစ်သော ဆာတီ( Sirte ) ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး
မသေဆုံးမှီရိုက်နှက်ပစ်သတ်ခြင်းခံခဲ့ရသည်။ ကဒါဖီကွယ်လွန်ရခြင်းနှင့်ပတ်သက်၍
လစ်ဗျားအသွင်ကူးပြောင်းရေးကောင်စီဘက်မှ သူပုန်များက
တရားလက်လွတ်ပြုမူကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းအနောက်နိုင်ငံများမှ ဝေဖန်ပြစ်တင်မှု
ပြုခဲ့သည်။
the ladies news journal
ကဒါဖီ၏သွေးစွန်းအင်္ကျီနှင့် လက်ထပ်လက်စွပ်အား ဒေါ်လာနှစ်သန်းလေလံ ဈေးခေါ်ယူထား
Reviewed by သစ်ထူးလွင်
on
01:33
Rating:
5 comments:
တို့တိုင်းပြည်မှာလဲသန်းရွှေလက်စွပ်ကိုလေလံတင်ရမယ်.
ဈေးကတော့.လုံးဝမလျှော့ဘူး.ချီးပုန်းတစ်ပုံးဆိုရပီ.
သန်းရွှေအိမ်အရောက်ပို့ပေးရမယ်.
ဇေကမ္ဘာခင်ရွှေရေ..အမြင့်ဆုံးဈေးပေးပြီးဝယ်ဝတ်ပါ
ဒီလို တန်ဖိုးကြီး အင်္ကျီမျိုးမှ တို့ဗိုလ်___မှုးကြီးက ၀တ်ချင်ပုံရတယ်...
အရူးတွေ...
ဦးသန်းရွှေ ကိုလဲ ကဒါဖီလို တံစို့ထိုးပြီးကင်ချင်တယ်ဗျာ
Post a Comment